အိန္ဒိယတွင် ကူးစက်ရောဂါကြောင့် e-learning သို့ လျင်မြန်စွာပြောင်းလဲခြင်း


COVID-19 ရောဂါကူးစက်မှုကို ဆိုးရွားစွာထိခိုက်ခံရသော အိန္ဒိယရှိ ကျောင်းသားပေါင်း သန်း ၃၂၀ သည် e-learning သို့ ကူးပြောင်းခဲ့သည်။

ကျောင်းသူကျောင်းသားများနှင့် ပညာရှင်များအားလုံးအတွက် အင်တာနက်နှင့် နည်းပညာသုံးစွဲနိုင်မှု ကွာဟမှုများကြောင့် ဤအကူးအပြောင်းသည်  ပါဝင်ပတ်သက်သူ အားလုံး အကျုံးဝင်သည့်အထိတော့ မဖြစ်နိုင်သေးကြောင်းသိရသည်။

ကူးစက်ရောဂါကြောင့် e-learning သို့ လျင်မြန်စွာပြောင်းလဲခြင်းသည် အိန္ဒိယတွင် နှစ်အတန်ကြာမြင့်မည် ဖြစ်ပြီး တန်းတူမဖြစ်သောပြဿနာများနှင့်အတူ အနာဂတ်စီးပွားရေး၊ ပညာရေးနှင့် ဒီဂျစ်တယ်မူဝါဒများဖြင့် ဖြေရှင်းရန်လိုအပ်သော ဒစ်ဂျစ်တယ် ကွဲပြားမှုကို ပေါ်ပေါက်စေခဲ့သည်ဟုသိရသည်။

No description available.

COVID-19 ကြောင့် အိန္ဒိယရှိ ပညာရေးစနစ်သည် အကျပ်အတည်းသစ်နှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ ကာလတိုသင်ယူမှု ရလဒ်များ ရရှိသော်ငြားလည်း  ကျောင်းရက်ရှည်ပိတ်ခြင်းသည် လူသားအရင်းအမြစ်ဆုံးရှုံးမှုနှင့် ရေရှည်တွင် စီးပွားရေးအခွင့်အလမ်းများကို လျော့နည်းစေသည်ဟုသိရသည်။

စာမေးပွဲများအရ ပညာရေးရလဒ်များ နိမ့်ကျနေခြင်း။ ပညာရေးဆုံးခန်းမတိုင်ခင် ကျောင်ထွက်သည့်နှုန်း မြင့်မားခြင်း၊ ပညာရေးသင်ယူမှုများအတွက် အခြေခံအဆောက်အအုံ အားနည်းခြင်းတို့၏ ပညာရေးအပေါ်သက်ရောက်မှုကို ပိုမိုနက်ရှိုင်းစွာ မြင်နိုင်လိမ့်မည်ဖြစ်သည်။

အိန္ဒိယနှင့် ၎င်း၏လူမျိုးများအတွက် ၎င်းသည်ဘာကိုဆိုလိုသနည်း။
အိန္ဒိယသည် တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကျောင်းစနစ်ရှိသည်။ COVID-19 အကျပ်အတည်းကြားတွင် ရောဂါကူးစက်မှုကို ထိန်းသိမ်းရန် ကျောင်းများပိတ်ခြင်းသည် လက်တွေအကျဆုံး ဖြေရှင်းနည်းဖြစ်သည်။ ထိုသို့ကြာရှည်စွာပိတ်ခြင်းသည် ပညာရေတွင် အထိခိုက်လွယ်ဆုံး ကျောင်းသားများအပေါ်  ဆိုးကျိုးသက်ရောက်စေသည်။ ကူးစက်ပျံ့နှံ့မှုသည် ပညာရေးဆိုင်ရာမညီမျှမှုကို ဖြစ်စေရုံသာမက လက်ရှိဖြစ်ပေါ်နေသော အခြားမညီမျှမှုကိုလည်း ပိုမိုဆိုးရွားစေသည်။

အိန္ဒိယတွင် ပညာသင်ယူသူ စုစုပေါင်း သန်း ၃၂၀သည် ကူးစက်ရောဂါ၏ ဆိုးရွားစွာထိခိုက်ခြင်းခံရပြီး e-learning  ဆီသို့ ကူးပြောင်းကြရသည်။ e-learning ကဏ္ဍတွင် ကျောင်းပေါင်း ၁ ဒသမ ၅ သန်း ပါဝင်သည့် ကွန်ရက် တစ်ခု ရှိသည်။ NSSO 2014  အစီရင်ခံစာအရ ကလေး ၃၂ သန်းသည် ကူးစက်ရောဂါ မတိုင်ခင်ကတည်းက ကျောင်းထွက်ထားပြီးသူများ ဖြစ်ကြသည်။ ထိုအထဲတွင် အများစုသည် အောက်ကျနောက်ကျနိုင်လှသော အလုပ်နေရာမျိုးဖြင့် အလုပ်ဝင်လုပ်ကြသည်။

