နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၆၅ ကျောင်းတွင် နည်းပြ၊ သရုပ်ပြ ၆၀၀ ကျော် အသစ်ခန့်မည်

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၆၅ ကျောင်းတွင် နည်းပြ၊ သရုပ်ပြ ၆၀၀ ကျော် အသစ်ခန့်မည်

နည်းပြ သရုပ်ပြရာထူးနေရာများအတွက် ကျောင်းအလိုက် ခန့်ထားရမည့် စာရင်းများကို တောင်းခံထားရာ ခန့်အပ်ရမည့် ပညာအရည်အချင်း၊ လိုအပ်သောာ ဘာသာရပ်များအပေါ် မူတည်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ခွင့်ပြုထားသည့် စာရင်းများကို ပြန်လည်စိစစ်ခဲ့ရာ နည်းပြသရုပ်ပြ ၆၀၀ ကျော် ခန့်ထားခွင့်ပြုကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

မကြာမီအချိန်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနမှ နည်းပညာတက္ကသိုလ်များအတွက် လိုအပ်သော နည်းပြသရုပ်ပြ ရာထူးနေရာများအတွက် ပညာအရည်အချင်းသတ်မှတ်ချက်၊ လိုအပ်သော ဘာသာတွဲ သတ်မှတ်ချက် အသေးစိတ်တို့ဖြင့် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း ၆၀ ရှိပြီး ဆရာ၊ ဆရာမ ၆၀၀၀ ကျော်က ကျောင်းသား၊ ကျောင်းသူ ခုနှစ်သောင်းကျော်ကို တာဝန်ယူသင်ကြား နေရသည်။

နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် လူငယ်များကို များများမွေးထုတ်ပေးရန် လိုအပ်သော်လည်း သင်ကြားပြသပေးမည့် ဆရာ၊ ဆရာမ နည်းပါးသည့်အတွက် BE ကျောင်းဆင်းများကို မေတ္တာရပ်ခံကာ သင်တန်းများပို့ချပြီး ဆရာ၊ ဆရာမများအဖြစ် ဆောင်ရွက်ရန် ပြုစုပျိုးထောင်နေရသည့် အခြေအနေရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8350 times