တက်ရောက်သူ (၁၃၀) ကျော် ရှိခဲ့တဲ့ YIS Report 2026-2027 မိတ်ဆက်ပွဲ

ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့တဲ့ “The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar" ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ Sky Star ဟိုတယ်မှာ ကျင်းပ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

ပွဲကို နိုင်ငံတကာကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၇၅) ကျောင်းမှ Founder များ၊ Principal များ၊ ဆရာ/ဆရာမကြီးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ ကျောင်းအသစ်ဖွင့်လှစ်လိုသူများနှင့် Panelist များအပါအဝင် စုစုပေါင်း (၁၃၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ ဆရာကြီး ဦးနေအုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ပွဲရဲ့ အဓိက အစီအစဉ်ဖြစ်တဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရန်ကုန်မြို့ နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်အခြေအနေ သုံးသပ်ချက်ကို MMRD ရဲ့ ဥက္ကဌ ဦးမိုးကျော်က တင်ပြ ဆွေးနွေးပေးခဲ့ပါတယ်။

ဒုတိယအနေနဲ့ မြန်မာ့ပညာရေးလမ်းညွှန် (Myanmar Education Guide) Website အကြောင်း မိတ်ဆက်ပြီး Online Self-Classification နှင့် Report ဝယ်ယူပြီး ထပ်ဆောင်း အကျိုးခံစားခွင့်များ ရရှိမယ့်အကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။

Online Self-Classification

> https://www.edge.com.mm/advertise-with-us.html?type=digital

Report Preview

> https://www.edge.com.mm/report.html

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတွေရဲ့ လက်ရှိ အခြေအနေတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အနာဂတ်အလားအလာတွေ အကြောင်းကို...

- နှစ် (၅၀) ကျော် အတွေ့အကြုံရှိ အင်္ဂလိပ်စာ ဆရာကြီး ဦးနေအုပ်၊

- Private International School Association ဥက္ကဌ ဦးရဲထွန်း၊

- NELC ကျောင်းများရဲ့ တည်ထောင်သူ U Nelson Rweel

- MIS ကျောင်းရဲ့ ဒါရိုက်တာ Dr. Kevin Hyland

- MMRD ဥက္ကဌ ဦးမိုးကျော်တို့က ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူတွေကလည်း သိရှိလိုတာများကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

ပွဲတက်ရောက်ခဲ့သူအနေနဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ ဈေးကွက်အခြေအနေတွေနဲ့ ဈေးကွက်အလားအလာ ရှိတဲ့ ကျောင်းတွေကို သိရှိခဲ့ရတဲ့အပြင် တခြားကျောင်းများမှ လုပ်ငန်းရှင်တွေ၊ ဆရာ/ဆရာမကြီးတွေနဲ့လည်း တွေ့ဆုံကာ အတွေ့အကြုံတွေ၊ အမြင်တွေကို မျှဝေနိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သတင်းကောင်းအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့အထိ YIS Industry Report 2026-2027 ကို ဝယ်ယူမယ်ဆိုရင် (၂၀%) လျှော့စျေး ရရှိမယ့်အပြင် စျေးကွက်အစီရင်ခံစာနဲ့ ပတ်သက်ပြီး သိလိုတဲ့ အချက်အလက်တွေကို ချက်ချင်း မေးမြန်းနိုင်မယ့် Report GPT ကိုလည်း လက်ဆောင်ရရှိဦးမှာ ဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းရန်

Phone - 09450408205 , 097654040428

Email - [email protected]

Events & Exhibitions Latest Post Local News Read 79 times