ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ နိုဝင်ဘာ (၂၄) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် နေ့သင်တန်းများကို လာမည့် နိုဝင်ဘာလ (၂၄) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် နေ့သင်တန်း အသီးသီးသို့ တက်ရောက်ခွင့် ရရှိသူများစာရင်းကို နိုဝင်ဘာ (၁၁) ရက်နေ့တွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဝင်ခွင့်ရစာရင်းများကြည့်ရန် > https://www.moh.gov.mm/?page_id=131

သို့ဖြစ်ပါ၍ ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၁၇) ရက်နေ့မှ စ၍ စနေ၊ တနင်္ဂနွေနေ့များအပါအဝင် ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ကျောင်းအပ်ရာတွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း (မူရင်း/မိတ္တူ)၊ ပတ်စပို့အရွယ် ဓာတ်ပုံ (၁၀)ပုံ၊ ကျောင်းသား/သူ၏မှတ်ပုံတင် (မူရင်း/မိတ္တူ)၊  မိဘနှစ်ပါး၏ မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ အိမ်ထောင်စုဇယား (မိတ္တူ)၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေးထောက်ခံစာများ လိုလိုပိုပို ယူဆောင်သွားရန် အကြံပြုသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၂၄) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 511 times