Sales Hotline : 09448001653       Download App



ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများ ခေါ်ယူခြင်း

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများ ခေါ်ယူခြင်း

နည်းပညာတက္ကသိုလ် (မန္တလေး) လူမှုရေး အသင်းကြီးမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် ပညာသင်ထောက်ပံ့ကြေး ရယူလိုသော ကျောင်းသား/သူများအနေဖြင့် ယနေ့မှစ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် လူမျိုး ဘာသာမရွေး၊ အတန်းပညာအရည်အချင်း ကန့်သတ်မှုမရှိ၊ ပညာဆက်လက်သင်ကြားနိုင်ရန် အခက်အခဲရှိသော မည်သည့်အင်ဂျင်နီယာ ဗိသုကာ ​ကျောင်းသား/ကျောင်းသူများကိုမဆို အခက်အခဲမရှိ ပညာဆက်လက်သင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်သော အစီအစဉ်ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် ပထမနှစ် သင်တန်းမှစ၍ နောက်ဆုံးနှစ် (6BE)သင်တန်းအထိ ပညာသင်ထောက်ပံ့ကြေး ရယူလိုသော ကျောင်းသား/ကျောင်းသူများသည် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားလိုသော ကျောင်းသား/သူများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများကို အောက်ဖော်ပြပါ နေရာတွင် အခမဲ့ ရယူလျှောက်ထားနိုင်ပါသည်။

နေရာ - Main Building ပထမထပ်၊ လူမှုရေးအသင်းရုံးခန်း
အချိန် - နေ့လယ် (၁၁း၄၀)နာရီမှ (၁၂း၄၀)နာရီထိ

မှတ်ချက် >>> လျှောက်လွှာနောက်ဆုံးလက်ခံရက်
၂၈.၁၂.၂၀၁၈ သောကြာနေ့၊ ညနေ (၄း၀၀)နာရီ

Local Read 1337 times