Rotary Club Of Metro Yangon က ဦးစီးပြီး စက်တင်ဘာ (၂၀) ရက်နေ့က Novotel Hotel မှာ ကျင်းပခဲ့တဲ့ "SHAPING THE FUTURE THROUGH EDUCATION 2026" ပွဲလေးအကြောင်း မျှဝေပေးချင်ပါတယ်။
အနာဂတ်ကို ပညာရေးနဲ့ ပုံဖော်ရာမှာ ကလေးဘ၀အရွယ်တည်းကစပြီး လုပ်ငန်းခွင်ဝင်တဲ့အထိ ဖြတ်သန်းရမယ့် လမ်းကြောင်းတစ်လျှောက် လိုအပ်မယ့် အကြံဉာဏ်နဲ့ အမြင်သစ်တွေကို ပညာရှင်တွေက မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးပေးခဲ့တာကြောင့် ကျောင်းသားနှင့် မိဘတွေအတွက် အဓိပ္ပါယ်ရှိခဲ့တဲ့ ပွဲလေးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီပွဲလေးမှာ တစ်ဦးချင်း Spearker Session အနေနဲ့ -
- ပုဂ္ဂလိကကျောင်းများရဲ့ နာယကကြီး ဆရာဦးနေအုပ်၊
- Myanmar Imperial College ရဲ့ တည်ထောင်သူ ဒေါက်တာ ပို့ပို့ကြည်၊
- Ivy Education Group ရဲ့ တည်ထောင်သူ ဒေါက်တာနန်းမေတင်နွယ်၊
- The Royal School (International Montassori Preschool) ရဲ့ တည်ထောင်သူ ကျောင်းအုပ်ဆရာမကြီး Gracious Su၊
- မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဇော်မိုးအောင်နှင့်
- MyJobs Myanmar Group ရဲ့ Chairwoman မမြသန္တာဦးတို့က ပါဝင် ဆွေးနွေးပေးခဲ့ကြပါတယ်။
ဆရာကြီး ဦးနေအုပ်ကတော့ "Vocational Education in Place of Academic Education for the Youth of Myanmar” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာရေး အခန်းကဏ္ဍအပေါ် အမြင်တွေကို မျှဝေ ဆွေးနွေးပေးခဲ့ပါတယ်။
ဒေါက်တာပို့ပို့ကြည်မှ “The Art of Innovation” ဆိုတဲ့ ခေါင်းစဉ်နဲ့ Innovation ကို အခွင့်အလမ်းတစ်ခုအဖြစ်သာမက မိမိတို့ရဲ့ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ Strategy တစ်ခုအဖြစ် ဘယ်လို အသုံးချနိုင်မလဲဆိုတာ မျှဝေဆွေးနွေးပေးခဲ့ပါတယ်။
ဒေါက်တာ နန်းမေသင်းနွယ် @ Teacher Ivy မှ “What Really Shapes Student Success?” ခေါင်းစဉ်နဲ့ ကျောင်းသားတွေရဲ့ သင်ယူမှုခရီးလမ်းမှာ ပညာရေးနောက်ခံ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊ ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှုတွေနဲ့ မိဘတွေရဲ့ ပါဝင်ပံ့ပိုးမှုတို့ရဲ့ အခန်းကဏ္ဍကို မျှဝေဆွေးနွေးခဲ့ပါတယ်။
ကျောင်းအုပ်ဆရာမကြီး Gracious Su မှ “The First Years: Building The Foundation For Life” ခေါင်းစဉ်နဲ့ ကလေးတစ်ဦးရဲ့ ဘဝအစောပိုင်းနှစ်တွေမှာ ရရှိတဲ့ အတွေ့အကြုံတွေက နောင်တစ်ချိန်ရဲ့ သင်ယူမှုနဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဦးဇော်မိုးအောင်ကလည်း "Empowering Parents with Longterm Educational Financial Planning" ခေါင်းစဉ်နဲ့ မိဘတွေအတွက် မိမိသားသမီးတွေရဲ့ ပညာရေး ခရီးစဉ်တစ်လျှောက်မှာ ငွေကြေးပိုင်းကို ရေရှည်အတွက် ဘယ်လို စီမံဆောင်ရွက်သွားရမလဲဆိုတာကို မျှဝေဆွေးနွေးပေးခဲ့ပါတယ်။
မမြသန္တာဦးကလည်း "Academic or Vocational? Building Flexible Career Pathways for Myanmar’s Youth" ခေါင်းစဉ်နဲ့ ပညာရေးမှ လုပ်ငန်းခွင်ဝင်ရောက်ပြီး Career တစ်ခုကို မှန်ကန်ကန်ကန် ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကို ကျောင်းသား၊ မိဘ၊ ဆရာဆရာမတွေအတွက် မျှဝေဆွေးနွေးပေးခဲ့ပါတယ်။
ဒါ့အပြင် ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုမှာ ကျောင်းက ဘယ်လောက်အရေးကြီးသလဲ? မိသားစုရဲ့ တန်ဖိုးတွေကရော ဘယ်လို အခန်းကဏ္ဍက ပါဝင်သလဲ?” ဆိုတာ ပညာရေးကို စာသင်ခန်းထဲကနေသာမက မိသားစု၊ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်ဘဝတို့နဲ့ ချိတ်ဆက်ပြီး ဆွေးနွေးကြမယ့် Panel Discussion နှင့် Q&A Session လည်း ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် ကျောင်းသားလူငယ်တွေအတွက် အနာဂတ်ကို ပညာရေးနဲ့ ဘယ်လိုပုံဖော်ပေးရမလဲဆိုတာ လေ့လာသိရှိနိုင်မယ့် ဒီပွဲလေးကို အစကနေအဆုံးထိ အိမ်မှာ နေရင်း ကြည့်ရှုချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါလင်ခ့်ကနေတဆင့် ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
> https://www.facebook.com/100068840199946/videos/1093097149879089
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။