လစဥ်​ကြေးရမယ့်အပြင် ဆေးပညာကို ထိုင်ဝမ်မှာ စရိတ်ငြိမ်း သင်ယူနိုင်မယ့် Exchange Program

 

တရုတ်စကားမတတ်လည်း Taiwan နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Taipei မြို့ရှိ Taipei Medical University မှာ ဆေးပညာရပ်ကို ဝါသနာတူ ကျောင်းသားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူလေ့လာခွင့်ရမယ့် Exchange Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ ဒီ Program မှာ ဆေးပညာရပ် (healthcare topic) တွေကို Taipei Medical University က ဆရာဝန်တွေ၊ ပရော်ဖက်ဆာတွေကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။ 

Related Article : Hospitality Diploma သင်တန်းကို Thai မှာ Scholarship နဲ့ တက်မယ်

>> https://www.edge.com.mm/article/hospitality-diploma-thai-scholarship.html

 

သင်တန်းကာလကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေစပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ဖြစ်ပြီး စုစုပေါင်း (၅) လ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီ (၅) လအတွင်းမှာ မက်ဒရင်ဘာသာစကားနဲ့ ထိုင်ဝမ်ယဉ်ကျေးမှုတို့ကို တစ်ပတ်မှာ (၆) နာရီ လေ့လာရမှာဖြစ်ပါတယ်။ ဆေးပညာရပ်ကိုတော့ တစ်လမှာ (၆) နာရီ သင်ယူရမှာဖြစ်ပြီး ဆေးပညာဆိုင်ရာ သုတေသနကို (၃) လ အချိန်ပေး ပြုလုပ်ရမှာဖြစ်ပါတယ်။  

 

Course List

 

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

- မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။

- Biological science, Healthcare, Laboratory နယ်ပယ်တို့မှာ အတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။

- Bachelor Degree ရပြီးသူ (သို့) တက္ကသိုလ်တက်ရောနေဆဲဖြစ်သူ (အနည်းဆုံးဒုတိယနှစ်) ဖြစ်ရပါမယ်။ 

- TOEIC 785 (သို့) IELTS 5.5 (သို့) TOEFL iBT 72 တို့ ရရှိထားရပါမယ်။ 

- ထိုင်ဝမ်မှာ ပညာသင်ကြားဖူးသူ မဖြစ်ရပါ။

 

Program လျှောက်ထားရာမှာ လိုအပ်သည့် စာရွက်စာတမ်းများ

- Online Application Form

- CV

- Statement of Purpose

- Proof of language proficiency 

- Proof of education (Diploma, Academic Transcripts)

- Proof of financial Amount at least 1000 USD

 

အကျိုးခံစားခွင့်

- တစ်လကို NTD.8000

- အသွား-အပြန် လေယာဉ်လက်မှတ်

- ကျူရှင်ခ

- နေထိုင်စရိတ်

- Program Activities တွေအတွက် ကုန်ကျစရိတ်

 

ဒီ Program ကို လျှောက်ချင်တဲ့သူတွေအနေနဲ့ အွန်လိုင်းကနေ လာမယ့် ဇူလိုင်လ (၁၀) ရက်နေ့ကို နောက်ဆုံးထား လျှောက်လွှာတင်ရမှာဖြစ်ပြီး အင်တာဗျူးဖြေဆိုရမယ့်သူတွေကို အီးမေးလ်ကနေတဆင့် ဇူလိုင်လ (၁၂) ရက်နေ့မှာ အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။ Interview ဖြေဆိုအောင်မြင်ပြီး Scholarship ရရှိသွားတဲ့သူတွေကိုတော့ ဇူလိုင်လ (၁၅) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ 

 

လျှောက်လွှာတင်ရန် >> https://form.jotform.com/

 

Related Article : ဂျပန်နိုင်ငံမှ လစာရော အတွေ့အကြုံပါရမယ့် Research Internship Program

>> https://www.edge.com.mm/article/-research-internship-program.html

International International News Latest Post Read 868 times