Sales Hotline : 09448001653       Download App
တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ အောက်တိုဘာလကုန်ကြေညာရန်စီစဉ်နေ
တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ အောက်တိုဘာလကုန်ကြေညာရန်စီစဉ်နေ
**Unicode**
၂၀၁၉ တက္ကသိုလ်စာမေးပွဲအောင်မြင်သူများ တက်ရောက်ခွင့်ရသည့် တက္ကသိုလ်စာရင်းကို အောက်တိုဘာလကုန်တွင် ပညာရေးဝန်ကြီးဌာန Website မှ ကြေညာရန်လျာထားသည်စု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ဝင်ခွင့်တွေကရွေးချယ်တဲ့ အစီအစဉ်အတိုင်း တစ်သုတ်ချင်းစိစစ်ရွေးချယ်နေပါတယ်။ အောက်တိုဘာလကုန်လောက်တော့ ကြေညာပေးနိုင်မယ်ထင်ပါတယ်။ Website မှာလည်းနှစ်စဉ်ကြေညာတာမျိုး လုပ်ပေးမှာပါ” ဟု ၎င်းကဆိုပါတယ်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်များကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် (၂၃) ခုနှင့် သီးခြားဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ် (၁၄) ခုတွင် ဇွန်လ (၂၃) ရက်မှ ဇူလိုင် (၂၄) ရက်အတွင်း ပိတ်ရက်မရှိလက်ခံခဲ့ပါတယ်။
ယခုနှစ်တွင် သီးခြားဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ် (၁၄) ခုရှိပြီး အခြားတက္ကသိုလ်၊ ကောလိပ်များအတွက် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ဝင်ခွင့်စိစစ်ရွေးချယ်မည်ဖြစ်ပါတယ်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သီးခြားဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းကို အောက်တိုဘာလကုန်ကြေညာနိုင်ရန် ပညာရေးဝန်ကြီးဌာနကလျာထားပါတယ်။
ရန်ကုန်တက္ကသိုလ်မှလွဲ၍ အခြားတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်ကို ကျောင်းသားကရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်အရေအတွက်ပြည့်မီသည်အထိ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါတယ်။
ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့်စာရင်းကို သက်ဆိုင်ရာကျောင်းများတွင် ကြေညာကာ ကျောင်းသားကျောင်းသူများကို စာတိုက်မှတစ်ဆင့် ပြန်လည်အကြောင်းကြားမည့်အပြင် ပညာရေးဝန်ကြီးဌာန Website (www.moe.gov.mm) မှတစ်ဆင့် ချက်ချင်းသိရှိနိုင်ရန် ကြေညာရန်လည်း အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေပါတယ်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားစဉ် ဦးစားပေးတက္ကသိုလ်၊ ဘာသာရပ်များ ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ကျောင်းသား/သူများ၏ဝင်ခွင့်ကို အချိန်မီပြန်လည်လျှောက်ထားရန် အကြောင်းကြားမည်ဖြစ်ပါတယ်။
ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး၏ ပထမနှစ်သင်တန်းများတွင် တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာကျောင်းများ၏ ကျောင်းအပ်လက်ခံသည့် ကာလအတွင်းကျောင်းအပ်ရန်လိုအပ်ကြောင်း (၂၀၁၉) တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားပါတယ်။
Source: 7Day News
**Zawgyi**
၂၀၁၉ တက္ကသိုလ်စာမေးပွဲအောင်မြင်သူများ တက်ရောက်ခွင့်ရသည့် တက္ကသိုလ်စာရင်းကို အောက်တိုဘာလကုန်တွင် ပညာရေးဝန်ကီးဌာန Website မှ ကြေညာရန်လျာထားသည်စု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ယခုနှစ်တွင် သီးခြားဝင်ခွင့်ရွေးချယ်သည့် တက္ကသိလ် (၁၄) ခုရှိပီး အခြားတက္ကသိုလ်၊ ကောလိပ်များအတွက် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ၀င်ခွင့်စိစစ်ရွေးချယ်မည်ဖြစ်ပါတယ်။
Education for Special Needs Children(11) ကလေးများအတွက် အထူးပညာရေး နှင့်ပတ်သက်ပြီး (11 )ခု ရှာရန်နှိပ်ပါ။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သီးခြားဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို အောက်တိုဘာလကုန်ကြေညာနိုင်ရန် ပညာရေးဝန်ကီးဌာနကလျာထားပါတယ်။
Entrance Tuition ရာထူးဝင်ခွင့်သင်တန်းများ (41) Entrance Tuition နှင့်ပတ်သက်ပြီး သင်တန်း (41)ခု ရှာရန်နှိပ်ပါ။
ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့်စာရင်းကို သက်ဆိုင်ရာကျောင်းများတွင် ကြေညာကာ ကျောင်းသားကျောင်းသူများကို စာတိုက်မှတစ်ဆင့် ပြန်လည်အကြောင်းကြားမည့်အပြင် ပညာရေးဝန်ကီးဌာန Website (www.moe.gov.mm) မှတစ်ဆင့် ချက်ချင်းသိရှိနိုင်ရန် ကြေညာရန်လည်း အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေပါတယ်။
Read More:>>> အဝေးသင်ကျောင်းပြောင်းရန် အခက်အခဲရှိလျှင် ဖြေလျှော့ပေးရန် စီစဉ်
Source: 7Day News
News Read 15567 times