သုံးရက်တိုင် ကျင်းပမယ့် ကျောင်းသားဗဟိုပြု Student's Book Fair 

မြန်မာနိုင်ငံ စာအုပ်ထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းက ဦးစီးကျင်းပမယ့် Student's Book Fair ပွဲလေးကို နိုဝင်ဘာ (၁၃)၊ (၁၄)၊ (၁၅) ရက်နေ့တို့မှာ တော်ဝင်စင်တာမြေညီထပ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေ ပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စိတ်ကြိုက်စာအုပ်လေးတွေကို အထူးလျှော့စျေးတွေ၊ လက်ဆောင်ကူပွန်လေးတွေနဲ့ ဝယ်ယူနိုင်မှာ‌ ဖြစ်ပါတယ်။

ဆိုင်ခန်းပေါင်း (၃၀) ကျော် ပါဝင်ပြီး စာအုပ်ဆိုင်များအပြင် ပညာရေးအထောက်အကူပြု ကုန်ပစ္စည်းတွေနဲ့ တခြားသော ကုန်ပစ္စည်းတချို့လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နေ့စဉ် မနက် (၁၀) နာရီကနေ ညနေ (၅) နာရီထိ မတူကွဲပြားတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲများစွာ၊ ဟောပြောပွဲများစွာတို့ကိုလည်း ဗဟုသုတရဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

အနုပညာဝါသနာပါတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း အသက် (၁၈) နှစ်အောက် ဘယ်သူမဆို အခမဲ့ ပါဝင်နိုင်မယ့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နိုင်ငံကျော်ကာတွန်းဇာတ်ကောင်များရဲ့ ပုံတူဆွဲပြိုင်ပွဲနဲ့ လက်တန်းရေးဆွဲ ပန်းချီပြိုင်ပွဲများလည်း  စီစဉ်ပေးထားပါတယ်။

ပြည်လမ်းက တော်ဝင်စင်တာမြေညီထပ်မှာ နိုဝင်ဘာ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ မနက် (၉) နာရီအထိ ညနေ (၅) နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

စိတ်ဖတ်ဝါသနာပါတဲ့ မူကြိုအရွယ်ကစလို့ တက္ကသိုလ်ကျောင်းသားများအထိ သွားရောက်လည်ပတ်သင့်တဲ့ စာအုပ်ပွဲတော်လေးပဲ ဖြစ်ပါတယ်။

================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Events & Exhibitions Latest Post Read 16 times