တက္ကသိုလ်နေ့သင်တန်းများ စက်တင်ဘာ (၁၉) ရက်နေ့ ကျောင်းအပ်နိုင်ပြီ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပိုလီတက္ကနစ်တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းအားလုံးကို ဒီဇင်ဘာ (၁) ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် နိုဝင်ဘာ (၁၉) ရက်မှစတင်၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်များ၏ သင်တန်းများအားလုံးကိုလည်း ဒီဇင်ဘာ (၁) ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် နိုဝင်ဘာ (၁၉) ရက်မှစတင်၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကိုလည်း ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ (၁၉) ရက်မှစတင်၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ကြေညာထားသည်။ 

Latest Post Local News Read 105 times