Sales Hotline : 09448001653       Download App



ဩစတြီးယားနိုင်ငံ နိုင်ငံတွင် ပညာသင်နိုင်မည့် အခွင့်အရေး

ဩစတြီးယားနိုင်ငံ၊ ပညာရေး၊ သိပ္ပံနှင့်သုတေသနဝန်ကြီးဌာန (BMBWF) မှ ပေးအပ်မည့် Academic Year 2021/2022 Scholarships for Foreign Students, Graduates and Scientists ၏ အောက်ဖော်ပြပါ ပညာသင်ဆုများသို့ သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။

  • Franz Werfel Scholarship
  • Richard Plaschka Scholarship 
  • Ernst Mach Scholarship Worldwide
  • Ernst Mach Scholarship to Study at an Austrian University of Applied Sciences
  • Ernst Mach Postgraduate Scholarship (EZA)
  • Ernst Mach Scholarship ASEA UNINET

သို့ဖြစ်ပါ၍ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ ကောလိပ်များမှ လျှောက်ထားသူများသည် ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်အလက်များ သိရှိလိုပါက သက်ဆိုင်ရာ Website: www.grants.at (ဂျာမန်နှင့် အင်္ဂလိပ်ဘာသာ) တွင် ဝင်ရောက်ကြည့်ရှုပြီး သတ်မှတ်ရက်အမီ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားခဲ့သူများစာရင်းအား ပူးတွဲပါ ဇယားပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး ဤဦးစီးဌာန၊ ပညာသင်ဌာန [email protected] သို့ အချိန်မီ ပေးပို့တင်ပြရန် အကြောင်းကြားအပ်ပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

By Myanmar Education Guide (EDGE) 

International Read 1596 times