Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ

** Unicode **

** ရည်ရွယ်ချက်**
- မြန်မာဗျည်း၊ သရ၊ အက္ခရာ၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်းသတ်ပုံ၊ အနက် အဓိပ္ပာယ်၊ အသံထွက်၊ သဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ ထုံးမီစံမျှ မှန်ကန်တိကျစေရေး၊ အဓွန့်ရှည်စွာ တည်တံ့ရေးနှင့် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်ရန်။

- မြန်မာစာသည် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားအားလုံး၏ ဘုံဘာသာစကား အဖြစ်လည်းကောင်း၊ တိုင်းရင်းသားအားလုံး၏ စည်လုံးရေးမဏ္ဍိုင် အဖြစ်လည်းကောင်း ဆက်လက်ရပ်တည်နိုင်ရေး ထိန်းသိမ်းရန်။

- မြန်မာဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားနှင့် နိုင်ငံခြားဘာသာ စကားများ အပြန်အလှန် ဘာသာပြန်စနစ် တည်ဆောက်ရန်။
 

** လုပ်ငန်းတာဝန် **
- ဝေါဟာရပြည့်စုံသော၊ စာလုံးပေါင်း သတ်ပုံအရာ၌ ထုံးမီစံမျှဖြစ်သော၊ အနက် အဓိပ္ပာယ် မှန်ကန်တိကျသော၊ အကိုးအထောက် ခိုင်မာစုံလင်သော၊ ခေတ်မီစနစ် ကျသော မြန်မာအဘိဓာန်များ ပြုစုခြင်း။

- မြန်မာစာအရေးအသား မှန်ကန်မှု၊ ရှင်းလင်းမှု၊ ကျစ်လျစ်မှု၊ ထိမိမှုကို အထောက်အကူ ဖြစ်စေနိုင်မည့် မြန်မာသဒ္ဒါကျမ်းများ ပြုစုခြင်း။

- တိုင်းရင်းသားစာပေ၊ ဘာသာစကား သင်ကြားရေးကို အထောက်အကူပြုခြင်း အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်လှုမှုရေးဝန်ကြီးများအား ကူညီပေါင်းစပ်ခြင်း၊  တိုင်းရင်းသားစာပေ၊ ဘာသာစကားအားလုံး၏ စုစည်းရာ ပေါင်းစပ်ညှိနှိုင်းရေး ဌာနအဖြစ်ပံ့ပိုးခြင်း။

Read More:>>>  သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်သူ သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

- အင်္ဂလိပ်၊ မြန်မာဘာသာပြန်ဆိုခြင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံမှုများပြားသော နိုင်ငံများ၏ နိုင်ငံခြားဘာသာစကားများနှင့် မြန်မာဘာသာတို့ အပြန်အလှန် ဘာသာပြန်ဆိုခြင်း၊ တိုင်းရင်းသားသာတို့ အပြန်အလှန် ဘာသာပြန်ဆိုခြင်း၊ နှစ်ဘာသာ အိတ်ဆောင် အဘိဓာန် ထုတ်ဝေခြင်း။
(Ministry of Education)
(www.edge.com.mm)

** Zawgyi **

** ရည်ရွယ်ချက်**


 

** လုပ်ငန်းတာဝန် **



Read More:>>>>  သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်သူ သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

(Ministry of Education)
(www.edge.com.mm)

News Tips Latest Post Read 2077 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176