အလယ်တန်းအောင်မြင်ထားသူများအနေဖြင့် အနုပညာအပြင် အထက်တန်းကိုပါ ဆက်လက် တက်ရောက်လိုပါက အနုပညာအထက်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး) တို့တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုသင်တန်းတို့ကို စတင် လျှောက်ထားနိုင်ပါပြီ။
အဆိုပါ အနုပညာအထက်တန်းကျောင်းများတွင် အနုပညာဘာသာရပ်များသာ သီးသန့်သင်ကြားနိုင်သလို စာပေ (အခြေခံပညာအထက်တန်းအဆင့်) နှင့်လည်း တွဲဖက်သင်ကြားနိုင်သည်။ (၃) နှစ်သင်တန်းဖြစ်ပြီး ပညာသင်နေစဉ်ကာလတွင် သင်တန်းသားတစ်ဦးကို တစ်လလျှင် (၃) သောင်းကျပ် ထောက်ပံ့ကြေး ရရှိပါမည်။
အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -
သင်ကြားရမည့်ဘာသာရပ်များ
(၃) နှစ်သင်တန်း ပြီးဆုံးပါက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီး အနုပညာအထက်တန်းကျောင်း သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်ပါမည်။
သင်တန်းလျှောက်ထားခြင်း
သတ်မှတ်လျှောက်လွှာပုံစံများကို မိမိနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများ၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ တိုင်း/ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာရုံများ၊ ရန်ကုန်နှင့် မန္တလေးရှိ အနုပညာအထက်တန်းကျောင်းများတွင် တောင်းယူပြီး ၂၀၂၆ ခုနှစ် မေလနောက်ဆုံးအပတ်ထိ လျှောက်ထားနိုင်သည်။
လိုအပ်သည့် စာရွက်စာတမ်းများ
ဆက်သွယ်စုံစမ်းရန်
အနုပညာဦးစီးဌာန၏ ဖုန်းအမှတ် - ၀၆၇-၃-၄၀၈၀၃၇၊ ၀၆၇-၃-၄၀၈၄၄၃၊ ၀၁-၉-၅၅၅၆၄၂၊ ၀၂-၄၀-၆၁၁၆၉
အနုပညာအထက်တန်းကျောင်း(ရန်ကုန်) - အမှတ်(၁၃၁)၊ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၅၆၄၂
အနုပညာအထက်တန်းကျောင်း(မန္တလေး) - ၂၀-၂၂လမ်းကြား၊ ၆၆လမ်း၊ နန်းရှေ့၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀
==========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။