Sales Hotline : 09448001653       Download App



ကျောင်းများ အောက်တိုဘာ ၃ ရက်မှ ဖွင့်မည်ဟု မလေးရှားပညာရေးဝန်ကြီး ပြောကြား

ပြည်ထောင်စုအစိုးရက တစ်နိုင်ငံလုံးတွင် ရှိသမျှ ကျောင်းအားလုံးမှာ လူကိုယ်တိုင် တက်ရောက်သင်ယူခြင်း ပြန်လည်စတင်ဖို့ ရက်ရွှေ့ဆိုင်းထားလိုက်ပြီး အောက်တိုဘာလ ၃ ရက်ကျမှ တစ်နိုင်ငံလုံး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ ဝါရင့်ပညာရေးဝန်ကြီး  Datuk Radzi Jidin က ထုတ်ပြန်ကြေညာပါတယ်။ 

မလေးရှားနိုင်ငံမှာ ကျောင်းတွေကို စက်တင်ဘာလ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ အဆိုပြုထားပေနဲ့ လောလောဆယ်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်မားနေဆဲ ဖြစ်တာကြောင့် ရှေ့လဆန်းမှာ ကျောင်းဖွင့်ဖို့ကို တစ်လ နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ မိဘတွေ၊ ပညာရေးဝန်ထမ်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်မားနေချိန်မှာ ယခုလို ရက်ရွှေ့ဆိုင်းပေးလိုက်တာ ဖြစ်ပါတယ်။ 

ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ စာမေးပွဲအကြို သင်ခန်းစာတွေနဲ့ စတင်မယ်လို့လည်း ဝန်ကြီးက အသိပေးပြောကြားခဲ့ပါတယ်။ ဝန်ကြီးက သူရဲ့ Facebook စာမျက်နှာမှာ ဗီဒီယိုတစ်ခု တင်ပြီး အသိပေးပြောကြားခဲ့ပါတယ်။ 

မိဘတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ကျောင်းတွေ ပြန်ဖွင့်ဖို့ ဦးစားပေး လုပ်ကိုင်ရတာက ကျောင်းသူကျောင်းသားတွေ ဘေးကင်းကြတာ သေချာဖို့ ဖြစ်ပါတယ်လို့ သူက ရှင်းပြပါတယ်။ 
မိဘတွေအနေဖြင့် အိမ်အခြေပြု ပညာသင်ယူရေး  home-based teaching and learning (PdPR) ဖြစ်ထွန်းစေဖို့ ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားပါတယ်။ အဆိုပါ သင်ကြားပို့ချမှုဟာ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး အနည်းဆုံးလိုအပ်တဲ့အဆင့်ကို ပေးအပ်ဖို့ လုံလောက်အောင် စီစဉ်ပေးထားတာ စိတ်ချစေလိုကြောင်းလည်း အာမခံချက် ပေးပါတယ်။ 

မလေးရှားမှာ လူကိုယ်တိုင် လာရောက်ပြီး ကျောင်းတက်ဖို့ ကျောင်းတွေကိုမတ်လမှာ ဖွင့်လှစ်ခဲ့ပြီး မေလမှာ ကိုဗစ်လှိုင်းထတာကြောင့် မဖြစ်မနေ ပြန်ပိတ်ခဲ့ရပါတယ်။ ထိုနောက်ပိုင်းမှာ ကျောင်းသူကျောင်းသားတွေ အွန်လိုင်းပို့ချမှုများဖြင့် ပညာဆက်လက် သင်ယူနေခဲ့ရပါတယ်။

malaymail.com
 

International News Read 1024 times