ရခိုင်လူမျိုးများ၏ ပညာရေးတိုးတက်မြင့်မားရေးကို ရည်ရွယ်လျက် ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်တွင် ရခိုင်ပြည်သူများနှင့် ဖွဲ့စည်းထားသော သင်္ဂဟရက္ခိတအဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ပေးပါသည်။
ပညာသင်ဆုထောက်ပံ့ခြင်းခံရသူ ကျောင်းသားများဖြစ်ကြသော ဆေးတက္ကသိုလ် ကျောင်းသား သုံးဦး ၊ နည်းပညာတက္ကသိုလ်ကျောင်းသား သုံးဦး ၊ ပညာရေးတက္ကသိုလ်ကျောင်းသား တစ်ဦး ၊ ပညာရေးကောလိပ်ကျောင်းသား နှစ်ဦး ၊ A.G.T.I ကျောင်းသား တစ်ဦး ၊ M.Sc (Phy) ကျောင်းသား တစ်ဦးတို့အတွက် ပညာရေးထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ် ၃၇ သိန်းကို ထောက်ပံ့ပေးခဲ့ပါသည်။
Source: မြန်မာ့အလင်း