Sales Hotline : 09448001653       Download App



အာရှတွင်း ပညာသင်ကြားရန် အကောင်းဆုံးနိုင်ငံ ရှစ်ခု

ကမ္ဘာ့အကြီးဆုံးနှင့် လူဦရေ အများဆုံးဖြစ်သည့် အာရှတိုက်တွင် ပညာသင်ကြားလိုပါသလား။ ဒါမှမဟုတ် အနောက်အရပ်မှ လာ၍ အရှေ့တိုင်းတွင် မတူညီသောအရာများကို လေ့လာလိုပါသလား။ ဒါမှမဟုတ် အာရှနိုင်ငံသားဖြစ်သော်လည်း အခြားအိမ်နီးချင်းနိုင်ငံများ၏ ယဉ်ကျေးမှုများကို ‌လေ့လာလိုပါသလား။ ဖြစ်နိုင်ခြေများစွာရှိသောကြောင့်မည်သည့်နေရာတွင်လေ့လာသင့်သည်ကို အသေအချာစဉ်းစားရန် လိုအပ်လာပါပြီ။

ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးအဆင့်မြင့်ပညာရေးစနစ်များကို ပြသသည့် QS အဆင့်မြင့်ပညာရေးစနစ် အင်အားအဆင့်သတ်မှတ်ချက် ၂၀၁၈ ၏ထိပ်ဆုံး ၅၀ တွင် အာရှဒေသမှ ၁၇ နိုင်ငံ ပါဝင်လျက်ရှိပြီး တရုတ်၊ တောင်ကိုးရီးယား နှင့် ဂျပန်တို့သည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ပါသည်။ ‌‌

အောက်ပါ နိုင်ငံရှစ်ခု သည် ၂၀၁၉ ခုနှစ်၏ အာရှ အကောင်းစားတက္ကသိုလ်များ ရှိရုံတင်မက ပြည်ပတွင် ပညာဆည်းပူး သင်ကြားခြင်း၏ အထူးခြားဆုံး အမှတ်တရများကိုလည်း ပေးစွမ်းနိုင်ပါသည်။

၁။ မလေးရှား

အရှေ့တောင်အာရှ မှ စမည်ဆိုလျှင် မလေးရှားနိုင်ငံသည် ကျောင်းသားများအနေဖြင့် ယဉ်ကျေးမှုနှင့် အပြင်အဆင်များ အတွက် ‌ရွေးချယ်ရန် အကောင်းဆုံးနိုင်ငံ ဖြစ်ပါသည်။ မလေးရှားသည် အဆင့်မြင့် ပညာရေးအတွက် အချက်အချာ နိုင်ငံ ဖြစ်လာပြီး ၎င်း၏ ပညာရေးစနစ်သည် ကမ္ဘာ့အဆင့် ၂၅ ဆင့် မြောက်တွင် ရပ်တည်လျက်ရှိပါသည်။ လက်ရှိတွင် ‌ဗြိတိန်မှ ဂုဏ်သိက္ခာရှိသည့် Nottingham တက္ကသိုလ်ကဲ့သို့ အခြား ‌နိုင်ငံတကာမှ ကျောင်းခွဲများ မလေးရှားနိုင်ငံတွင်း လာရောက်ဖွ့င်လှစ်ရန် စီစဉ်နေသည့် အဆင့်မြင့် ပညာရေး မဟာဗျူဟာကို ချဲ့ထွင်ခြင်း လုပ်ငန်းတွင် ပါဝင်လျက်ရှိသည်။ (ကျောင်း၏ မိခင်နိုင်ငံရှိ ပင်မ ကျောင်းတွင် ပေးရမည့် ကျောင်းလခထက် ကျောင်းခွဲတွင်‌ပေးရမည့် ပမာဏ ပိုနည်း‌လေ့ရှိသည်။) နိုင်ငံတကာမှ ကျောင်းသားများသည် မလေးရှားနိုင်ငံ၏ စိတ်ဝင်စားဖွယ်ကောင်းသော မြို့ပြနေထိုင်မှုများ၊ စိတ်လှုပ်ရှားဖွယ်သဘာဝအလှအပနှင့်ရှုခင်းများ အပြင် ကျူရှင်ခ နှင့် နေထိုင်စရိတ်တို့ အတွက် ကုန်ကျ ငွေများ သက်သာသောကြောင့် မလေးရှားနိုင်ငံကို ‌ရွေးချယ်ရန် စိတ်ဝင်စားနေကြသည်။ မြို့တော် ကွာလာလမ်ပူ ကို အာရှအတွင်း ကျောင်းသားများ အတွက် ဒုတိယမြောက် စျေးအသက်သာဆုံး မြို့တော် အဖြစ်သတ်မှတ်ထားသည့် အပြင် ၂၀၁၈ခုနှစ် အတွက် QS အကောင်းဆုံးကျောင်းသားမြို့ကြီး အဖြစ် သတ်မှတ်ထားပါသည်။ မလေးရှားသည် ၂၀၁၉ QS Asia University အဆင့်သတ်မှတ်ချက်တွင် တက္ကသိုလ် ၂၆ ခုအထိပါဝင်ခဲ့ပြီး ခြောက်ခုမှာ ထိပ်ဆုံး ၁၀၀ တွင် ပါဝင်ခဲ့သည်။ ၎င်းထဲမှ Universiti Malaya သည် အမြင့်ဆုံးအဖြစ် အဆင့် ၁၉ ချိတ်ခဲ့ပါသည်။

