Sales Hotline : 09448001653       Download App



နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

ယခုပညာသင်နှစ်၏ နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပထမနှစ်သင်တန်းများကို တက်ရောက်လျှက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ မည်သူမဆို ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်မည် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ကျပ် ၃၀၀၀၀ (သုံးသောင်း) (ဆယ်လစာကျပ်သုံးသိန်း) ကို ထောက်ပံ့ပေးမည် ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၈၀၀၀ ခန့်ကို ယင်းပညာသင် ထောက်ပံ့ကြေးများ ပေးအပ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး အဓိကသတ်မှတ်ချက်က တကယ်ဆင်းရဲပြီး ကျောင်းဆက်တက်ဖို့ အခက်အခဲရှိနေတဲ့ ကလေးများအတွက် အဓိကရည်ရွယ်ပါတယ်။ ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတာတွေကတော့ အများကြီးပါပဲ။ စာမေးပွဲကျလို့ မရဘူး။ ကျောင်းစည်းကမ်း လိုက်နာရမယ် စသဖြင့်ပေါ့"

READ - TOP ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာဒါန လျှောက်လွှာ ခေါ်ယူခြင်း

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများသည် ထောက်ပံ့ကြေးပေးအပ်ခြင်းခံရပါက ပထမနှစ်မှ စတင်ပြီး ဘွဲ့ရသည်အထိ ထောက်ပံ့ခြင်းခံရမည် ဖြစ်သည်။

ထောက်ပံ့ကြေးများကို သတ်မှတ်ထားသော စည်းကမ်းများထဲမှ ဖောက်ဖျက်မိပါက ပညာသင်ထောက်ပံ့ခြင်းများကို ပြန်လည် ရုပ်သိမ်းခြင်းခံရမည် ဖြစ်သည်။

လျှောက်ထားမည့်သူများသည် အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ ဖြစ်ရန် လိုအပ်ပြီး ပညာသင်ထောက်ပံ့ကြေးကို စာမေးပွဲကျရှုံးခြင်းမရှိပါက ဘွဲ့ရသည်အထိ ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။

တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၈၀၀၀ ကို ပေးအပ်မည်ဖြစ်ကြောင်း လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို မိမိတို့ နေထိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

READ - အ​ခြေခံပညာ အထက်​တန်းအဆင့်​ ​ကျောင်းသား/သူများအတွက်​ YSE ပညာသင်​ဆု

Local Read 1087 times