ဂျပန်နိုင်ငံမှ လစာရော အတွေ့အကြုံပါရမယ့် Research Internship Program

 

ဆာကူရာပန်းတို့ လွှမ်းခြုံရာ ဂျပန်မြေမှာ လစာလည်းရ သုတေသနဆိုင်ရာ အတွေ့အကြုံလည်း ရရှိမယ့် Research Internship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ Okinawa Institute of Science and Technology (OIST) ကျောင်းက ၂၀၂၅ ခုနှစ်အတွက် Fully Funded လုပ်တဲ့ OIST Research Internship Program ဖြစ်ပါတယ်။

 

ဒီ Program ကို လျှောက်ဖို့ ဂျပန်စကားပြောတတ်စရာ မလိုသလို English Proficiency Test တွေဖြစ်တဲ့ IELTS/TOFEL တို့လည်း မလိုအပ်ပါဘူး။ 

 

OIST ဘွဲ့လွန်ကျောင်းဟာဆိုရင် STEM ပညာရပ်နယ်ပယ်ဆိုင်ရာ Research Intern ပရိုဂရမ်တွေမှတဆင့် ကမ္ဘာတဝန်းရှိ ကျောင်းသား/ကျောင်းသူတွေကို ပညာရေးအခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးလျက်ရှိပါတယ်။

 

အဆိုပါ Internship ကာလမှာ ၂ လကနေ ၆ လအထိ ဖြစ်နိုင်ပါတယ်။ အလုပ်သင်ကျောင်းသား/ကျောင်းသူတွေက သက်ဆိုင်ရာဌာနမှ ပရော်ဖက်ဆာတစ်ဦးရဲ့ ညွှန်ကြားမှုအောက်မှာ သင်ယူရမှာဖြစ်ပြီး OIST ရဲ့ သုတေသနလုပ်ငန်းတွေမှာ ပါဝင်ကူညီရမှာပါ။

 

လျှောက်ထားနိုင်တဲ့ Research Field တွေကို ကြည့်ရန်

>> https://admissions.oist.jp

 

Research Internship Program ကို Join ခွင့်ရသူတွေဟာ -

  • အလုပ်ရက်တစ်ရက်ကို JPY 2,400 (အခွန်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များမပါ)
  • Shuttle Bus အကြို/အပို့
  • အသွား၊ အပြန် လေယာဉ်လက်မှတ်
  • နေထိုင်စရာတိုက်ခန်းတို့အပြင်
  • ဗီဇာကိစ္စ၊ အာမခံလုပ်ထုံးလုပ်နည်းတွေနဲ့ ပြည်တွင်းမှတ်ပုံတင်လုပ်ငန်းစဉ်တွေမှာလည်း ကျောင်းသားတွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

အလုပ်သင်လျှောက်ထားလိုသူများသည် -

  • Bachelor Degree ပြီးဖို့ (၂) နှစ်သာလိုတော့တဲ့သူ (သို့) ဘွဲ့ရပြီးသူ
  • Master တက်ရောက်နေဆဲဖြစ်သူ (သို့) Mater ဘွဲ့ရပြီးသူ
  • တက္ကသိုလ်တက်ရောက်နေဆဲဖြစ်ရင် အဆိုပါတက္ကသိုလ်မှ သဘောတူညီချက် ရရှိထားသူ
  • Program နဲ့ ကိုက်ညီတဲ့ Academic Background ရှိသူ
  • English Language ကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူဖြစ်ရပါမယ်။ 

 

အလုပ်သင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ -

  • Statement of Purpose - 400 words (2500 characters) 
  • Academic Transcript, Diploma and Certificate
  • Recommendation Letter (at least one)
  • ID Photo


လျှောက်ထားသူသည် Recommendation Letter အနည်းဆုံး တစ်ခုရှိပြီးမှ Online Form လျှောက်လို့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က Application ပို့ပြီးတာနဲ့ ကျောင်းဘက်က Application Form ရရှိကြောင်းကို Emial ကနေတဆင့် Notification ပေးပို့ပါလိမ့်မယ်။ 


Online Application Form ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရပါမယ်။ Application Deadline အပြီး (၃) လလောက်ကြာရင် Final Result ကို ကြေညာပေးပါလိမ့်မယ်။ Internship Program စတင်မယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ (၆) လဖြစ်ပါတယ်။  


Application Link >> https://navii.oist.jp/

 

OIST Research Internship Program >> https://admissions.oist.jp/oist-research-internship-program-description

 

International Latest Post Read 1516 times