THE MYANMAR EDUCATION GUIDE

HOME >> >> International
International

Suranaree University of Technology ၏ Royal Scholarships 2021


Suranaree University of Technology ၏  SUT International Engineering Programs မှ ပေးအပ်မည့် Royal Scholarships 2021 ကို လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ 

ထိုင်းနိုင်ငံ Suranaree နည်းပညာတက္ကသိုလ်တွင် Petrochemical and Polymer Engineering, Civil Engineering နှင့် Mechanical Engineering စသည့် ဘွဲ့ကြိုသင်တန်းများနှင့် ပတ်သက်ပြီး  2021 ခုနှစ်အတွက် တော်ဝင်ပညာသင်ဆုလျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

ပညာသင်ဆု (၇)ဆုကို ပေးအပ်မည်ဖြစ်ပြီး  နောက်ဆုံးလျှောက်ထားရမည့်ရက် - ၂၀၂၁ခုနှစ် မတ်လ (၃၁) [ဘန်ကောက်စံတော်ချိန် ၂၃း၅၉မိနစ်] ဖြစ်ပါသည်။ 

လျှောက်ထားသူသည် - 

  • သိပ္ပံနှင့် သင်္ချာဘာသာရပ်ဖြင့် (၁၂)တန်းပညာရေး သို့မဟုတ် ထိုအတန်းပညာရေး နှင့်ကိုက်ညီသော ပညာရေးပြီးမြောက်သူဖြစ်ရမည်။
  • ပညာရေးထူးချွန်သူဖြစ်ရမည်။
  • အင်္ဂလိပ်စာ ကျွမ်းကျင်သူဖြစ်ရမည်။

လိုအပ်သည့်စာရွက်စာတမ်း

  • အခြေခံပညာရေး ပြီးမြောက်ကြောင်းစာရွက်စာတမ်းများ
  • တက္ကသိုလ် transcripts (ရှိပါက)
  • အင်္ဂလိပ်စာ အရည်အချင်းအထောက်အထား [ SAT not less than 400 (or) TOEFL not less than 61 (Internet-based) (or) IELTS not less than 5.0 and each skill not lower than 4.0 (or) TOEIC not less than 550
  • Statement of purpose
  • မိမိကိုယ်ကိုယ် မိတ်ဆက် ဗီဒီယို (၁-၂ မိနစ်ခန့်)
  • မိမိအသုံးပြုသည့် gmail တစ်ခုရှိရမည်

လျှောက်လွှာရယူလိုပါက >>> Click Here <<< 

အသေးစိတ်သိရှိလိုပါက

Office of Global Engagement. Institute of Engineering

Suranaree University of Technology.

Email: [email protected]

Tel: +664 422 4833

FB: SUT International Engineering Programs

International Read 366 times