အစိုးရသည် အိန္ဒိယကို ဒစ်ဂျစ်တယ်တော်လှန်ရေး ဆောင်ရွက်စေခဲ့သည်။  မတူကွဲပြားသော ဘာသာစကားမျိုးစုံရှိသည့် တိုင်းပြည်ဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း မကြာသေးမီက ရေးဆွဲခဲ့သော ပညာရေးပေါ်လစီသစ်၏ ထောက်ခံမှုအရ e-learning ပလက်ဖောင်းများသည် ဘာသာစကားအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးနှင့် နေထိုင်မှုပုံစံအမျိုးမျိုးကို ပုံတူပွားမရပါ။ အကယ်၍ e-learning သည် ပုံမှန်အတိုင်း ဖြစ်သည်ဆိုပါက ပညာရေးတွင် တန်းတူညီမျှမှုနှင့် အရည်အသွေးကို သေချာစေရန် digital စနစ်၏ ဖြစ်နိုင်ခြေကိုဖြေရှင်းရန် နောက်ထပ် လုပ်ဆောင်ရမည်ဖြစ်သည်။

လည်ပတ်လုပ်ကိုင်ရန် ဝန်ထုပ်ဝန်ပိုး
 e-learning သည် နည်းပညာရရှိနိုင်မှုနှင့် အသုံးပြုနိုင်မှုအပေါ်မူတည်သည်။ သို့သော်အွန်လိုင်းပညာရေး၏ အားသာချက်ကိုယူရန် လျှပ်စစ်မီးရရှိမှု နည်းပါးခြင်း (သို့) လုံးဝမရှိခြင်းသည် အဟန့်အတား တစ်ခု ဖြစ်နေသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် ၂၀၁၇-၁၈ စစ်တမ်းအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် အိန္ဒိယအိမ်ထောင်စုများ၏ ၄၇ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ၁၂ နာရီအထက် ရရှိသည်ဟုသိရသည်။ အိန္ဒိယနိုင်ငံရှိ ကျောင်းများ၏ ၃၆ ရာခိုင်နှုန်းသည် လျှပ်စစ်မီးမရဘဲ လည်ပတ်နေသည်ကို တွေ့ရှိခဲ့သည်။ ပိုမိုကောင်းမွန်သော လူနေမှုအဆင့်အတန်းရှိသော မိသားစုများမှ ကျောင်းသားများသည် အဝေးမှသင်ယူခြင်းသို့ကူးပြောင်းခြင်းကို လွယ်လွယ်ကူကူဖြတ်သန်းနိုင်သော်လည်း ဆင်းရဲနွမ်းပါးသောမိသားစုနောက်ခံရှိသည့် ကျောင်းသားများသည် နည်းပညာမတတ်နိုင်ခြင်း သို့မဟုတ် စာမလိုက်နိုင်သောကြောင့် သော်လည်းကောင်း၊ ကျောင်းသားမိဘများသည် ာ application များမှတစ်ဆင့် သူတို့ကို လမ်းညွှန်ပေးရန်အတွက် နည်းပညာကျွမ်းကျင်မှု မရှိကြသဖြင့် သားသမီးကို သင်ပြမပေးနိုင်ခြင်းများကို စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်ရသည်။

ဆင်းရဲနွမ်းပါးသောနောက်ခံမိသားစုရှိသည့် ကျောင်းသားတစ်ဦးအတွက် ခက်ခဲသောသင်ယူခြင်းတစ်ခုမှာ သူတို့၏ စာလေ့လာမှုများနှင့် ရွယ်တူချင်း အမီလိုက်နိုင်ရန်ဖြစ်သည်။ e-learning သည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခြင်း သို့မဟုတ် ကျူရှင်ဆရာများဖြင့်သင်ကြားခြင်းတို့နှင့် မကိုက်ညီပါ။ အစီရင်ခံစာများအရ သင်ကြားမှုတွင် ကျောင်းသားများသာ အခက်အခဲရှိသည် မဟုတ်ဘဲ ဆရာများသည်လည်း ပါဝင်နေသည်ဟုသိရသည်။ 

