Sales Hotline : 09448001653       Download App



"အလယ်တန်းနှင့် အထက်တန်းဆင့်တွင် စာသင်ချိန် (၈) ချိန်တိုးမြှင့်"

"အလယ်တန်းနှင့် အထက်တန်းဆင့်တွင် စာသင်ချိန် (၈) ချိန်တိုးမြှင့်"

တစ်နိုင်ငံလုံး အတိုင်းအတာအရ ယခုပညာသင်နှစ်တွင် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်တွင် ပုံမှန်စာသင်ချိန် () ချိန်မှ တစ်ချိန်ထပ်တိုးထားကာ စာသင်ချိန် () ချိန်အထိသတ်မှတ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ထပ်တိုးစာသင်ချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ၊ အနုပညာ (ဂီတ၊ ပန်းချီ)၊ ကျောင်းတွင်းလုပ်ငန်း၊ မူးယစ်ဆေးတားဆီးကာကွယ်ရေး၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ ကျောင်းအလိုက် ညှိနှိုင်းသင်ကြားနိုင်မည်ဖြစ်ပါသည်။

 

အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် (သင်ရိုးဟောင်းအတန်းများ) သည် စာသင်ချိန် (၄၅) မိနစ်နှုန်းဖြင့် တစ်နေ့ စာသင်ချိန် () ချိန်ရှိပါသည်။

 

သို့သော် ယခုနှစ်သင်ရိုးသစ်ပြောင်းသည့် Grade-6 နှင့် စာသင်ချိန်တူညီစေရန် သင်ရိုးဟောင်း အလယ်တန်းဆင့် ဖြစ်သည့် ဆဌမတန်း၊ သတ္တမတန်း၊ အဌမတန်းနှင့် သင်ရိုးဟောင်း အထက်တန်းဆင့်ဖြစ်သည့် နဝမတန်းနှင့် ဒသမတန်း တို့ကိုလည်း ယင်းသို့စာသင်ချိန်တစ်ချိန် တိုးခြင်းဖြစ်ကြောင်း ဦးကိုလေးဝင်းကရှင်းပြပါသည်။

 

စာသင်ချိန်တိုးမြှင့်ခြင်းသည် ရန်ကုန်မြို့မှ နေ့တစ်ဝက် အစိုးရကျောင်းများတွင် သာမက ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများလည်း အကျုံးဝင်မည်ဖြစ်ပါသည်။

 

တိုးမြှင့်စာသင်ချိန်အတွက် အချိန်စာရင်းကို တိုင်း၊ ပြည်နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များမှ တစ်ဆင့်ညှိနှိုင်းသင်ကြားနိုင်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရှိရပါသည်။

 

Read More: ဘာသာရပ် (၁၆) ခုကို ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် အွန်လိုင်းဖြင့်ပို့ချမည်

 

စာသင်ချိန်တစ်ချိန်တိုးကြောင်း အခြေခံပညာ၏ ညွှန်ကြားချက်ရရှိကြောင်း ကျောင်းအုပ်က အသိပေးထားပြီးဖြစ်၍ လက်ရှိတွင် မူလစာသင်ချိန်ဇယားကို ပယ်ဖျက်ကာ အချိန်ဇယားအသစ်ထပ်မံညှိနှိုင်း ရေးဆွဲနေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းမှ အထက်တန်းပြ ဆရာတစ်ဦးက ပြောကြားပါသည်။

 

ကျောင်းသားများကို စာချည်းသတ်သတ် သင်ကြားနေခြင်းထက် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကာယပညာ၊ အနုပညာ (ဂီတ၊ ပန်းချီ) ဘာသာရပ်များ အမှန်တကယ်သင်ကြားပါက ပိုမိုကောင်းမွန်သကဲ့သို့ ကျောင်းသားမိဘတစ်ဦးအနေနှင့် ယခုအစီအစဉ်ကို လက်ခံကြောင်း ရန်ကုန်မြို့ အထက () ဒဂုံမှ မိဘတစ်ဦးက ပြောကြားပါသည်။

 

Source: The Voice

 

 

News Read 2666 times