၂။ ထိုင်ဝမ်

“အာရှကျား” ဟု တင်စားခေါ်ဝေါ်ကြသည့် ထိုင်ဝမ်နိုင်ငံသည် နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများကို စိတ်ဝင်စားသည့် ကျောင်းသားများအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပါသည်။ ၎င်းသည် တစ်ကမ္ဘာလုံးကို ဦးဆောင်နေသည့် နည်းပညာနယ်ပယ်အတွက် ကျော်ကြားကာ ထိုင်ဝမ်မှ တက္ကသိုလ်တော်တော်များများ သည် အမေရိကန်နိုင်ငံရှိ Silicon Valley နှင့် Hsinchu Science Park အစရှိသော ထိပ်တန်းနည်းပညာကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသည်။ ယေဘုယျအားဖြင့်ထိုင်ဝမ်တွင် အားကောင်းသောအဆင့်မြင့်ပညာရေးစနစ် (QS အဆင့်မြင့်ပညာရေးစနစ်ခိုင်မာမှုအဆင့် ၁၉ တွင်ရှိသည်) ရ ရှိပါသည်။ ထို့အပြင် တရုတ်ပြည်မကြီးမှ လွှမ်းမိုးထားသည့် ဗိသုကာလက်ရာ၊ အစားအသောက်များနှင့် ကိုယ်ပိုင်ဘာသာစကားရှိသည့်အပြင် ရိုးရာနှင့် ခေတ်သစ် အယူအဆကို ရောနှောထားသည့် သက်ဝင်လှုပ်ရှားနေသည့် ယဉ်ကျေးမှုများကို လည်းလေ့လာနိုင်ပါသည်။ မလေးရှားနိုင်ငံကဲ့သို့ ကျူရှင်ခနှင့်နေထိုင်စရိတ် သက်သာသောကြောင့် ထိုင်ဝမ်တွင်လည်း နိုင်ငံတကာမှ ကျောင်းသားဦးရေ တိုးပွားလာပါသည်။ ထိုင်ဝမ်သည်အာရှနိုင်ငံသားအဆင့်တွင် အဆင့် ၃၆ ဝင်နိုင်ခဲ့ပြီး ထိုထဲမှ ငါးခုမှာ ထိပ်တန်း ၅၀တွင် ပါဝင်လျက်ရှိသည်။ ထိုင်ဝမ်၏ အဆင့်မြင့်ဆုံး တက္ကသိုလ်မှာ National Taiwan University (NTU) ဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၂ တွင် ရပ်တည်လျက်ရှိသည်။