ဆရာများနှင့် အခြားအဖွဲ့အစည်းများသည် အမြဲတမ်းလေ့ကျင့်သင်ကြားခြင်းအတွက် အွန်လိုင်းသင်ကြားမှုသို့ ကူးပြောင်းရန် ကိရိယာများ မရှိကြချေ။ ထို့ပြင် နည်းပညာအသစ်များ အသုံးပြုရန် ဆရာများသည် အရည်အချင်းမပြည့်မီကြသေးသည်ကိုတွေ့ရသည်။

ဒီဒစ်ဂျစ်တယ် ခွဲခြားမှုနှင့် ကျား၊ မ ဘက်လိုက်မှု
NSSO ၂၀၁၄-၂၀၁၅ အချက်အလက်များအရ အိန္ဒိယရှိ ကျောင်းမှ ထွက်သွားသော ကလေးများအတွက် စီးပွားရေးအခြေအနေများကအရေးပါသည်ဟုသိရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နည်းပညာဖြင့် မောင်းနှင်သော ပညာရေးကိုအလေးထားခြင်းသည် နိုင်ငံရှိကလေးငယ်များအား ကျောင်းပညာရေးကို ဆက်လက်မသင်ယူနိုင်အောင် တားဆီးစေသည်ဟုသိရသည်။

အိန္ဒိယတွင် ပညာရေးအတွက် အိမ်ထောင်စုလူမှုရေးစားသုံးမှု၏ အဓိကအညွှန်းကိန်းအရ ၂၀၁၇-၁၈ NSSO ကို အခြေခံ၍ အိန္ဒိယရှိ ကျေးလက်အိမ်ထောင်စုများ၏ ၁၅ ရာခိုင်နှုန်းအောက်သာ အင်တာနက်သုံးစွဲနိုင်သည်ဟုသိရသည်။ (မြို့ပြ အိန္ဒိယအိမ်ထောင်စု ၄၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်) ကျေးလက်ဒေသများတွင် (၈.၅ ရာခိုင်နှုန်းသော အမျိုးသမီးများ) သာလျှင် (၅ နှစ်အထက်) စစ်တမ်းကောက်ယူခဲ့သည့် လူဦးရေ၏ ၁၃% မျှသာ အင်တာနက်ကို အသုံးပြုနိုင်သည်။ 

ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုများရှိ မိန်းကလေးများသည် အင်တာနက်နှင့် ပစ္စည်းကိရိယာများ အလုံအလောက်မရရှိခြင်း သို့မဟုတ် မိန်ကလေးများသည်  ယောက်ျားလေးများထက် အိမ်မှုကိစ္စတာဝန်များပိုမိုဦးစားပေးရသောကြောင့် အွန်လိုင်းပညာရေးကို သူတို့မတတ်နိုင်ချေ။ ထိုသို့သော ဒုက္ခရောက်နေသော မိသားစုများမှ  ကလေးများသည် ကလေးအလုပ်သမားနှင့် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခြင်းများပြုလုပ်ကြသည်ဟုသိရသည်။

e-learning ၏ကြီးမားကျယ်ပြန့်သည်ဖြစ်ရာ ကျောင်းသားတစ်ဦးစီ၏ ပညာရေးတိုးတက်မှုအလားအလာကို နားလည်သဘောပေါက်ရန် ကူညီနိုင်သည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတွက်အခွင့်အလမ်းများနှင့် စိန်ခေါ်မှုနှစ်ရပ်စလုံးရှိသည်ဟုသိရသည်။ တိုင်းပြည်၏ ရည်မှန်းချက်မှာကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် စီးပွားရေးများ ဆက်လက်တိုးတက်နေပြီး ခေတ်နှင့်အညီအမီလိုက်နိုင်ရန် ထိုကဲ့သို့သော ပညာရေးပလက်ဖောင်းများအား တန်းတူညီမျှ လုံလောက်စွာဝင်ရောက်မှုကို သေချာစေရန်ဖြစ်သည်ဟုသိရသည်။ အကယ်၍ အိန္ဒိယပညာရေးစနစ်သည်အနာဂတ်တွင် အွန်လိုင်းသင်ယူမှုသို့ ကူးပြောင်းရန် ရည်ရွယ်သည်ဆိုပါက ၎င်းသည် ဒစ်ဂျစ်တယ်ကွဲပြားမှုကို ပေါင်းကူးပေးသည့် မူဝါဒများကိုအလေးပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံ၏ ရည်မှန်းချက်များပြည့်မီရန် လုပ်ဆောင်ပေးရမည်
ဖြစ်သည်ဟုသိရသည်။

Ref: weforum.org

By Yu Khine

Latest Post Read 196 times