Online ဖြင့် ဥပဒေပညာဘွဲ့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်ခေါ်နေပါပြီ

Online ဖြင့် ဥပဒေပညာဘွဲ့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်ခေါ်နေပါပြီ

ရန်ကုန်အဝေးသင်တက္ကသိုလ်မှဖွင့်လှစ်သင်ကြားပေးမည့် ၅နှစ်ကြာသင်ကြားရမည့် (Online LL.B) သင်တန်း ဖြစ်ပါသည်။

၁။ ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်၍ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနအစီအစဉ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနက ဦးစီး၍ ဥပဒေပညာ ဘွဲ့ (LL.B) သင်တန်းကို ခေတ်မီနည်းပညာတစ်ခုဖြစ်သော Web-Based Teaching System (WBTS) ကို အသုံးပြုပြီး Online ဖြင့် သင်ကြားပို့ချ ပေးလျက်ရှိပါသည်။

၂။ ၂၀၁၉ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းသားများကို လက်ခံသင်ကြားရန် ထပ်မံခေါ်ယူခြင်းဖြစ်ပါသည်။

ဤသင်တန်းသည် ဘွဲ့ကြိုသင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းတို့ဖြင့် ပူးတွဲ၍လည်းကောင်း၊ ဘွဲ့တစ်ခုခု ရရှိပြီးသူများအတွက် ဘွဲ့လက်မှတ် မူရင်းနှင့်အတူ ပူးတွဲ၍လည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရပါမည်။

ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသားတစ်ဦး student ID နှင့် Passwordတို့ကို ထုတ်ပေးပါမည်။

၃။ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်းသောအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဝင်ခွင့်အရည်အချင်း -

(၁) တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အမှတ်စုစုပေါင်း(၃၅၀)နှင့်အထက်ရရှိ၍ အင်္ဂလိပ်စာတွင် ၅၀နှင့်အထက်ရရှိသူ

(သို့မဟုတ်)

(၂) ဥပဒေပညာဘွဲ့မှအပ အခြားဘွဲ့တစ်ခုခုရရှိပြီးသူများ (ပထမနှစ်မှ စတင်တက်ရောက်ရပါမည်။)

(ခ) စတင်ဖွင့်လှစ်မည့်ရက် - ၅-၁၂-၂၀၁၈

(ဂ) သင်တန်းကာလ - ပထမနှစ်မှ ပဉ္စမနှစ်အထိ (၅)နှစ်

(ဃ) လျှောက်လွှာစတင်လက်ခံမည့်ရက် - ၆-၁၁-၂၀၁၈

(င) လျှောက်လွှာပိတ်မည့်ရက် - ၃၀-၁၁-၂၀၁၈

(၄) သင်တန်းဝင်ခွင့်လျှောက်လွှာများကို www.ynou.edu.mm Website မှတစ်ဆင့် Online registration ပြုလုပ်၍ လျှောက်ထားနိုင်ပါသည်။

သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ကို ရုံးချိန်အတွင်း အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဖုန်း-၅၂၅၁၄၆၊ ၅၃၆၅၈၁၊ ၅၃၇၄၁၃၊ ၅၃၇၄၁၄၊ သင်တန်းကြီးကြပ်မှုကော်မတီ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ၄၇(က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 7129 times