Sales Hotline : 09448001653       Download App



တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးစီးသည်အထိ နှစ်စဉ် ပေးအပ်မည့် ပညာသင်​ဆု​ ထောက်​ပံ့မည့်​ အစီအစဉ်

တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးစီးသည်အထိ နှစ်စဉ် ပေးအပ်မည့် ပညာသင်​ဆု​ ထောက်​ပံ့မည့်​ အစီအစဉ်

EXCELLENT FORTUNE FOUNDATION မှ နိုင်ငံတော်အတွက် အကျိုးပြုမည့် စံပြ သားကောင်းရတနာနှင့် သမီးကောင်းရတနာများ ပိုမို ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးစီးသည် အထိ နှစ်စဉ် ပေးအပ်မည့် ပညာသင် ဆု ထောက် ပံ့မည့်  အစီအစဉ် အား စတင်လိုက်ပြီ ဖြစ်ပါသည်။

                           ပညာသင်ဆု ထောက်ပံ့ပေးမည့် အစီအစဉ်

၁။ ကျွန်တော်များ EXCELLENT FORTUNE FOUNDATION ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဒေါ်နန်းခင်မြင့်ရီ တို့မှ ဦးဆောင်၍ ဒေသအသီးသီးရှိ ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာ အထောက်အကူပြု ပါဝင်လှူဒါန်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ထောင်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

၂။ ပညာရည်မြင့်မားပြီး နိုင်ငံတော်ကို အကျိုးပြုမည့် ထူးချွန်ထက်မြက်သည့် စံပြ သားကောင်းရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွန်းလာရေးသည် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံ အုတ်မြစ် ဖြစ်ပါသည်။

၃။ သို့ပါ၍ ကျွန်တော်များ EXCELLENT FORTUNE FOUNDATION အနေဖြင့် အနာဂါတ်ကာလတွင် နိုင်ငံတော် အတွင်း ပညာတတ်သူများ ပိုမို ပေါ်ထွန်းလာစေရေးအတွက် ပညာရည်ထူးချွန်ပြီး အောက်ဖေါ်ပြပါ တက္ကသိုလ် များသို့ "၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ် ကျောင်းတက်ခွင့် ရရှိသူနှင့် ကျောင်းတက်နေသူများအနက် ငွေကြေး အမှန်တကယ် အခက်အခဲရှိသူများအား ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးသည်အထိ ပညာသင်ဆု များကို နှစ်စဉ် ထောက်ပံ့ပေးမည် ” ဖြစ်ပါသဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများမှ လျှောက်ထားနိုင်ပြီး ဘုတ်အဖွဲ့၏ စီစစ်ရွေးချယ်ခြင်း ခံရသူများအား ပညာသင်ဆု ထောက်ပံ့ငွေများကို လစဉ် ပေးအပ်ချီးမြှင့်သွားပါမည်။

စဉ်

တက္ကသိုလ်အမည်

ဦးရေ

က

ဆေးတက္ကသိုလ်

၁၆

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်

ရန်ကုန်နည်းပညာ တက္ကသိုလ် (COE )

မန္တလေးနည်းပညာတက္ကသိုလ် (COE )

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (COE )

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်

 

စုစုပေါင်း ကျောင်းသား/ သူ ဦးရေ

၅၀

၎။ ပညာသင်ဆု ရွေးချယ်ခြင်း ခံရသူများကို နှစ်စဉ် ကျောင်းဖွင့်ရက်များအတွက် လစဉ် ( ၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ နှစ်စဉ် ကျောင်းပိတ်ရက်များအတွက် လစဉ်(၅၀,၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ပညာသင်ဆုများကို လစဉ် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

၅။ EXCELLENT FORTUNE FOUNDATION အမှတ် ၅(က)၊ ပြည်လမ်း၊ အမှတ်(၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သိုပညာသင်ဆု လျှောက်ထားသူမှာ ( ၃၁. ၁. ၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ စာရွက် စာတမ်းများ ပြည့်စုံစွာဖြင့် ပေးပို့ လျှောက်ထားနိုင်ပြီး လိုအပ်ပါက အထက်ဖေါ်ပြပါ လိပ်စာတွင် လူတွေ့စစ်ဆေးခြင်းနှင့် လျှောက်ထားသူ၏ နေအိမ်သို့ ကြိုတင်အသိပေးမည်မဟုတ်ဘဲ မိမိတို့ အစီအစဉ်ဖြင့် သွားရောက် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာသင်ဆု ထောက်ပံ့ရန် အမှန်တကယ် လိုအပ်သူများကိုသာ စီစစ်ရွေးချယ်၍ ထိုက်တန်စွာ ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ပါသည်။

               *** ပေးပို့ရမည့် စာရွက်စာတမ်းများ

(က) မှန်ကန်၊ ပြည့်စုံစွာ ဖြည့်စွက်ထားသည့် ပညာသင်ထောက်ပံကြေး လျှောက်လွှာမူရင်း

(ခ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

(ဂ) သန်းခေါင်စာရင်းမိတ္တူ

(ဃ) (၁) လ အတွင်း ထင်ရှားစွာရိုက်ကူးထားသည့် (၂” x ၂”) Size နောက်ခံ အပြာရောင် လိုင်စင်ဓါတ်ပုံ(၃)ပုံ

(င) (၁) လ အတွင်း နေအိမ်ကို နောက်ခံထား၍ ထင်ရှားစွာရိုက်ကူးထားသည့် ( ၆" x ၈" ) Size မိသားစုရောင်စုံ ဓါတ်ပုံ(၁)ပုံ

