Sales Hotline : 09448001653       Download App



အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ University of the West of Scotland မှ Doctor of Business၊ MBA နှင့် BA Business ဘာသာရပ်များ မြန်မာနိုင်ငံမှ ကျောင်းသားများအား ပညာသင်ဆု ပေးအပ်မည်

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ University of the West of Scotland မှ Doctor of Business၊ MBA နှင့် BA Business ဘာသာရပ်များ မြန်မာနိုင်ငံမှ ကျောင်းသားများအား ပညာသင်ဆု ပေးအပ်မည်

 

UWS မှ DBA ၏ အားသာချက်မှာ ဒေါက်တာဘွဲ့ ကျောင်းဝင်ခွင့်အတွက် Proposal နှင့် Supervisor မလိုဘဲ မာစတာဘွဲ့တွင် ပျမ်းမျှအမှတ် ၅၈% ခန့် ရရှိထားပြီး IELTS 6.5 ရရှိရမည်ဖြစ်ပါသည်။  

 

DBA ကို Coursework အဖြစ် ၃ နှစ်တက်ရောက်ရမည် ဖြစ်ကာ ကုန်ကျစရိတ်အနေဖြင့် ပညာသင်ဆုပါဝင်ပြီး သုံးနှစ်စာ သိန်း ၂၀၀ ၀န်းကျင် ကုန်ကျမည်ဖြစ်ပါသည်။ ထို့ပြင် DBA ပြီးပြီးနောက် လန်ဒန်တွင် နေထိုင် ခွင့် (၁) နှစ်လည်း ရရှိမည်ဖြစ်ပါသည်။

 

READ - တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ရာနှုန်းပြည့် Full Scholarship နှင့် 30 Asian Bursary ပညာသင်ဆုများ အခမဲ့လျှောက်ထားနိုင်

 

UWS ၏ MBA သည် ကမ္ဘာ့အသိအမှတ်ပြုမှုရရှိထားပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေါင်းဆောင်တစ်ဦး အနေဖြင့် သိရှိကျွမ်းကျင်ရမည့် Strategic Analytical skills, Business Intuition and Enquiring ၊ Adaptive Thinking တို့ကို အဓိကထားသော ကျောင်းဖြစ်သောကြောင့် MBA ကျောင်းသားများအတွက် အထူး သင့်တော်သော ကျောင်းဖြစ်ပါသည်။ MBA ဘွဲ့ဒီဂရီ ရရှိရန် (၁) နှစ်သာ တက်ရောက်ရမည်ဖြစ်ကာ ပညာသင်ဆု ပါဝင်ပြီး သိန်း (၁၀၀) ၀န်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ပါသည်။

 

BA (Hons) Business တက်ရောက်လိုသူများသည် (၂) နှစ်တက်ရောက်ရမည်ဖြစ်ကာ တစ်နှစ်လျှင် ပညာသင်ဆု အပါအ၀င် သိန်း (၁၂၀) ခန့်သာ ကုန်ကျမည်ဖြစ်ပါသည်။ ကျောင်းဝင်ခွင့် အနေဖြင့် တက္ကသိုလ် တက်ရောက်နေသူများ၊ ၁၂ တန်း ပညာရေးပြီးထားသူများ၊ IGCSE A Level ပြီးထားသူများ၊ HND ပြီးထားသူများ၊ ABE Level 3၊ 4 နှင့် LCCI Level 3 ပြီးထားသူများ လျှောက်ထားတက်ရောက်နိုင်ပါသည်။ UKVI - IELTS 6.0 ရရှိထားရန် လိုအပ်ပါသည်။

 

အင်္ဂလန်နိုင်ငံတွင်တည်ရှိသော University of the West of Scotland (UWS) သည် စကော့တလန်၏ မော်ဒန် တက္ကသိုလ်ကြီးများထဲမှ တစ်ခု အပါအ၀င်ဖြစ်သည်။ WUS ၏ London Campus တွင် တက်ရောက်ရမည် ဖြစ်သည်။

 

University of the West of Scotland (UWS) ကျောင်းသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများ၊ စီးပွားရေးနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်မှုတို့ဖြင့် စကော့တလန်၏ အကြီးဆုံးစီးပွားရေးကျောင်းအဖြစ် ရပ်တည်လျှက်ရှိပါသည်။

 

UWS ၏ ရည်ရွယ်ချက်မှာလည်း စီးပွားရေးနယ်ပယ်၏ Economic ၊  Social နှင့် Cultural Development များ ပြောင်းလဲတိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် UWS မှ စီးပွားရေးဘာသာရပ်များဖြင့် ကျောင်းပြီးသူများအတွက် ပြည်တွင်း၊ ပြည်ပ အလုပ် အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

 

UWS ၏ ကျောင်းအကြောင်း၊ ကျောင်းဝင်ခွင့် လိုအပ်ချက်များ အသေးစိတ် သိရှိလိုပါက 09 506 2171, 09 777 223 225 သို့ ဆက်သွယ် မေးမြန်းနိုင်ပြီး ရုံးကို လာရောက်ဆွေးနွေးလိုပါက AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ) အမှတ် (၆၇)၊ မြေညီထပ်၊ ဘုန်းကြီးလမ်း (အလယ်ဘလောက်)၊ လမ်းမတော်သို့ လာရောက်မေးမြန်းနိုင်ပါသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

International Read 1450 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176