Sales Hotline : 09448001653       Download App



ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ အတွက် ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။

အဆိုပါ ပညာသင်ဆု/ပညာသင်ထောက်ပံ့ကြေးကို ရန်ကုန်စက်မှု တက္ကသိုလ် ရန်ကုန်နည်း ပညာတက္ကသိုလ် ကျောင်းသူကျောင်းသား ဟောင်းများ အဖွဲ့ က ပေးအပ်တာဖြစ်ပါတယ်။

ပညာသင်ဆုကို သင့်လျော်သော အရည်အချင်းနဲ့ ပြည့်စုံသူတွေကို ကျောင်းပြီးဆုံး သည်အထိ ပေးအပ်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား မြောက်ပိုင်းရောက်ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ဟောင်းများ အသင်း Norcal RIT AA ပညာသင်ဆုနဲ့ KMD Foundation ပညာသင်ဆုတွေ ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Norcal RIT AA လျှောက်ထားလိုသူတွေ အတွက် www.norcalritaa.org သို့ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း လျှောက်ထား လိုသူတွေ အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ အဆောင် ၂၊ မြေညီထပ်၊ အခန်းအမှတ် 2-1-1 ကျောင်းသားဟောင်း ရုံးခန်း မှာလည်းကောင်း လျှောက်လွှာရယူ နိုင်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် နောက်ဆုံးထား လျှောက်ထား ရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉၅၁၇၀၃၉၉၊ ၀၉၅၁၅၂၁၁၄ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

Local Read 1473 times