မူလတန်းကျောင်းတွေမှာ အရေးပေါ်အသက်ကယ်ပညာရပ်ကို စတင်သင်ကြားမည်

စကော့တလန်ရှိ မူလတန်းကျောင်းများသည် အခမဲ့အစီအစဉ်ဖြင့် ရှေးဦးသူနာပြုစုနည်းကို သင်ကြားပေးရန် စီစဉ်လျက်ရှိသည်။

St Andrew's First Aid ပရဟိတအဖွဲ့က အသက် (၅) နှစ်ကလေးများသည် အသက်ကယ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း သုတေသနပြုချက်များကို သိရပြီးနောက် ၂၀၁၈ ခုနှစ်တွင် အွန်လိုင်းပထမခြေလှမ်းကို စတင်ခဲ့သည်။

Stirling Council နှင့်အတူ ရှေ့ပြေးအစီအစဥ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး P1 မှ P7 ကျောင်းသားများအား ရှေးဦးသူနာပြုစွမ်းရည်များကို သင်ပြပေးနိုင်ရန် Stirling ဒေသတွင်း မူလတန်းကျောင်း (၄၀) ရှိသည့်အနက် (၃၁) ကျောင်းမှ ဆရာ/ဆရာမ (၅၆) ဦးကို ထရိန်နင်ပေးခဲ့သည်။

“ကျောင်းတွင်းက သင်ကြား-သင်ယူမှုဖြစ်စဉ်ဆိုတာ လူငယ်တွေအား ကျောင်းပြီးရင် ဘဝအတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေ ဖြစ်လာရင် ရှေးဦးသူနာပြုစုနည်းကို သိထားတာက အမှန်တကယ် အကူအညီဖြစ်နိုင်ပါတယ်" ဟု ပညာရေးအတွင်းဝန် Jenny Gilruth ကပြောကြားသည်။

ထို့အပြင် St Andrew's First Aid မှ ဤပရိုဂရမ်အသစ်သည် မူလတန်းကလေးများအတွက် အရေးကြီးသော အသက်ကယ်စွမ်းရည်များကို သင်ကြားပေးမည်ဖြစ်သောကြောင့် ကလေးများနည်းတူ ရပ်ရွာရှိလူတိုင်းအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

စကော့တလန်တစ်ဝှမ်းရှိ ဆရာ၊ ဆရာမများအား ၎င်းတို့၏ စာသင်ခန်းများတွင် ရှေးဦးသူနာပြုစုနည်းကို ယုံကြည်မှုရှိရှိ ပြန်လည်သင်ကြားပေးနိုင်ရန်အတွက် St Andrew's First Aid ပရဟိတအဖွဲ့မှ အခမဲ့ ထရိန်နင် ပေးသွားမည်ဖြစ်သည်။ 

Source - TES magazine

International News Read 9 times