၃။ အင်ဒိုနီးရှား

အာရှအတွင်း နိုင်ငံခြားပညာသင်ရန် အကောင်ဆုံး နိင်ငံစာရင်းတွင် ပါဝင်လာသည့် နိုင်ငံတစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှား နိုင်ငံသည် အရှေ့တောင်အာရှတွင် စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံဖြစ်ပြီး စတုတ္ထမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ အင်ဒိုနီးရှားသည် မတူကွဲပြားသည့် ရာနှင့်ချီသော ခင်မင်ရင်းနှီးမှုနှင့်သည်းခံတတ်သောလူမျိုးစုများရှိသည့် အပြင် ဘာသာစကားများနှင့် ယဉ်ကျေးမှုများ ရောနှောနေသည့် တိုင်းပြည် တစ်ခုဖြစ်ပါသည်။ အချုပ်ဆိုရသော် အင်ဒိုနီးရှားနိုင်ငံသည် ကျောင်းသားများ ၎င်းတို့၏ အတွေ့အကြုံ၊ စိတ်ဝင်စားမှုများကို ချဲ့ထွင်ရန်အတွက် အကောင်းဆုံး ရွေးချယ်ရာ ဖြစ်ပေသည်။ ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေးရပြီးကတည်းက အင်ဒိုနီးရှား၏ အဆင့်မြင့်ပညာရေးသည် သိသိသာသာတိုးတက်လာခဲ့ပြီးလက်ရှိတွင် နိုင်ငံအတွင်း၌ နိုင်ငံတကာကျောင်းသား ၅၇၀၀ ခန့်ကိုလက်ခံထားသည်။ အများစုမှာအိမ်နီးချင်းမလေးရှားမှဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အချို့သော ဘာသာရပ်များအတွက်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ အထိသာ ကျသင့်သဖြင့် ပြည်ပသို့သွားရောက်ရန်အတွက် စျေးသိပ်မကြီးသော ရွေးစရာနေရာတစ်ခုဖြစ်သည်။ အင်ဒိုနီးရှားတက္ကသိုလ် ၂၂ ခုသည်အာရှ၏ အဆင့်အတန်းတွင်ထိပ်ဆုံး ၃၅၀ တွင်လည်းကောင်း၊ Universitas Indonesia (University of Indonesia/UI) သည် နိုင်ငံ၏ အဆင့်အမြင့်ဆုံး အဖြစ် ကမ္ဘာ့ အဆင့် ၅၇ တွင် ရပ်တည်နေပါသည်။

၄။ တရုတ်

တရုတ်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဘာသာစကား ဖြစ်သည့် အင်္ဂလိပ် ဘာသာစကား မပြောသည့် နိုင်ငံများထဲမှ တစ်ခု ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာမှ ကျောင်းသား ၃၇၇၀၀၀ ခန့် လာရောက်ပညာသင်ခဲ့ပါသည်။ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း နှင့် ပညာရေးတွင် အင်အားကြီး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အား အကောင်းဆုံးပညာရေးစနစ်ကို ပိုင်ဆိုင်ထားပြီး ပညာရေးစနစ်အဆင့် သတ်မှတ်ချက်တွင် အဆင့် ၈ တွင် နေရာယူထားသည်။ နှစ်ပေါင်း ၅၀၀၀ သမိုင်းဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသောနေရာတစ်ခုအဖြစ် တရုတ်သည်လေ့လာမှုပြင်ပကိုလေ့လာရန် ခရီးသွားဧည့်သည်များကို ရှေးခေတ်နှင့်ခေတ်သစ်ယဉ်ကျေးမှုနှစ်ရပ်လုံးကို ပေးကမ်းထားပါသည်။ မြို့တော်ဘေဂျင်း နှင့် ရှန်ဟိုင်းနှစ်ခုစလုံးသည် ၂၀၁၈ ခုနှစ်တွင်အာရှ၏အလေးစားဆုံးတက္ကသိုလ် ကမ္ဘာ့အကြီးဆုံးကျောင်းသားမြို့ကြီးများ စာရင်း တွင်ပါဝင်သည်။ တရုတ်နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၁၃ခုသည် အာရှအဆင့်သတ်မှတ်ချက်တွင် ပါဝင်နေပြီး ပြီးခဲ့သည့် ၆ နှစ်တွင် Tsinghua တက္ကသိုလ်သည် တတိယနေရာဖြင့် လက်ရှိတွင် ဦးဆောင်လျက်ရှိသည်။

