စာအုပ်ပေါင်း (၁၇၀) ကျော်ကို လျှော့စျေးတွေနဲ့ ရောင်းချသွားမယ့် အွန်လိုင်းစာအုပ်ရောင်းပွဲတော်

"ကံ့ကော်ဝတ်ရည်" စာအုပ်အိမ် (၉) နှစ်ပြည့် အမှတ်တရအဖြစ် နိုဝင်ဘာလ (၁၄)၊ (၁၅) နဲ့ (၁၆) ရက်နေ့တို့မှာ စာအုပ်ပေါင်း (၁၇၀) ကျော်ကို လျှော့စျေးတွေနဲ့ ရောင်းချပေးမယ့် စာအုပ်ရောင်းပွဲတော်ကြီး စီစဉ်ပေးထားပါတယ်။

အွန်လိုင်းကနေရော လူကိုယ်တိုင်ပါ ဝယ်ယူလို့ရမှာ ဖြစ်တာကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်လေးမှာ စာအုပ်တွေ ဖတ်ပြီး အပန်းဖြေမယ့် စာပေချစ်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါ။ 

ဒီစာအုပ်ရောင်းပွဲတော်က အွန်လိုင်းကနေ အဓိကထား ရောင်းချပေးသွားမှာ ဖြစ်တာကြောင့် အလုပ်မအားတဲ့သူတွေ၊ နယ်ဝေးသမားတွေအတွက်လည်း အဆင်ပြေစေပါတယ်။

စာအုပ်တွေကို အမြည်းဖတ်ပြီး ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ချင်တဲ့သူတွေအတွက်လည်း မနက် (၉) နာရီကနေ ညနေ (၆) နာရီအထိ စာအုပ်အိမ်မှာ သွားရောက် ဝယ်ယူလို့ရပါတယ်။ ကံ့ကော်ဝတ်ရည် စာအုပ်အိမ်ကနေ ဧည့်သည်တော်တွေကို ကော်ဖီနဲ့ ကောက်ညှင်းပေါင်း ကျွေးမွေးဧည့်ခံမယ်လို့ သိရပါတယ်။

ဒီပွဲမှာဆိုရင် အောက်ဖော်ပြပါ စာအုပ်တွေကို တစ်ဦးချင်းဝယ်မယ့်သူတွေအတွက် (၂၀)% လျှော့စျေး၊ မန်ဘာကတ်ရှိသူတွေအတွက် (၂၅)% လျှော့စျေး၊ စာကြည့်တိုက်နဲ့ စာအုပ်ဆိုင်တွေအတွက် (၃၀)% လျှော့စျေးတို့နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

ဖော်ပြပါ ဈေးနှုန်းတွေက မူရင်းစာအုပ်ဈေးတွေ ဖြစ်ပါတယ်။ 

အွန်လိုင်းအမှာတွေကို  နိုဝင်ဘာ (၁၄) ရက်နေ့ကနေ (၁၆) ရက်နေ့ ည (၁၂) နာရီအထိသာ မှာလို့ရမှာ ဖြစ်ပြီး ဈေးပွဲအပြီး နိုဝင်ဘာ (၁၈) ရက်နေ့လောက်မှ စတင် ပို့ပေးမှာ ဖြစ်ပါတယ်။

ပို့ခကတော့ နေရာနဲ့ မှာယူတဲ့ စာအုပ်အရေအတွက် ပေါ်မူတည်ပြီး ကျသင့်မှာ ဖြစ်တာကြောင့် "ကံ့ကော်ဝတ်ရည်" စာအုပ်အိမ်ရဲ့ (Fcaebook Page Messenger) ကနေတဆင့် အသေးစိတ် မေးမြန်းနိုင်ပါတယ်။ 

လိပ်စာ - အမှတ် ၅၁၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - 09250012348 & 09443041137 

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Latest Post Local News Read 50 times