Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာတက္ကသိုလ်နောက်ဆုံးနှစ် ပုံမှန်သင်တန်းများ ဖေဖော်ဝါရီတွင် ပြန်ဖွင့်မည်

ဆေးတက္ကသိုလ်နောက်ဆုံးနှစ် နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ပုံမှန် သင်တန်းများကို ဖေဖော်ဝါရီလ တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေငြာသည်။

COVID-19 ရောဂါကြောင့် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဖွင့်လှစ်နေသော ဘွဲ့ကြိုသင်တန်းများအားလုံးကို ၂၀၂၀ ပြည့် နှစ်မတ်လကစ၍ ယာယီရပ်နား ထားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် လာမည့်ဖေဖော်ဝါရီ ၁၈ရက်တွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် M.B.B.Sအပိုင်း (ခ)(၆/၂၀၁၉) နှင့် သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ် နောက် ဆုံးနှစ် B.D.S(၁/၂၀၂၀)ပုံမှန် သင်တန်းများ ပြန်လည်ဖွင့်လှစ် မည်ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် COVID-19 ကာကွယ်ရေးစည်းကမ်း များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲ ဖက်သင်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားထားသည်။  

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ ဧပြီ လမှ ယခုအထိဆေးနှင့် ဆေး ပညာနှီးနွှယ် ဘွဲ့လွန်သင်တန်းသစ် ၃၄ ခုကို ဖွင့်လှစ်နိုင်ခဲ့ကာ လက်ရှိတွင်ဝန်ကြီးဌာနရှိ တက္က သိုလ်များတွင် ဘွဲ့လွန်သင်တန်း စုစုပေါင်း ၁၃၆ မျိုး၌ တက်ရောက် နေသူပေါင်း ၃,၀၂၈ ဦးရှိသည်ဟု ဆိုသည်။

Source ; 7Day News 

By Myanmar Education Guide (EDGE) 

News Read 1634 times