Sales Hotline : 09448001653       Download App



အောင်မြင်မှုကို အောင်စာရင်းရလဒ်ဖြင့် မရှုမြင်သင့်ဟု ပညာရေးဝန်ကြီးပြောကြား

လူ့အသိုင်းအဝိုင်းအနေဖြင့် အောင်မြင်မှုရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်ကို ပညာသင်ပန်းတိုင်များရဲ့ ဟိုမှာဘက်အထိ ကျယ်ပြန့်စွာ မဖြစ်မနေ ရှုမြင်ပေးခြင်းဖြင့်  ကျောင်းသူကျောင်းသားတို့ ဖိစီးမှု လျှော့ချပေးရမယ်လို့ စင်ကာပူ ပညာရေးဝန်ကြီး Chan Chun Sing က ပြောကြားခဲ့ပါတယ်။ 

ကျောင်းစာသင်ရိုးကို ဖြတ်တောက်လျှော့ချခြင်းက ကျောင်းသူကျောင်းသားတို့ ရင်ဆိုင်ရတဲ့ ဖိစီးမှုကို လျော့ကျမယ့်အစား ပိုတိုးသွားစေတယ်လို့ သူက သုံးသပ်ပါတယ်။ ကျောင်းသူကျောင်းသားများထံမှ ပြန်လညကြားသိခဲ့ရတဲ့ အချက်များအရ အခုလို သုံးသပ်ခဲ့တာဖြစ်ပါတယ်။ သင်ရိုးလျှော့ချလိုက်လို့ သင်ယူကျက်မှတ်ရမယ့် အချိန်တွေ လျော့သွားလို့ ရရှိတဲ့ အချိန်ပိုတွေကို ဘာသာရပ်တွေမှာ ထူးချွန်ဖို့အတွက် သုံးစွဲမယ်လို့ ကျောင်းသူကျောင်းသားများကို သူ့ကို ပြောပြခဲ့ကြတယ်။ 
စာမေးပွဲ အောင်စာရင်း ရလဒ်ဖြင့် အောင်မြင်မှုကို အဓိပ္ပာယ် ဖွင့်နေကြတာကို မဖြစ်မနေ ပြောင်းလဲပေးပြီး ကျောင်းသူကျောင်းသားတွေ အနေဖြင့် သူတို့ စိတ်ဝင်တစားဖြစ်တဲ့ဟာတွေကို လေ့လာဖို့ အချိန်ရစေမယ်။ အဲဒီတော့မှ လူ့အသိုင်းအဝိုင်းက အမျိုးမျိုးအဖုံဖုံ စုံလင်နေပြီး ဘက်စုံဖွံဖြိုးကာ ပိုကြံ့ကြံ့ခံနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်နေမယ်လို့ သူက ဆိုပါတယ်။ ကျောင်းသူကျောင်းသားများအဖို့ ပညာရေးစနစ်ထဲ ထိုးထည့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ ဖိစီးမှုတွေ ကျရောက်နေတာကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 
ကျောင်းစာ သင်ရိုးလျော့သွားလို့ ရတဲ့ အချိန်ပိုကို ကျောင်းစာပြင်ပ ဝါသနာပါတာ၊ စိတ်ဝင်စားတာတွေအတွက် အချိန်ကို သုံးစွဲသင့်တယ်။ ဒါပေမဲ့ စာမေးပွဲအောင်စာရင်းရလဒ်မှာ ထူးချွန်နေမှသာ အောင်မြင်တဲ့သူလို့ ရူမြင်ထားကြတဲ့အတွက် အချိန်ပိုကို ကျောင်းစာအတွက်ပဲ သုံးစွဲနေကြမှာ ဖြစ်ပါတယ်။ 
 

International News Read 871 times