Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများ ဇူလိုင်လတွင်ဖွင့်လှစ်နိုင်ရန် လျာထား

** Unicode **

အခြေခံပညာကျောင်းတွေကို ဇူလိုင် ဒုတိယပတ်နောက်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ လျာထားပြီး အထက်တန်းတွေကစလို့ ဖွင့်သွားမယ်လို့ အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဖြေဆိုပြီးစီးထားတဲ့ တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေကို ဇွန် ပထမပတ်ထဲမှာ စစ်ဆေးဖို့ စီစဉ်နေတာကြောင့် အဲဒီကာလမှာ ကျောင်းတွင်းစာမေးပွဲ အဖြေလွှာတွေကိုလည်း စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “တက္ကသိုလ်ဝင် အဖြေလွှာတွေကို မေ (၃) ရက်ကနေ (၅) ရက်ကြားမှာ စ စစ်မယ်။ အဲဒါဆို (၄) တန်း၊ (၈) တန်း အဖြေလွှာတွေကိုလည်း စစ်နိုင်မှာပေါ့။ စစ်တဲ့အခါလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမှာပါ။ ကျောင်းတွေကတော့ အရင်ဆုံးတော့ အထက်တန်းတွေကို စပြီး ဖွင့်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။


တနိုင်ငံလုံးမှာ မူလတန်းကျောင်းသားပေါင်း (၅၂) သိန်းကျော်ရှိပြီး အထက်တန်းကျောင်းသားက (၁၂) သိန်းပဲ ရှိတာကြောင့် ကျန်းမာရေး ကန့်သတ်ချက်တွေကို လိုက်နာရလွယ်အောင် အထက်တန်းက စဖွင့်တာလို့ သူက ပြောပါတယ်။

“အထက်တန်းကျောင်းက တနိုင်ငံလုံးမှာ (၆၀၀၀) ကျော်ပဲရှိတော့ ပိုပြီး လုပ်ရကိုင်ရလွယ်တာပေါ့။ ဒါ အဆင်ပြေရင် အလယ်တန်းတွေ ဆက်ဖွင့်မယ်။ ဘယ်တော့ ဖွင့်မလဲဆိုတော့ ဇူလိုင် ဒုတိယပတ်နောက်ပိုင်းမှာ ဖြစ်မယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့တဲ့ နောက်ပိုင်းမှာမှ ဖြစ်ပါမယ်” လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာတာတွေ ကန့်သတ်တာ၊ အိမ်ထဲမှာ နေခိုင်းတာ စတာတွေကို ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာ ဒေသအစိုးရအလိုက် ကန့်သတ်ထားပြီး တချို့ကိုတော့ ဖြေလျှော့ပေးခဲ့ပြီ ဖြစ်ပါတယ်။

ကျောင်းတွင်းစာမေးပွဲ အဖြေလွှာတွေ စစ်ဆေးတာ၊ အောင်စာရင်းထုတ်တာ၊ ဆရာတွေအတွက် သင်တန်းပေးတာ၊ ကျောင်းအပ်လက်ခံတာ စတာတွေ လုပ်ဖို့အတွက် အကန့်အသတ်တွေ ဖြေလျှော့လို့ စတင်ဆောင်ရွက်နိုင်တဲ့ရက်ကနေ ရက်ပေါင်း (၃၇) ရက်လောက် လိုတယ်လို့လည်း ပညာရေးဌာနက ခန့်မှန်းထားပါတယ်။

Middle School (240) အလယ်တန်းကျောင်းများ နှင့်ပတ်သက်ပြီး  (၂၄၀) ခုရှာရန်နှိပ်ပါ။

ဒါ့အပြင် ကျောင်းတွေမှာ ပြင်ဆင်ဖို့၊ ဆရာတွေ သင်ရိုးသစ်သင်တန်းတွေ လုပ်ရမှာဖြစ်ပြီး ဘယ်အတန်းက စဖွင့်ဖို့ ဆွေးနွေးနေတာမှာ အထက်တန်းက စဖွင့်ဖို့ သေချာသလောက်ရှိတယ်လို့လည်း ဦးကိုလေးဝင်းက ပြောပါတယ်။

Credit: ပညာရေးသတင်းများshareမယ်

** Zawgyi **

အေျခခံပညာေက်ာင္းေတြကို ဇူလိုင္ ဒုတိယပတ္ေနာက္ပိုင္းမွာ ဖြင့္လွစ္ႏိုင္ဖို႔ လ်ာထားၿပီး အထက္တန္းေတြကစလို႔ ဖြင့္သြားမယ္လို႔ အေျခခံပညာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

