Sales Hotline : 09448001653       Download App



နွေရာသီရက်တိုသင်တန်းများအပါအဝင် သင်တန်းအားလုံးပိတ်ထားမည်ဖြစ်ကြောင်း

** Unicode **

British Council ၏ ဝန်ဆောင်မှုများအား ယာယီရပ်များထားမည်ဖြစ်ကာ နွေရာသီ ရက်တိုသင်တန်းများ အပါအဝင် သင်တန်းများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း British Council ကထုတ်ပြန်ကြေထားပါတယ်။

British Council ၏ဝန်ဆောင်မှုများအား မတ်လ (၁၉) ရက်မှစတင်ရပ်နားထားခဲ့ကြောင်း သိရပါတယ်။

British Council မှထုတ်ပြန်ကြေညာချက်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 အဆုတ်ရောဂါ ကူးစက်ပျံ့ပွားမှုအား ကြိုတင်တားဆီးရန်နှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ (၁၉) ရက်မှ စတင်၍ British Council အားယာယီပိတ်ထားပြီ ဖြစ်ကြောင်း၊ နွေရာသီရက်တိုသင်တန်းများအပါအဝင်သင်တန်းများ အားလုံးကိုလည်း ယာယီပိတ်ထား မည်ဖြစ်ကြောင်း British Council ၏ဝန်ဆောင်မှုများအား ပြန်လည်စတင်မည့်နေ့ရက်အား အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Online အခမဲ့အင်္ဂလိပ်စာသင်တန်းများကိုမူ (၂၄) နာရီအချိန်မရွေးဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကာ စာကြည့်တိုက်ဝန်ဆောင်မှုများကိုလည်း ဧပြီ (၃၀) ရက်အထိယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Digital Library အသင်းဝင်များအနေဖြင့်မူ (၂၄) နာရီအချိန်မရွေးအွန်လိုင်းမှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

ယူကေစာမေးပွဲများနှင့်ပတ်သက်၍လည်း ယူကေစာပေးပွဲဘုတ်အဖွဲ့များမှ မြန်မာနိုင်ငံရှိစာမေးဖြေဆိုရန် ပြင်ဆင်ထားသူများအားရွှေ့ဆိုင်းထားပြီးဖြစ်ကာ စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားသူများအတွက် နောက်ဆုံးသတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါတယ်။

IELTS နှင့် Cd IELTS ဖြေဆိုမည့်သူများအနေဖြင့် Statement of Entry နှင့် ID တို့အားပြသကာ British Council အဆောက်အအုံအတွင်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

Chef Training (13) စာဖိုမှုးသင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ဧည့်သည်များအားလုံးကို ဂိတ်ဝတွင် အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးမည်ဖြစ်ပြီး အပူချိန် ၃၇ ဒသမ ၅ စီဂရီစင်တီဂရိတ်နှင့် အထက်ရှိပါက ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။

Read More:>>>> "COVID-19 ကြောင့် အဖြေလွှာစစ်ဆေးခြင်းကို ရွှေ့ဆိုင်းပေးရန်တောင်းဆို"

British Council တွင်နွေရာသီ အင်္ဂလိပ်စာသင်တန်းများအား ဖွင့်လှစ်နေခြင်းဖြစ်ကာ စာကြည့်တိုက်အသင်းဝင်ထားသူများအတွက် ဝန်ဆောင်မှု၊ ယူကေစာမေးပွဲများဖြေဆိုသူများအတွ် ဝန်ဆောင်မှုများအားလုံးကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

Credit: DailyELEVEN


** Zawgyi **












Credit: DailyELEVEN

Latest Post News International/Private Tips Read 1206 times