(စ) တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းမိတ္တူ

(ဆ) သက်ဆိုင်ရာ တက္ကသိုလ်တက်ရောက်ခွင့်မိတ္တူ

(ဇ) ပထမနှစ် တက်ရောက်နေပါက ကျောင်းသားရေးရာဌာန၏ ထောက်ခံစာ မူရင်းနှင့် ကျောင်းသားကဒ် မိတ္တူ

(ဈ) ရရှိခဲ့ဖူးသည့် ပညာရည်ထူးချွန်မှုဆိုင်ရာ အထောက်အထားမှတ်တမ်းများ မိတ္တူ

(ည) တက္ကသိုလ်ဆက်တက်ရန် ငွေကြေးအခက်အခဲရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်မူရင်း

(ဋ) တက္ကသိုလ်ဆက်တက်ရန် ငွေကြေးအခက်အခဲရှိကြောင်း မိဘ / အုပ်ထိန်းသူ၏ ဝန်ခံချက်မူရင်း

(ဌ) ပညာသင်ဆု ထောက်ပံ့ငွေ ခံစားရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပါကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်မူရင်း

(ဍ) ပညာသင်ဆု ထောက်ပံ့ငွေ ခံစားရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပါကြောင်း လျှောက်ထားသူ မိဘ / အုပ်ထိန်းသူ၏ ဝန်ခံချက်မူရင်း

(ဎ) လျှောက်ထားသူ မိဘ ညီအကိုမောင်နှမများ၏ အလုပ်အကိုင်၊ လစဉ်ဝင်ငွေ၊ ပညာရေး အခြေအနေတို့ကို အထောက်အထားရှိပါက ပူးတွဲတင်ပြရန်

(ဏ) လျှောက်ထားသူကိုယ်တိုင်၊ မိဘအုပ်ထိန်းသူ၊ အခြားယုံကြည်ထိုက်သူတစ်ဦး စုစုပေါင်း (၃) ဦး တို့၏ ကိုယ်တိုင်လက်မှတ်ရေးထိုးလျှက် သီးခြားစီရေးသားထားသည့် ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်း ရှင်းလင်းတင်ပြချက်မူရင်း

(တ) လျှောက်ထားသူ၏ အခြားပုဂ္ဂိုလ်အဖွဲ့အစည်းများထံမှ ထောက်ပံ့မှုကို ရယူထားခြင်းမရှိကြောင်း ဝန်ခံချက်မူရင်း

(ထ) EXCELLENT FORTUNE FOUNDATION ၏ ပညာသင်ဆုထောက်ပံ့ငွေဖြင့် ဘွဲ့ရရှိပြီးပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်မူရင်း

               ***စည်းကမ်းချက်များ

(၁) ပညာသင်ဆုရရှိသူသည် တစ်နှစ်တစ်တန်း အောင်မြင်အောင် တာဝန်ယူမည်ဖြစ်ပါကြောင်းနှင့် စာမေးပွဲ ကျရှုံးခြင်း၊ လက်ရှိကျောင်းမှ ကျောင်းထွက်ခြင်း ရှိပါက FOUNDATION သို့ ချက်ချင်း အကြောင်းကြားရမည်။ (သက်ဆိုင်ရာ တက္ကသိုလ်မှ ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့် မရရှိလျှင်လည်း စာမေးပွဲကျသည်ဟု မှတ်ယူရမည်။) ထိုသို့ဖြစ်ပေါ်ပါက ပညာသင်ထောက်ပံ့ကြေးကို ဆက်လက်ထောက်ပံ့မည်မဟုတ်ပါ။

(၂) ပညာသင်ဆု လျှောက်ထားခဲ့သော ဝန်ခံချက်တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ပါက ပညာသင်ဆု ထောက်ပံ့ခြင်းမှ ရပ်စဲပါမည်။

(၃) ပညာသင်ထောက်ပံ့ကြေးကို မမှန်မကန် လျှောက်ထားခြင်း / မမှန်မကန် ထုတ်ယူခံစားခြင်း ရှိပါက ဥပဒေအရ တရားစွဲဆို အရေးယူခြင်း ခံရပါမည်။

(၄) ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခြင်း ခံရပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းပါမည်။

(၅) ရရှိသည့် ပညာသင်ထောက်ပံ့သည့်ဆုကို အခြားတစ်ဦးဦးသို့ လွှဲပြောင်းခွင့် မရှိပါ။

(၆) ပညာသင်ထောက်ပံသည့်ဆုကို ငွေသား တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော် လည်းကောင်း လဲလှယ်တောင်းဆိုခွင့် မရှိပါ။

(၇) FOUNDATION လိုအပ်ချက်ကြောင့် အခါအားလျော်စွာ ထပ်မံ၍ ပြင်ဆင်ဖြည့်စွက်သည့် စည်းကမ်း သတ်မှတ်ချက်များကိုလည်း အတိအကျ လိုက်နာရမည်။

(၈) မည်သည့် အကြောင်းကိစ္စဖြစ်စေ EXCELLENT FORTUNE FOUNDATION ဘုတ်အဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်သည်။

TEL: (0095-1) 507 496, 407 497. Fax: (0095-1) 535 768

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

 

စဉ်

တက္ကသိုလ်အမည်

ဦးရေ

က

ဆေးတက္ကသိုလ်

၁၆

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်

ရန်ကုန်နည်းပညာ တက္ကသိုလ် (COE )

မန္တလေးနည်းပညာတက္ကသိုလ် (COE )

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (COE )

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်

 

စုစုပေါင်း ကျောင်းသား/ သူ ဦးရေ

၅၀

 

 

Local Read 4825 times