ေျဖဆိုၿပီးစီးထားတဲ့ တကၠသိုလ္ဝင္တန္း အေျဖလႊာေတြကို ဇြန္ ပထမပတ္ထဲမွာ စစ္ေဆးဖို႔ စီစဥ္ေနတာေၾကာင့္ အဲဒီကာလမွာ ေက်ာင္းတြင္းစာေမးပြဲ အေျဖလႊာေတြကိုလည္း စစ္ေဆးႏိုင္မယ္လို႔ ဆိုပါတယ္။

အေျခခံပညာေရးဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက “တကၠသိုလ္ဝင္ အေျဖလႊာေတြကို ေမ (၃) ရက္ကေန (၅) ရက္ၾကားမွာ စ စစ္မယ္။ အဲဒါဆို (၄) တန္း၊ (၈) တန္း အေျဖလႊာေတြကိုလည္း စစ္ႏိုင္မွာေပါ့။ စစ္တဲ့အခါလည္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကန႔္သတ္ခ်က္ေတြကို လိုက္နာရမွာပါ။ ေက်ာင္းေတြကေတာ့ အရင္ဆုံးေတာ့ အထက္တန္းေတြကို စၿပီး ဖြင့္ဖို႔ စီစဥ္ေနပါတယ္” လို႔ ေျပာပါတယ္။


တႏိုင္ငံလုံးမွာ မူလတန္းေက်ာင္းသားေပါင္း (၅၂) သိန္းေက်ာ္ရွိၿပီး အထက္တန္းေက်ာင္းသားက (၁၂) သိန္းပဲ ရွိတာေၾကာင့္ က်န္းမာေရး ကန႔္သတ္ခ်က္ေတြကို လိုက္နာရလြယ္ေအာင္ အထက္တန္းက စဖြင့္တာလို႔ သူက ေျပာပါတယ္။

“အထက္တန္းေက်ာင္းက တႏိုင္ငံလုံးမွာ (၆၀၀၀) ေက်ာ္ပဲရွိေတာ့ ပိုၿပီး လုပ္ရကိုင္ရလြယ္တာေပါ့။ ဒါ အဆင္ေျပရင္ အလယ္တန္းေတြ ဆက္ဖြင့္မယ္။ ဘယ္ေတာ့ ဖြင့္မလဲဆိုေတာ့ ဇူလိုင္ ဒုတိယပတ္ေနာက္ပိုင္းမွာ ျဖစ္မယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ကိုဗစ္-၁၉ နဲ႔ပတ္သက္တဲ့ ကန႔္သတ္ခ်က္ေတြ ေျဖေလွ်ာ့တဲ့ ေနာက္ပိုင္းမွာမွ ျဖစ္ပါမယ္” လို႔ ေျပာပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ခရီးသြားလာတာေတြ ကန႔္သတ္တာ၊ အိမ္ထဲမွာ ေနခိုင္းတာ စတာေတြကို က်န္းမာေရးဌာနနဲ႔ သက္ဆိုင္ရာ ေဒသအစိုးရအလိုက္ ကန႔္သတ္ထားၿပီး တခ်ိဳ႕ကိုေတာ့ ေျဖေလွ်ာ့ေပးခဲ့ၿပီ ျဖစ္ပါတယ္။

ေက်ာင္းတြင္းစာေမးပြဲ အေျဖလႊာေတြ စစ္ေဆးတာ၊ ေအာင္စာရင္းထုတ္တာ၊ ဆရာေတြအတြက္ သင္တန္းေပးတာ၊ ေက်ာင္းအပ္လက္ခံတာ စတာေတြ လုပ္ဖို႔အတြက္ အကန႔္အသတ္ေတြ ေျဖေလွ်ာ့လို႔ စတင္ေဆာင္႐ြက္ႏိုင္တဲ့ရက္ကေန ရက္ေပါင္း (၃၇) ရက္ေလာက္ လိုတယ္လို႔လည္း ပညာေရးဌာနက ခန႔္မွန္းထားပါတယ္။

Middle School (240) အလယ္တန္းေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၂၄၀) ခုရွာရန္ႏွိပ္ပါ။

ဒါ့အျပင္ ေက်ာင္းေတြမွာ ျပင္ဆင္ဖို႔၊ ဆရာေတြ သင္႐ိုးသစ္သင္တန္းေတြ လုပ္ရမွာျဖစ္ၿပီး ဘယ္အတန္းက စဖြင့္ဖို႔ ေဆြးေႏြးေနတာမွာ အထက္တန္းက စဖြင့္ဖို႔ ေသခ်ာသေလာက္ရွိတယ္လို႔လည္း ဦးကိုေလးဝင္းက ေျပာပါတယ္။

Credit: ပညာေရးသတင္းမ်ားshareမယ္

 

News Tips News Tips Latest Post Read 4821 times