၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားရေး၊ အသုံးချစိတ်ပညာ၊ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းတို့အပါအဝင် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခုကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများမှာ -
၁။ အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း
၂။ အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း
၃။ အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း
၄။ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း
၅။ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း
၆။ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်း
၇။ မနုသဗေဒ ဒီပလိုမာသင်တန်း
၈။ လူမှုရေးပညာ ဒီပလိုမာသင်တန်း
၉။ အသုံးချဘူမိဗေဒ ဒီပလိုမာသင်တန်း
၁၀။ အရှေ့တိုင်းပညာ ဒီပလိုမာသင်တန်းတို့ ဖြစ်ပါသည်။
အမှတ်စဉ် (၁) မှ (၈) အထိ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
အမှတ်စဉ် (၉) အသုံးချဘူမိဗေဒဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို (၁) နှစ် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ အထူးပြုဘာသာရပ်သင်တန်းတစ်ခုခုတွင် တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
အမှတ်စဉ် (၁) မှ (၉) အထိ သင်တန်းများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် သက်ဆိုင်ရာ ဘာသာရပ်ဌာနများတွင် လျှောက်လွှာပုံစံအား ဇွန်လ (၁၀) ရက်နေ့ နောက်ဆုံးထား ထုတ်ယူပြီး လျှောက်ထားနိုင်သည်။
အမှတ်စဉ် (၁၀) အရှေ့တိုင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအား တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ သင်တန်းကာလမှာ (၈) လဖြစ်ပြီး သင်တန်းကြေးမှာ (၁) သိန်းခွဲကျပ်ဖြစ်သည်။
သင်တန်းအား ဇွန်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းချိန်မှာ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။
သင်တန်းလျှောက်လွှာအား ဇွန်လ (၁၂) ရက်နေ့အထိသာ လျှောက်ထားခွင့်ရှိပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန (ဖုန်း-၀၉၄၂၈၁၃၈၇၄၅၊ ၀၉-၂၅၄၂၂၃၈၈၇) တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။