ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရမည့် Diploma in English

ရန်ကုန်တက္ကသိုလ်တွင် Diploma in English သင်တန်းကို အောက်တိုဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် ဘွဲ့ရရှိပြီးထားသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ Level တစ်ခုကို (၃) လဖြစ်ပြီး Basic Level၊ Intermediate Level၊ Upper-intermediate Level၊ Advanced Level၊  Advanced Level II ဟူ၍ Level (၅) ခု တက်ရောက်ရပါမည်။

Basic Level အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ တက်ရောက်နိုင်ပြီး တခြား Level များအတွက် ယခင် တက်ရောက်ပြီး အဆင့်မီသူများသာ လျှောက်ထားနိုင်သည်။

Level (၅) ခုလုံး ပြီးဆုံးအောင်မြင်ပါက အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ (Diploma in English) ကို ရရှိမည်ဖြစ်သည်။

Basic Level  လျှောက်ထားလိုသူများသည် အောက်တိုဘာလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ လျှောက်ထားနိုင်သည်။

အောက်တိုဘာလ (၁၁) ရက်နေ့၊ မွန်းလွဲ (၃) နာရီမှ (၄) နာရီအထိ Basic Level တက်ရောက်ရန်အတွက် ဝင်ခွင့်ဖြေဆိုရပါမည်။

Basic ပြီးထားပြီး အခြား Level ဆက်လက် တက်ရောက်မည့်သူများသည် အောက်တိုဘာလ (၁၂) ရက်နေ့တွင် ရုံချိန်အတွင်း လျှောက်လွှာတင်ရမည်။ 

သင်တန်းအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇ နာရီမှ ၉ နာရီအထိ)၊ စနေ၊ တနင်္ဂနွေ (နံနက် ၈ နာရီမှ ၁၁ နာရီအထိ) ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရပါမည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၇၉၁၁၃၂၃၂၆ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

=============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post University / College Vocational Read 16138 times