ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အင်္ဂလိပ်စာကိုနိုင်ငံခြားဘာသာစကားအဖြစ်သင်ကြားခြင်း (Teaching of English as a Foreign Language-TEFL) မဟာဘွဲ့သင်တန်းနှင့် အင်္ဂလိပ်စာသင်ကြားရေးနည်းပညာ (English Language Teaching Methodology-ELTM) ဒီပလိုမာသင်တန်းကို ဇွန်လ (၁၈) ရက်နေ့တွင် ဖွင့်လှစ်ပါမည်။
ဖွင့်လှစ်မည့်သင်တန်းများ
MA (TEFL) သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး မဟာတန်းတက်ရောက်ရန်အဆင့်မီသူများ (သို့) ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဖွင့်လှစ်သော Dip ELTM ဘွဲ့ ရရှိပြီးသူများ တက်ရောက်နိုင်သည်။ အသက်အရွယ်ကန့်သတ်ချက်အရ အသက် (၆၀) နှစ်အောက် ဘွဲ့ရများသာ လျှောက်ထားနိုင်သည်။
သင်တန်းကာလမှာ (၂) နှစ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးသည် တစ်လကို (၄) သောင်းကျပ် ဖြစ်သည်။ သင်တန်းကာလ အောင်မြင်ပြီးဆုံးပါက Master of Arts (Teaching of English as a Foreign Language) MA (TEFL) ဘွဲ့ကို ရရှိပါမည်။
လျှောက်ထားလိုသူများသည် မေလ (၂၉) ရက်နေ့မှ ဇွန်လ (၄) ရက်နေအထိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ဖြေဆိုရပါမည်။
ရေးဖြေစာမေးပွဲအား ဇွန်လ (၈) ရက်နေ့တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ (၁၁) ရက်နေ့တွင် လူတွေ့စစ်ဆေးပါမည်။
သင်တန်းအား ဇွန်လ (၁၈) ရက်နေ့ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် နံနက် (၇) နာရီမှ (၉) နာရီအထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။
(Dip ELTM) သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်ပြီး အသက်အရွယ်ကန့်သတ်ချက်အရ အသက် (၆၀) နှစ်အောက်များသာ လျှောက်ထားနိုင်သည်။
သင်တန်းကာလမှာ (၁၀) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးသည် တစ်လကို (၄) သောင်းကျပ် ဖြစ်သည်။ သင်တန်းကာလ ပြီးဆုံးပါက Diploma in English Language Teaching Methodogy (Dip ELTM) ဘွဲ့ကို ရရှိပါမည်။
လျှောက်ထားလိုသူများသည် မေလ (၂၉) ရက်နေ့မှ ဇွန်လ (၄) ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ဖြေဆိုရပါမည်။
ရေးဖြေစာမေးပွဲအား ဇွန်လ (၈) ရက်နေ့တွင် နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ (၁၂) ရက်နေ့တွင် လူတွေ့စစ်ဆေးပါမည်။
သင်တန်းအား ဇွန်လ (၁၈) ရက်နေ့ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် နံနက် (၇) နာရီမှ (၉) နာရီအထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။
ဖော်ပြပါသင်တန်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များကို သင်တန်းရေးရာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လူကိုယ်တိုင် သွားရောက် စုံစမ်းနိုင်သည်။
==================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။