Myanmar Teacher Platform ကနေ ဆရာ၊ ဆရာမတို့အတွက် ၂၁ ရာစု ပညာရေးကဏ္ဍမှာ အရေးပါလာတဲ့ AI နည်းပညာကို နားလည်သဘောပေါက်ပြီး ကျင့်ဝတ်နှင့်အညီ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး "ပညာရေးတွင် ဉာဏ်ရည်တု (AI) နှင့် ဆိုက်ဘာအသိပညာမြှင့်တင်ခြင်း” သင်တန်းလေးကို အခမဲ့ သင်ကြားပို့ချပေးထားပါတယ်။
ဒီသင်တန်းမှာ AI ရဲ့ အခြေခံသဘောတရားတွေမှ စပြီး သင်ကြားသင်ယူမှုလုပ်ငန်းစဉ်မှာ AI ကို ဘယ်လိုအသုံးပြုမလဲ၊ နည်းပညာရဲ့ ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေက ဘာတွေဖြစ်မလဲ၊ ကျောင်းသားလူငယ်တွေကို အွန်လိုင်းအန္တရာယ်မှ ဘယ်လို ကာကွယ်ပေးမလဲ၊ ဒစ်ဂျစ်တယ် နိုင်ငံသားကောင်းတစ်ယောက် အဖြစ် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာအထိပါ အသေးစိတ် ပို့ချသွားမှာ ဖြစ်ပါတယ်။
မော်ဂျူး ၁။ AI မိတ်ဆက်နှင့် ပညာရေးတွင် AI ၏ အရေးပါမှု
(၁.၁) AI ၏ အဓိပ္ပာယ်
(၁.၂) AI ၏ လုပ်ဆောင်ပုံ
(၁.၃) ပညာရေးတွင် AI ၏ အကျိုးကျေးဇူးများ
မော်ဂျူး၂။ သင်ကြား သင်ယူမှုလုပ်ငန်းရှိ AI ၏ အခန်းကဏ္ဍ
(၂.၁) သင်ကြား သင်ယူမှုတွင် အသုံးပြုလေ့ရှိသော AI အမျိုးအစားများ
(၂.၂) ပညာရေးတွင် AI ၏ သက်ရောက်မှုများ
(၂.၃) AI ၏ အန္တရာယ်များ
(၂.၄) AI ၏ အန္တရာယ်များကို လျှော့ချခြင်း
(၂.၅) ဆိုက်ဘာလုံခြုံရေးအသိပညာ မြှင့်တင်ခြင်း
(၂.၆) မြန်မာနိုင်ငံတွင် ဆိုက်ဘာအသိပညာ မြှင့်တင်ခြင်းအရေးကြီးပုံ
မော်ဂျူး ၃။ ဆရာများအတွက် ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် ဘေးကင်းလုံခြုံမှု
(၃.၁) ကလေးများအပေါ်ကျရောက်နိုင်သော အွန်လိုင်းအန္တရာယ်လေးမျိုး
(၃.၂) အွန်လိုင်းအန္တရာယ်များ၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများ
(၃.၃) မိမိစာသင်ခန်းရှိ ကျောင်းသားများအား အွန်လိုင်းအန္တရာယ်များမှ ကာကွယ်ကူညီပေးခြင်း
(၃.၄) ကလေးများ၏ အွန်လိုင်းဘေးကင်းလုံခြုံရေးအကူအညီပေးနိုင်သော နည်းလမ်းများ
(၃.၅) စာသင်ခန်းအတွင်း ဆိုက်ဘာလုံခြုံရေး အသိပညာမြှင့်တင်ခြင်း
မော်ဂျူး ၄။ AI ကို ကျင့်ဝတ်နှင့် အညီ လူတိုင်းအကျုံးဝင်စွာ အသုံးပြုခြင်း
(၄.၁) သင်ကြား သင်ယူမှုတွင် AI ကို အသုံးပြုရာမှ ဖြစ်ပေါ်လာနိုင်သော ကျင့်ဝတ်ဆိုင်ရာ ပြဿနာများနှင့် ဖြေရှင်းနည်းများ
(၄.၂) လူတိုင်းအကျုံးဝင်သော ဒစ်ဂျစ်တယ် အနာဂတ်များ ဖန်တီးခြင်း
(၄.၃) နည်းပညာအသုံးပြုထားသည့် အားကောင်းသော သင်ခန်းစာများ ရေးဆွဲခြင်း
(၄.၄) စာရေးသားခြင်းကို အဆင့်ဆင့်သင်ကြားပေးရန် AI ကိရိယာများကို အရှိန်အဟုန်မြှင့် အသုံးပြုခြင်း
(၄.၅) ခေါင်းဆောင်များ၊ ဆရာများ၊ မိဘများနှင့် ရပ်ရွာ အဖွဲ့ဝင်များအကြား အသိပညာ မြှင့်တင်ခြင်း
မော်ဂျူး ၅။ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနှင့် အွန်လိုင်းအပြုအမူများ
(၅.၁) ဒစ်ဂျစ်တယ်နိုင်ငံသားကောင်း ဖြစ်ခြင်း
(၅.၂) လေးစားမှုရှိ၍ ယဉ်ကျေးသော အွန်လိုင်းအပြုအမူများ၏ အခြေခံ သဘောတရားများ
(၅.၃) ပညာရေးဆိုင်ရာ မဟာဗျူဟာများ
ဘယ်သူတွေ တက်ရောက်သင့်လဲ?
အကျိုးကျေးဇူးများ
ဘယ်လိုလေ့လာရမလဲ?
သင်တန်းတက်ရောက်မယ်ဆိုရင် Myanmar Teacher Platform မှာ အကောင့်တစ်ခု ဖွင့်ထားဖို့ လိုပါတယ်။ ပြီးရင် မိမိတက်ရောက်မယ့် ပညာရေးတွင် ဉာဏ်ရည်တု (AI) နှင့် ဆိုက်ဘာအသိပညာမြှင့်တင်ခြင်း” အတန်းအတွက် အောက်ပါလင့်ခ်မှတဆင့် "Take This Course" လေးကို နှိပ်ပြီးတာနဲ့ စတင် လေ့လာလို့ရပါပြီ။
> https://mmteacherplatform.net/en/e-learning/courses/
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။