မလေးရှားနိုင်ငံက ထိပ်တန်းအစိုးရတက္ကသိုလ်များနှင့် ပုဂ္ဂလိကတက္ကသိုလ်များကို တစ်နေရာတည်းမှာ စုစည်းတွေ့ရှိရမယ့် Yes2Malaysia – The Biggest Education Malaysia Expo 2026 ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီး နှစ်မြို့လုံးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
REXPO နဲ့ EMGA တို့မှ ဦးစီးပြီး မလေးရှားသံရုံး (ရန်ကုန်) နဲ့ YES2Malaysia တို့ရဲ့ ပံ့ပိုးကူညီမှုဖြင့် ဩဂုတ်လ (၂၁) ရက်နေ့မှာ IBIS Styles Mandalay Centre၊ မန္တလေးနဲ့ ဩဂုတ်လ (၂၃) ရက်နေ့မှာ ParkRoyal ဟိုတယ်၊ ရန်ကုန်တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ မလေးရှားနိုင်ငံရဲ့ တက္ကသိုလ်တွေက တရားဝင် တာဝန်ရှိသူတွေကိုယ်တိုင် တက်ရောက်မှာဖြစ်တာကြောင့် မိမိ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်စရာအကြောင်းတွေကို တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
ပွဲတက်ရောက်သူတွေက Bachelor’s၊ Master’s နဲ့ PhD သင်တန်းတွေကို တိုက်ရိုက်ဝင်ခွင့် (Direct Admission) လျှောက်ထားနိုင်မယ့်အပြင် ပညာသင်ဆု (Scholarships) အခွင့်အရေးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပွဲရက်အတွင်းမှာ တစ်ခါတည်း ကျောင်းအပ်နှံမယ့်သူတွေကို ကျောင်းလျှောက်လွှာကြေး၊ လေယာဉ်လက်မှတ်နဲ့ ကျောင်းသားဗီဇာကြေးတို့ကိုလည်း အခမဲ့ ပေးသွားမှာဖြစ်ပါတယ်။
ဘယ်တက္ကသိုလ်တွေ ပါဝင်မှာလဲ?
ပွဲတက်ရောက်တဲ့အခါ ရရှိမယ့် အကျိုးကျေးဇူးများ
ပွဲနေရာနှင့်အချိန်
Mandalay
Date : 21st August | 3pm to 7pm
Venue : ibis Styles Mandalay Centre
Yangon
Date : 23rd August | 2pm to 6pm
Venue : PARKROYAL Yangon
ပွဲက ဝင်ကြေးအခမဲ့ဖြစ်ပြီး တက်ရောက်ဖို့ စိတ်ဝင်စားသူတွေဆိုရင် အောက်ကလင့်ခ်ကနေတဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်။
> https://yes2malaysia.com/myanmar/?
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။