British Council မှ စာရွက်ဖြင့် ဖြေဆိုရသော IELTS စာမေးပွဲအား ရပ်ဆိုင်း

British Council သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင် စာရွက်ဖြင့် ဖြေဆိုရသော IELTS စာမေးပွဲအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇွန်လ (၃၀) ရက်နေ့မှစ၍ IELTS Academics (သို့) General Trainig စာမေးပွဲအား ဖြေဆိုမည့်သူများသည် ကွန်ပျူတာဖြင့်သာ ဖြေဆိုနိုင်တော့မည်ဖြစ်သည်။

IELTS ကို ကွန်ပျူတာဖြင့် ဖြေဆိုရသည့်အခါ ရမှတ်များကို ဖြေဆိုပြီး တစ်ရက် နှစ်ရက်အတွင်း ရရှိပြီး ဖြေဆိုမည့်သူများအနေဖြင့်လည်း အပတ်တိုင်း စာမေးပွဲရက်များ စိတ်ကြိုက်ရွေးချယ် ဖြေဆိုနိုင်သည့်အတွက် ပိုမို လွယ်ကူမှုရှိစေသည်။

ထို့အပြင် မိမိအားနည်းသည့် စွမ်းရည်တစ်မျိုးတည်းကိုသာ ပြန်လည် ဖြေဆိုခွင့်လည်း ရရှိမှာဖြစ်သည့်အတွက် စာရွက်ဖြင့် ဖြေဆိုရသည်ထက် ကွန်ပျူတာဖြင့် ဖြေဆိုရသည်က ပိုမို အကျိုးရှိစေသည်။

British Council နှင့် IDP IELTS သည် မြန်မာနိုင်ငံတင် မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း စာရွက်ဖြင့် ဖြေဆိုရသည့် IELTS စာမေးပွဲအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ 

ပိုမိုမြန်ဆန်သောရလဒ်များနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးကို ပေးဆောင်နိုင်ရန်အတွက် နောက်ပိုင်းတွင် ကွန်ပျူတာဖြင့် ဖြေဆိုရသည့် ဒစ်ဂျစ်တယ်စာမေးပွဲပုံစံကိုသာ လုံး၀ ကူးပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 1903 times