Sales Hotline : 09448001653       Download App



နဝမတန်းပြင်ပဖြေစာမေးပွဲရက် အပြောင်းအလဲမရှိ

** Unicode **

အဌမတန်း အောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများနှင့် နဝမတန်းကျထားသူများအတွက် ကျင်းပမည့် နဝမတန်းပြင်ပဖြေစာမေးပွဲကို မူလသတ်မှတ်ထားသည့်ရက်တွင်သာ ကျင်းပမည်ဟု မြို့နယ်ပညာရေးမှူးများက ပြောပါတယ်။

နဝမတန်းပြင်ပဖြေစာမေးပွဲကို မေလ (၂) ရက်မှ (၁၀) ရက်အတွင်းကျင်းပမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီဇင်ဘာ (၂၇) ရက်တွင်ကြေညာထားပါတယ်။

COVID-19 ကြောင့် ပညာရေးဝန်ကြီးဌာနက ကျင်းပမည့်သင်တန်း၊ ဆွေးနွေးပွဲများ ရွှေ့ဆိုင်းခြင်း၊ ကျောင်းများ၊ တက္ကသိုလ်များပိတ်ထားခြင်းတို့ပြုလုပ်သော်လည်း နဝမတန်းပြင်ပဖြေစာမေးပွဲကို မူလသတ်မှတ်သည့်ရက်တွင်သာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးများက ပြောပါတယ်။

အခြေခံပညာ နဝမတန်း (ပြင်ပဖြေ) စာမေးပွဲကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်က စတင်ကာ နှစ်စဉ်မေလအတွင်း ကျင်းပခဲ့ပါတယ်။

ကျောင်းထွက်နှုန်း လျော့နည်းပြီး ကျောင်းနေနှုန်းမြင့်မားလာစေရန် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းကြောင့် ကျောင်းပြင်ပ ရောက်နေပါက ကျောင်းပြန်တက်နိုင်မည့် အခွင့်အရေးအဖြစ် နဝမတန်းပြင်ပဖြေဆိုခွင့်ပြုသည့် အစီအစဉ်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ခွင့်ပြုခြင်းဖြစ်ပါတယ်။

ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့) တပ်မတော်တွင် အမှုထမ်းနေရသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပသို့ ရောက်နေသည့် ကျောင်းသားများသည် နောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်း၏ ကျောင်းထွက်လက်မှတ်မူရင်းနှင့် မိတ္ထူသုံးစောင်၊ လိုင်စင်ဓာတ်ပုံနှစ်ပုံဖြင့် စာမေးပွဲဖြေဆိုခွင့်ကို မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားရမည်ဖြစ်ပါတယ်။

နဝမတန်းပြင်ပဖြေမည့်သူများသည် အဌမတန်းအောင်မြင်ထားရမည်ဖြစ်ပြီး ဖြေဆိုလိုသည့် ဒေသရှိမြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်စာရင်းပေးရမည်ဖြစ်ပါတယ်။

Fashion Design (149) ဖက်ရှင်ဒီဇိုင်းလုပ်ငန်းသင်တန်းများနှင့် ပတ်သက်ပြီး (၁၄၉) ခုရှာရန်နှိပ်ပါ။

၎င်းစာမေးပွဲအတွက် မေးခွန်းထုတ်ခြင်း၊ အဖြေလွှာစစ်ဆေးခြင်းတို့ကို ခရိုင်ပညာရေးမှူးရုံးများက ဆောင်ရွက်ရန်နှင့် စာမေးပွဲဖြေဆိုမည့်သူစာရင်း ကောက်ခြင်း၊ စာမေးပွဲကျင်းပခြင်းတို့ကို မြို့နယ်ပညာရေးမှူးရုံးက ဆောင်ရွက်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားပါတယ်။

Read More:>>>> "နွေရာသီရက်တိုသင်တန်းများအပါအဝင် သင်တန်းအားလုံးပိတ်ထားမည်ဖြစ်ကြောင်း"

နဝမတန်းပြင်ပဖြေစာမေးပွဲအောင်မြင်ပါက အခြေခံပညာကျောင်းများတွင် ပြန်လည်တက်ရောက်နိုင်ပါတယ်။

Credit: 7Day News

 

** Zawgyi **

အဌမတန္း ေအာင္ျမင္ၿပီး ေက်ာင္းဆက္မတက္ႏိုင္သူမ်ားႏွင့္ နဝမတန္းက်ထားသူမ်ားအတြက္ က်င္းပမည့္ နဝမတန္းျပင္ပေျဖစာေမးပြဲကို မူလသတ္မွတ္ထားသည့္ရက္တြင္သာ က်င္းပမည္ဟု ၿမိဳ႕နယ္ပညာေရးမွဴးမ်ားက ေျပာပါတယ္။

