ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ Diploma in English for Communication Skills သင်တန်းကို ကျောင်းတွင် တက်ရောက်ရမည့်ပုံစံနှင့် အွန်လိုင်းပုံစံ (၂) မျိုးလုံးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။
သင်တန်းကို Basic (I) ၊ Basic (II) ၊ Inter (I) ၊ Inter (II) ၊ Advanced (I) နှင့် Advanced (II) ဆိုပြီး Level (၆) ခုဖွင့်လှစ်သွားမည်ဖြစ်သည်။
Level (၁) ခုကို (၃) လဖြင့် စုစုပေါင်း (၁၈) လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ Level (၁) ခုကို (၁) သိန်းကျပ် သတ်မှတ်ထားသည်။
YUFL တွင် Basic I, II, Inter I, II, Advanced I တက်ရောက်ပြီးစီး အောင်မြင်သူများမှာ သက်သေအထောက်အထား တင်ပြနိုင်ပါက တစ်ဆင့်မြင့်အတန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်သည်။
ကျောင်းတွင် တက်ရောက်ရမည့်သင်တန်းအတွက် လျှောက်ထားခြင်း
===============
သင်တန်းလျှောက်လွှာကို မေလ (၃၀) ရက်နေ့မှ စတင်ပြီး အင်္ဂလိပ်ဘာသာဌာနတွင် အခမဲ့ ထုတ်ယူကာ
ထို့နောက် ဝင်ခွင့်စာမေးပွဲကြေး (၃) ထောင်ကျပ်ကို ငွေလက်ခံဌာနတွင် နေ့ချင်းပြီး ပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းချလံနှင့်အတူ စာမေးပွဲဖြေဆိုခွင့်ကတ်အား အင်္ဂလိပ်ဘာသာဌာနတွင် ပြန်လည်ထုတ်ယူရမည်။
ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများအတွက် ခုံနံပါတ်ကို ဇွန်လ (၃) ရက်တွင် ထုတ်ပြန်ပေးပြီး ဇွန်လ (၆) ရက် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ သွားရောက်ဖြေဆိုရပါမည်။
ဇွန်လ (၁၁) ရက်နေ့တွင် ဝင်ခွင့်အောင်စာရင်း ကြေညာပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် ဇွန်လ (၁၂) ရက်နေ့မှစ၍ (၂) ပတ်အတွင်း သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။
သင်တန်းကို ဇွန်လ (၁၃)ရက်နေ့မှစ၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အောက်ပါအတန်းချိန်အလိုက် သွားတက်ရပါမည်။
Basic (I) ၊ Inter (I) ၊ Advanced (I) အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ၊ Basic (II) ၊ Inter (II) ၊ Advanced (II) အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ တက်ရောက်ရပါမည်။
အွန်လိုင်းဖြင့် တက်ရောက်ရမည့်သင်တန်းအတွက် လျှောက်ထားခြင်း
===============
သင်တန်းလျှောက်လွှာကို မေလ (၂၉) ရက်နေ့၊ နံနက် (၁၀) နာရီတွင် Registration Form အတွက် Link ကို YUFL Facebook Page မှတဆင့် ကြေညာပေးပါမည်။
သတ်မှတ်လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်မည်ဖြစ်ပြီး Registration အောင်မြင်သူများကို ဇွန်လ (၂) ရက်နေ့၊ ည (၈) နာရီတွင် YUFL Facebook Page မှတဆင့် ကြေညာပေးပါမည်။
Registration အောင်မြင်သူများသည် YUFL KBZpay (Quick Pay) ဖြင့် စာမေးပွဲကြေး (၃) ထောင်ကျပ်ကို ဇွန်လ (၅) ရက်နေ့ မတိုင်မီ ပေးသွင်းထားရပါမည်။
ဇွန်လ (၅) ရက်နေ့ ည (၁၂) နာရီ နောက်ဆုံးထား၍ YUFL Page တွင် ကြေညာထားသော Exam Form တွင် ငွေသွင်းချလံအား Screen Shot ရိုက်၍ အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
ငွေသွင်းပြီး Exam Form တွင် ဖြည့်စွက်ထားသူများသာ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတဆင့် တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး ဇွန်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီတိတိတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမည်။
စာမေးပွဲဖြေဆိုထားသူများအနက် အမှတ်အများဆုံး ရရှိသူ (၂၀၀) ဦးခန့်သာ သင်တန်းတက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ဝင်ခွင့်အောင်စာရင်းကို ဇွန်လ (၁၇) ရက်နေ့တွင် ကြေညာပေးပါမည်။
သင်တန်းကြေးကို ဇွန်လ (၁၇) ရက်နေ့မှစ၍ (၂) ပတ်အတွင်း YUFL KBZpay (Quick Pay) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကို ဇွန်လ (၁၉) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းတက်ရောက်ရမည်အချိန်မှာ သောကြာနေ့၊ ည (၆) နာရီခွဲမှ (၈) နာရီခွဲအထိနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ည (၆) နာရီမှ (၈) နာရီအထိ ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့် ရရှိရန် -
သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်စုံတစ်ရာအား စုံစမ်းမေးမြန်းလိုပါက ၀၁-၇၅၁၃၁၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။
=================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။