၅။ စင်ကာပူ

သေးငယ်ပြီး လူဦးရေ ထူထပ်သော စင်ကာပူနိုင်ငံသည် အဆင့်မြင့်ပညာရေးများ ရှင်သန်ရာတွင် အဓိကကျသည့် နေရာမှ ပါဝင်လျက်ရှိသည်။ National University of Singapore (NUS) သည် အာရှနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်အဖြစ် ရပ်တည်လျက်ရှိပြီး Nanyang Technological University (NTU) သည် Tsinghua University နှင့် ပူးတွဲ တတိယ အဖြစ် ရပ်တည်လျက်ရှိပါသည်။ စင်ကာပူသည် ကိုယ်တိုင်သုတေသနနှင့်ဆန်းသစ်တီထွင်မှုတွင် ကမ္ဘာ့ခေါင်းဆောင်အဖြစ် ဂုဏ်သတင်းရှိပြီး စီးပွားရေးကြွယ်ဝမှု၊ ရာဇ၀တ်မှုနှင့် အလုပ်လက်မဲ့နှုန်း နိမ့်ကျမှု နှင့်ခိုင်မာသောကော်ပိုရေးရှင်းဆိုင်ရာ ဂုဏ်သတင်းတို့ကြောင့် စင်ကာပူမှ ဘွဲ့ရများအားအလုပ်ရှင်များက အလွန်နှစ်သက်ကြသည်။ စင်ကာပူသည်တရုတ်၊ မလေးရှားနှင့်အိန္ဒိယလူ ဦး ရေရောထွေးနေသောယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့်ဘာသာတရားများ ပါဝင်နေသည့် နေရာတစ်ခုဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ အဆင့်မြင့်ပညာရေး စနစ်သည် အဆင့်သတ်မှတ်ချက် ၂၈ တွင် ရပ်တည်လျက်ရှိပါသည်။

၆။ ဂျပန်

နိုင်ငံခြားတွင် ပညာသင်ကြားရန်အကောင်းဆုံးနေရာများစာရင်းတွင် ဂျပန်သည် QS အဆင့်မြင့်ပညာရေးစနစ်၏အားသာချက်အဆင့်တွင် နံပါတ် ၁၀ တွင်တည်ရှိနေပါသည်။ မကြာသေးမီနှစ်များတွင် ဂျပန်သည် နိုင်ငံတကာကျောင်းသားများကို ပိုမိုစွဲဆောင်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားရသည့် ပရိုဂရမ်များကို ပိုမို အကောင်အထည်ဖော်နေပြီး လျှောက်ထားရန်အတွက် လွယ်ကူ‌အောင် စီစဉ်နေကြပါသည်။ စင်ကာပူကဲ့သို့ပင်ဂျပန်၏ကြွယ်ဝသောယဉ်ကျေးမှုအမွေအနှစ်သည် ဟောင်းနွမ်းသောယဉ်ကျေးမှုများနှင့် ရောနှောနေသောကြောင့် အပြည်ပြည်ဆိုင်ရာကျောင်းသားများအတွက် ပျင်းစရာမဖြစ်နိုင်ပါ။အထူးသဖြင့် ၂၀၁၉ QS အကောင်းဆုံးကျောင်းသားမြို့ကြီးများတွင် ဒုတိယနေရာ၌ရှိသောတိုကျိုကဲ့သို့သောမြို့ကြီးများသည် လာရောက်ရန် စွဲဆောင်မှု ကောင်းသောကြောင့် ဖြစ်သည်။ နည်းပညာကိုနှစ်သက်သူများ နှင့် အစားကောင်းကြိုက်သူများအတွက် လာရာက်ရန် အကောင်းဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာကျောင်းသား ၂၆၇,၀၀၀ ကို စွဲဆောင် ထားနိုင်သည့် စံချိန်ရှိထားပါသည်။ နေထိုင်စရိတ်များမှာ အခြားသော အာရှနိုင်ငံများထက် များနေသော်လည်း ကျူရှင်စရိတ်မှာ တော့ အခြားလူကြိုက်များသော နိုင်ငံများထက်စာလျှင် နည်းပါးပါသည်။ University of Tokyo သည် ဂျပန်နိုင်ငံ၏ အဆင့် အမြင့်ဆုံး ဖြစ်ပြီး အာရှအဆင့်တွင် အဆင့် ၁၁ အဖြစ် ရပ်တည်ကာ အခြားဂျပန်နိုင်ငံမှ တက္ကသိုလ်ပေါင်း ၈၈ခု သည် အာရှထိပ်တန်းတက္ကသိုလ် ၅၀၀ တွင် ပါဝင်လျက်ရှိပါသည်။

