အခမဲ့ ဖွင့်လှစ်မယ့် ပညာရေးဆိုင်ရာ အွန်လိုင်းသင်တန်း (၃) ခု

ကလေးငယ်တွေရဲ့ သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေးနည်းလမ်းတွေကို ပိုမိုသိရှိလိုပါသလား။ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအကြောင်းနဲ့ ကလေးတိုင်း ပါဝင်သင်ယူနိုင်မယ့် ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးနည်းတွေကိုရော စိတ်ဝင်စားပါသလား။

ဒါဆိုရင်တော့ Smart Kids College ကနေ ဒီဇင်ဘာလအတွင်း အခမဲ့ ဖွင့်လှစ်ပေးသွားမယ့် ပညာရေးဆိုင်ရာ Online Training Program (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) Preschool Lesson Plan 

မူကြိုကျောင်းတည်ထောင်ထားသူတွေ၊ မူကြိုကျောင်းဖွင့်လှစ်လိုသူတွေနဲ့ မူကြိုဆရာ၊ ဆရာမတွေအတွက် အသုံးဝင်မယ့် Preschool Lesson Plan သင်တန်းကို ဒီဇင်ဘာလ (၂) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ (တနင်္လာနေ့မှ သောကြာနေ့အထိ) စုစုပေါင်း (၈) ရက်ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်မယ့် သင်ခန်းစာအစီအစဉ်တွေ ဘယ်လိုရေးဆွဲပြင်ဆင်ရမလဲဆိုတာကို ညပိုင်းအားလပ်ချိန်မှာ YouTube Video တွေကတစ်ဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Registration Link: https://docs.google.com/forms

(၂) Brain Development Series

ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ အပြုအမူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သင်ယူမှုကြားက ဆက်စပ်မှုတွေကို ပိုမိုနားလည်လိုသူတွေအတွက် အသုံးဝင်မယ့် သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းကို ဒီဇင်ဘာလ (၁၄) ရက်နေ့ကနေ (၂၅) ရက်နေ့အထိ (တနင်္လာနေ့မှ သောကြာနေ့အထိ) စုစုပေါင်း (၁၀) ရက် တက်ရောက်ရမှာဖြစ်ပြီး ညပိုင်းအားလပ်ချိန်မှာ YouTube Video တွေကတစ်ဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Registration Link: https://docs.google.com/forms

(၃) Inclusive Education Workshop

ကလေးတိုင်းဟာ သင်ယူနိုင်စွမ်းနဲ့ လိုအပ်ချက်တွေ မတူညီကြပါဘူး။ ဒီလိုကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားပြီး ကလေးတိုင်း ပါဝင်သင်ယူနိုင်မယ့် စာသင်ခန်းပတ်ဝန်းကျင်တစ်ခုကို ဘယ်လိုဖန်တီးမလဲဆိုတာ စိတ်ဝင်စားသူတွေအတွက် သင့်လျော်တဲ့ သင်တန်းလေးဖြစ်ပါတယ်။

ဒီအတန်းကို ဒီဇင်ဘာလ (၂၈) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ (တနင်္လာနေ့မှ ကြာသပတေးနေ့အထိ) (၄) ရက်ကြာ တက်ရောက်ရမှာဖြစ်ပြီး ညပိုင်းအားလပ်ချိန်မှာ YouTube Video တွေကတစ်ဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Registration Link: https://docs.google.com/forms

သင်တန်း (၃) ခုလုံးကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ သင်တန်းအလိုက် သတ်မှတ်ထားတဲ့ သင်တန်းရက်တွေကို မပျက်မကွက် တက်ရောက်ကာ Quiz တွေကိုလည်း ဖြေဆိုနိုင်မယ်ဆိုရင် E-certificate ရရှိနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ သက်ဆိုင်ရာ Registration Link တွေကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

==================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Kindergarten Latest Post Pre-school Primary Read 38 times