Sales Hotline : 09448001653       Download App



သင်ရိုးသစ်အတန်းများအတွက် Digital Text များအဆင်သင့်ရှိနေ

** Unicode **

၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာစတင်အသုံးပြုမည့် Grade-4၊ Grade-7၊ Grade-10 အတန်းများအတွက် ကျောင်းသုံးစာအုပ်များနှင့် ဆရာကိုင်လမ်းညွှန်များကို Digital Format ဖြင့် ဆောင်ရွက်ပြီးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးမှသိရပါတယ်။

အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများအတွက် KG၊ Grade-1၊ Grade-2၊ Grade-3 နှင့်ပတ်သက်သည့် ဖတ်စာအုပ်များ၊ သင်ခန်းစာများ၊ ဆရာကိုင်နှင့် အထွေထွေသင်ကြားရေးအထောက်အကူပြုစာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒများ၊ ဥပဒေနှင့်ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များကို အလွယ်တကူလက်လှမ်းမီလေ့လာနိုင်မည့် အင်တာနက်ဒေတာအသုံးပြုရန် မလိုအပ်သော DBE Box များကို တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ရေးသားပြုစုထားသည့်   Creative Common License ရရှိထားသော သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုသင်ခန်းစာများကို DBE Box များတွင်ထည့်သွင်းပြီး ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ KG+12 အစီအစဉ်ဖြင့်ဆောင်ရွက်လျင်ရှိသည့် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုတွင် သင်ရိုးသစ် Grade-1၊Grade-2၊ Grade-3၊ Grade-6 တန်းများအတွက် ကျောင်းသုံးစာအုပ်များ၊ ဆရာကိုင် လမ်းညွှန်စာအုပ်များကို Digital Format ဖြင့်ပြုစုပြီး Softcopy များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ပုံနှိပ်ရန်ပေးပို့ဆောင်ရွက်လျက်ရှိသည့်အတွက် တင်ပြပါ သင်ရိုးသစ်အတန်းများအတွက် Digital Text  များအသင့်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။

Read More:>>>  ျမန္မာႏိုင္ငံ တိုင္းရင္းသားဘာသာစကား ဦးစီးဌာန၏ ရည္႐ြယ္ခ်က္ႏွင့္ လုပ္ငန္းတာဝန္မ်ား

Grade-4၊ Grade-7၊ Grade-10 အပြင် ကျန်ရှိသည့်အတန်းများအတွက် သင်ခန်းစာများကိုလည်း Digital Format ရှိနေပြီဖြစ်၍ Tablet များတွင် ထည့်သွင်းအကောင်အထည်ဖော်ရန်အသင့်ရှိနေပြီဖြစ်ပြီး ဆောင်ရွက်ပြီးဖြစ်သည့် Digital Format များဖြင့် ပြုစထားသည့်သင်ခန်းစာများကို ပညာရေးမူဝါဒကော်မရှင်၏ Web Page ဖြစ်သည့် www.nepc.edg.mm နှင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ Website များတွင် Download ရယူအသုံးပြုနိုင်မည်ဟုသိရပါတယ်။

Credit: Internet

** Zawgyi **

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွာစတင္အသံုးျပုမည့္ Grade-4၊ Grade-7၊ Grade-10 အတန္းမ်ားအတြက္ ေက်ာင္းသံုးစာအုပ္မ်ားႏွင့္ ဆရာကိုင္လမ္းညႊန္မ်ားကို Digital Format ျဖင့္ ေဆာင္ရြက္ၿပီးျဖစ္သည္ဟု ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွသိရပါတယ္။

အေျခခံပညာဦးစီးဌာနအေနျဖင့္ အေျခခံပညာေက်ာင္းမ်ားရွိ ဆရာ/ဆရာမမ်ားအတြက္ KG၊ Grade-1၊ Grade-2၊ Grade-3 ႏွင့္ပတ္သက္သည့္ ဖတ္စာအုပ္မ်ား၊ သင္ခန္းစာမ်ား၊ ဆရာကိုင္ႏွင့္ အေထြေထြသင္ၾကားေရးအေထာက္အကူျပဳစာအုပ္မ်ား၊ ပညာေရးဆိုင္ရာမူဝါဒမ်ား၊ ဥပေဒႏွင့္ျပဳျပင္ေျပာင္းလဲမႈေဆာင္ရြက္ခ်က္မ်ားကို အလြယ္တကူလက္လွမ္းမီေလ့လာႏိုင္မည့္ အင္တာနက္ေဒတာအသံုးျပုရန္ မလိုအပ္ေသာ DBE Box မ်ားကို တပ္ဆင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာတကၠသုိလ္မ်ားႏွင့္ ပညာေရးဆိုင္ရာ အဖြဲ႔အစည္းမ်ားမွ ေရးသားျပဳစုထားသည့္   Creative Common License ရရွိထားေသာ သင္ၾကားမႈ၊ သင္ယူမႈအေထာက္အကူျပဳသင္ခန္းစာမ်ားကို DBE Box မ်ားတြင္ထည့္သြင္းၿပီး ေရွ႕ေျပးစမ္းသပ္မႈ အစီအစဥ္မ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ KG+12 အစီအစဥ္ျဖင့္ေဆာင္ရြက္လ်င္ရွိသည့္ အေျခခံပညာအဆင့္ သင္ရိုးညႊန္းတမ္းျပဳျပင္ေျပာင္းလဲမႈတြင္ သင္ရိုးသစ္ Grade-1၊Grade-2၊ Grade-3၊ Grade-6 တန္းမ်ားအတြက္ ေက်ာင္းသံုးစာအုပ္မ်ား၊ ဆရာကိုင္ လမ္းညႊႏ္စာအုပ္မ်ားကို Digital Format ျဖင့္ျပဳစုၿပီး Softcopy မ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာနသို႔ ပံုႏွိပ္ရန္ေပးပို႔ေဆာင္ရြက္လ်က္ရွိသည့္အတြက္ တင္ျပပါ သင္ရိုးသစ္အတန္းမ်ားအတြက္ Digital Text  မ်ားအသင့္ရွိမည္ျဖစ္ေၾကာင္း သိရပါတယ္။

Read More:>>>>  ျမန္မာႏိုင္ငံ တိုင္းရင္းသားဘာသာစကား ဦးစီးဌာန၏ ရည္႐ြယ္ခ်က္ႏွင့္ လုပ္ငန္းတာဝန္မ်ား

Grade-4၊ Grade-7၊ Grade-10 အျပင္ က်န္ရွိသည့္အတန္းမ်ားအတြက္ သင္ခန္းစာမ်ားကိုလည္း Digital Format ရွိေနၿပီျဖစ္၍ Tablet မ်ားတြင္ ထည့္သြင္းအေကာင္အထည္ေဖာ္ရန္အသင့္ရွိေနၿပီျဖစ္ၿပီး ေဆာင္ရြက္ၿပီးျဖစ္သည့္ Digital Format မ်ားျဖင့္ ျပဳစထားသည့္သင္ခန္းစာမ်ားကို ပညာေရးမူဝါဒေကာ္မရွင္၏ Web Page ျဖစ္သည့္ www.nepc.edg.mm ႏွင့္ ပညာေရးသုေတသန၊ စီမံကိန္းႏွင့္ေလ့က်င့္ေရးဦးစီးဌာန၏ Website မ်ားတြင္ Download ရယူအသံုးျပဳႏိုင္မည္ဟုသိရပါတယ္။

Credit: Internet

News Tips Latest Post Read 15502 times