၇။ တောင်ကိုရီးယား

ပညာရေး၊ နည်းပညာနှင့်ခရီးသွားလုပ်ငန်းတွင် ဦး ဆောင်နေသော အင်အားကြီးမားသည့် တောင်ကိုရီးယားသည် ယဉ်ကျေးမှု၊ ရည်မှန်းချက်နှင့်လွတ်လပ်မှုကို အပြည့်အဝခံစားနိုင်သည့် နောက်ထပ်အာရှကျားတစ်ကောင်ဖြစ်ပါသည်။ ဒေသတွင်းအကြီးဆုံးစီးပွားရေးများအနက်တစ်ခုဖြစ်သည့်တောင်ကိုရီးယားသည်သုတေသနနှင့်ပညာရေးတွင်အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါသည်။ အာရှ၏ စနစ်အင်အား အဆင့်သတ်မှတ်ချက်တွင် တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့် ပညာရေး စနစ်သည် အဆင့် ကိုးတွင် ရပ်တည်နေကာ တောင်ကိုရီးယားတက္ကသိုလ်များသည်အာရှတွင်အမြင့်ဆုံးသောဂုဏ်ထူးဆောင်များ အဖြစ် သတ်မှတ်ထားကြပါသည်။ စည်ကားခြင်းနှင့် တက်ကြွခြင်းများ ပြည့်နှက်နေသည့် မြို့တော်ဆိုးလ်သည် ၂၀၁၈ ခုနှစ်၏ အကောင်းဆုံးကျောင်းသားမြို့ကြီးများစာရင်းတွင် အဆင့် ၁၀ အပြင် သဘာဝကို ချစ်မြတ်နိုးသူများသည်လည်း တိုင်းပြည်၏ တောင်တန်းများ။ သဘာဝပန်းခြံများနှင့်သိပ်သည်းသစ်တောများကိုခံစားနိုင်မည်ဖြစ်ပါသည်။ ယခုနှစ်တွင် တောင်ကိုရီးယားတက္ကသိုလ် ၅၈ ခုသည်အာရှအဆင့်ထိပ်ဆုံး ၅၀၀ တွင် ပါဝင်ပြီး နည်းပညာလုပ်ငန်းများအတွက် အချက်အချာဖြစ်သည့် Daejeon မြို့တွင်ရှိသည့် Korea Advanced Institute of Science & Technology - KAIST သည် အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အဆင့် ၈ တွင် ရပ်တည်နေပါသည်။

၈။ ဟောင်ကောင်

အာရှတိုက်တွင် ပညာသင်ကြားရန်အကောင်းဆုံးနေရာများစာရင်း၏ နောက်ဆုံး အဖြစ် ဟောင်ကောင်ကို ရွေးချယ်ထားပါသည်။ တရုတ်ပြည်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အရှေ့နှင့်အနောက်ယဉ်ကျေးမှုကိုပေါင်းစပ် ထားကာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး တို့အတွက် အချက်အချာကျသော နေရာဖြစ်လာပါသည်။ ဟောင်ကောင်သည် နိုင်ငံတကာကျောင်းသားများအတွက် စိတ်ဝင်စားမှု များရခြင်းမှာ နာမည်ကျော်တက္ကသိုလ်များရှိသည့်အပြင် နေ့စဉ်ဘဝနှင့် ပညာရေးတွင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုခြင်း၊ တရုတ်ပြည်မသို့ အလွယ်တကူ သွားလာနိုင်ခြင်း၊ ယဉ်ကျေးမှုပေါင်းစုံနှင့်ရှေ့ရှုစဉ်းစားသောလူ့အဖွဲ့အစည်းများစွာရှိခြင်းတို့ ကြောင့် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်အဆင့် ၁၈ သတ်မှတ်ထားသည့်အဆင့်မြင့်ပညာရေးစနစ်ဖြင့်ဟောင်ကောင်သည် နောက်ထပ် အာရှကျားတစ်ကောင် ဖြစ်ပြီး ကမ္ဘာ့အထင်ရှားဆုံးသော ဘဏ္ဍာရေး အချက်အချာ မြို့အဖြစ် ကျော်ကြားပါသည်။ ဟောင်ကောင်သည်အကောင်းဆုံးကျောင်းသားမြို့ကြီးအဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၂ မှ ရပ်တည်ကာ ဟောင်ကောင်ရှိတက္ကသိုလ် ၇ ခုအနက် ၃ ခုသည်ထိပ်ဆုံး ၁၀ ခုတွင်ရှိနေသည်။ ထိုသုံးခုအနက် University of Hong Kong (HKU) သည်ဒုတိယမြောက် နှင့် Hong Kong University of Science and Technology (HKUST) သည် သတ္တမမြာက်တွင် ရပ်တည်လျက်ရှိပါသည်။

By Myanmar Education Guide - EDGE

International News Read 1115 times