နဝမတန္းျပင္ပေျဖစာေမးပြဲကို ေမလ (၂) ရက္မွ (၁၀) ရက္အတြင္းက်င္းပမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ဒီဇင္ဘာ (၂၇) ရက္တြင္ေၾကညာထားပါတယ္။

COVID-19 ေၾကာင့္ ပညာေရးဝန္ႀကီးဌာနက က်င္းပမည့္သင္တန္း၊ ေဆြးေႏြးပြဲမ်ား ေရႊ႕ဆိုင္းျခင္း၊ ေက်ာင္းမ်ား၊ တကၠသုိလ္မ်ားပိတ္ထားျခင္းတို႔ျပဳလုပ္ေသာ္လည္း နဝမတန္းျပင္ပေျဖစာေမးပြဲကို မူလသတ္မွတ္သည့္ရက္တြင္သာ က်င္းပမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးမ်ားက ေျပာပါတယ္။

အေျခခံပညာ နဝမတန္း (ျပင္ပေျဖ) စာေမးပြဲကို ၁၉၉၉-၂၀၀၀ ပညာသင္ႏွစ္က စတင္ကာ ႏွစ္စဥ္ေမလအတြင္း က်င္းပခဲ့ပါတယ္။

ေက်ာင္းထြက္ႏႈန္း ေလ်ာ့နည္းၿပီး ေက်ာင္းေနႏႈန္းျမင့္မားလာေစရန္ ပညာေရးဝန္ႀကီးဌာနက ေဆာင္ရြက္ေနျခင္းေၾကာင့္ ေက်ာင္းျပင္ပ ေရာက္ေနပါက ေက်ာင္းျပန္တက္ႏိုင္မည့္ အခြင့္အေရးအျဖစ္ နဝမတန္းျပင္ပေျဖဆိုခြင့္ျပဳသည့္ အစီအစဥ္ကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ခြင့္ျပဳျခင္းျဖစ္ပါတယ္။

ေက်ာင္းထြက္ၿပီး အစိုးရလုပ္ငန္းမ်ားႏွင့္ ျပင္ပလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ေနသူမ်ား၊ ရဲတပ္ဖြဲ႔ (သို႔) တပ္မေတာ္တြင္ အမႈထမ္းေနရသူမ်ား၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေက်ာင္းျပင္ပသို႔ ေရာက္ေနသည့္ ေက်ာင္းသားမ်ားသည္ ေနာက္ဆံုးတက္ေရာက္ခဲ့သည့္ ေက်ာင္း၏ ေက်ာင္းထြက္လက္မွတ္မူရင္းႏွင့္ မိတၳဴသံုးေစာင္၊ လုိင္စင္ဓာတ္ပံုႏွစ္ပံုျဖင့္ စာေမးပြဲေျဖဆိုခြင့္ကို ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားတြင္ ေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

နဝမတန္းျပင္ပေျဖမည့္သူမ်ားသည္ အဌမတန္းေအာင္ျမင္ထားရမည္ျဖစ္ၿပီး ေျဖဆိုလိုသည့္ ေဒသရွိၿမိဳ႕နယ္ပညာေရးမွဴးရုံးသို႔ ဆက္သြယ္စာရင္းေပးရမည္ျဖစ္ပါတယ္။

Fashion Design (149) ဖက္ရွင္ဒီဇုိင္းလုပ္ငန္းသင္တန္းမ်ားႏွင့္ ပတ္သက္ျပီး (၁၄၉) ခုရွာရန္ႏွိပ္ပါ။

၄င္းစာေမးပြဲအတြက္ ေမးခြန္းထုတ္ျခင္း၊ အေျဖလႊာစစ္ေဆးျခင္းတို႔ကို ခရိုင္ပညာေရးမွဴးရံုးမ်ားက ေဆာင္ရြက္ရန္ႏွင့္ စာေမးပြဲေျဖဆိုမည့္သူစာရင္း ေကာက္ျခင္း၊ စာေမးပြဲက်င္းပျခင္းတို႔ကုိ ၿမိဳ႕နယ္ပညာေရးမွဴးရံုးက ေဆာင္ရြက္ရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ညႊန္ၾကားထားပါတယ္။

Read More:>>>> "ေႏြရာသီရက္တိုသင္တန္းမ်ားအပါအဝင္ သင္တန္းအားလံုးပိတ္ထားမည္ျဖစ္ေၾကာင္း"

နဝမတန္းျပင္ပေျဖစာေမးပြဲေအာင္ျမင္ပါက အေျခခံပညာေက်ာင္းမ်ားတြင္ ျပန္လည္တက္ေရာက္ႏိုင္ပါတယ္။

Credit: 7Day News

News Tips Latest Post Read 8515 times