လေးကြိမ်မြောက် “The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar" ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီကြီးတွေအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး လုပ်ငန်းအတွေ့အကြုံ (၃၄) နှစ်ရှိတဲ့ MMRD Industry Insight နှင့် Myanmar Education Guide တို့မှ ကြီးမှူးကျင်းပသွားမှာဖြစ်ပါတယ်။
ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်တန်ဖိုး၊ စျေးကွက်အရွယ်အစား၊ ကျောင်းဖွင့်လှစ်မှုနဲ့ ကျောင်းသားတက်ရောက်မှုအခြေအနေတို့အပြင် အနာဂတ်အလားအလာ သုံးသပ်ချက်တွေကိုပါ သိရှိနားလည်စေဖို့ ဖြစ်ပါတယ်။
ပွဲမှာ ဘာတွေ တင်ပြဆွေးနွေးမှာလဲ?
ပွဲအစီအစဉ်ကြည့်ရန် > https://shorturl.at/BMfMa
ဒီပွဲကို ဘယ်သူတွေ မဖြစ်မနေ တက်ရောက်သင့်သလဲ?
ဘာကြောင့် တက်ရောက်သင့်လဲ?
ပွဲအစီအစဉ်အသေးစိတ်
နေ့ရက် - စက်တင်ဘာ ၂၊ ၂၀၂၆ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )
အချိန် - မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ
နေရာ - Sky Star Hotel (အမှတ် ၅၁/ဘီ-၁၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းမ၊ တာမွေမြို့နယ်၊ ရန်ကုန်၊ မြန်မာ။)
ပွဲအခမ်းအနား တက်ရောက်နိုင်တဲ့ လူဦးရေကို ကန့်သတ်ထားတာဖြစ်တဲ့အတွက် တစ်ကျောင်းကို တာဝန်ရှိသူ (၂) ဦးသာ တက်ရောက်နိုင်ပါတယ်။
ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ မှန်ကန်တိကျတဲ့ ဒေတာအချက်အလက်တွေ၊ စျေးကွက်အခြေအနေနဲ့ အနာဂတ်အလားအလာတွေကို သိရှိခွင့်ရချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုပါမယ်နော်။
စာရင်းပေးသွင်းရန်
> https://forms.gle/XGsJwjxftmga4n596
.png)
အခုလို ပုဂ္ဂလိကကျောင်း စျေးကွက်အစီရင်ခံစာမိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ်၊ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တို့တွင်လည်း ကျင်းပခဲ့ရာ မနှစ်က နိုင်ငံတကာကျောင်းနဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၅၃) ကျောင်းမှ Founder များ၊ Principal များ၊ ဆရာ/ဆရာမကြီးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ ကျောင်းအသစ်ဖွင့်လှစ်လိုသူများနဲ့ Panelist များအပါအဝင် စုစုပေါင်း (၁၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။
ဆက်သွယ်စုံစမ်းရန်
ဖုန်းနံပါတ် - 097654040428 ၊ 09765404039
အီးမေးလ် - [email protected]