ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma in Global English

ရန်ကုန်တက္ကသိုလ်တွင် Diploma in Global English သင်တန်းကို ဇွန်လ (၁၅) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် ဘွဲ့ရရှိပြီးထားသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ Level တစ်ခုကို (၃) လဖြစ်ပြီး Basic Level၊ Intermediate Level၊ Upper-intermediate Level၊ Advanced Level၊  Advanced Level II ဟူ၍ Level (၅) ခု တက်ရောက်ရပါမည်။

Basic Level အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ တက်ရောက်နိုင်ပြီး တခြား Level များအတွက် ယခင် တက်ရောက်ပြီး အဆင့်မီသူများသာ လျှောက်ထားနိုင်သည်။

Level (၅) ခုလုံး ပြီးဆုံးအောင်မြင်ပါက အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ (Diploma in Global English) ကို ရရှိမည်ဖြစ်သည်။

တက်ရောက်မည့်သူများအနေဖြင့် လျှောက်လွှာပုံစံကို Level အလိုက် အောက်ပါ သတ်မှတ်ရက်အတွင်း ရန်ကုန်တက္ကသိုလ်တွင် သွားရောက် ထုတ်ယူ လျှောက်ထားနိုင်ပါသည်။

Basic Level  - ၁၁.၆.၂၀၂၆ မှ ၁၂.၆.၂၀၂၆ အထိ

Intermediate Level - ၈.၆.၂၀၂၆ မှ ၁၀.၆.၂၀၂၆ အထိ

Upper-intermediate Level - ၈.၆.၂၀၂၆ မှ ၁၀.၆.၂၀၂၆ အထိ

Advanced Level - ၈.၆.၂၀၂၆ မှ ၁၀.၆.၂၀၂၆ အထိ

Advanced Level II - ၈.၆.၂၀၂၆ မှ ၁၀.၆.၂၀၂၆ အထိ

သင်တန်းအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇ နာရီမှ ၉ နာရီအထိ)၊ စနေ၊ တနင်္ဂနွေ (နံနက် ၈ နာရီမှ ၁၁ နာရီအထိ) ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရပါမည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တက္ကသိုလ် စီမံ/ဘဏ္ဍာဌာနတွင် ဖြစ်စေ၊ အင်္ဂလိပ်စာဌာနတွင် ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

=============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post University / College Vocational Read 1745 times