Sales Hotline : 09448001653       Download App



အောက်တိုဘာ (၂၅) ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ရစာရင်းများ ကြေညာရန်လျာထား

အောက်တိုဘာ (၂၅) ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ရစာရင်းများ ကြေညာရန်လျာထား

လာမည့္ပညာသင္ႏွစ္တြင္ရန္ကုန္စီးပြားေရးတကၠသုိလ္တက္ခြင့္ရသူစာရင္းကို ေအာက္တိုဘာ (၂၅) ရက္တြင္ေၾကညာရန္လ်ာထားသည္ဟုယင္းတကၠသုိလ္ သင္တန္းေရးရာဌာနမွဴး ဦးသန္းစိုးဦးက ေျပာပါတယ္။

 

၂၀၁၉ တကၠသုိလ္ဝင္စာေမးပြဲ ေအာင္ျမင္ၿပီး ရန္ကုန္စီးပြားေရးတကၠသိုလ္ ရြာသားႀကီးနယ္ေျမႏွင့္ လႈိင္နယ္ေျမသို႔ တကၠသုိလ္ဝင္ခြင့္ ေလ်ွာက္ထားသူမ်ားအနက္ တက္ေရာက္ခြင့္ရသူမ်ားကို ေအာက္တိုဘာ (၂၅) ရက္တြင္ ေၾကဘာရန္လ်ာထားသည္ဟုဆိုပါတယ္။

ေအာက္တိုဘာ (၂၅) ရက္ေတာ့လ်ာထားပါတယ္။ ေၾကညာမယ့္ရက္ေတြေရာ၊ ေက်ာင္းဖြင့္မယ့္ရက္ေတြေရာ ျပည္ေထာင္စုဝန္ႀကီးရံုကိုတင္ျပထားပါတယ္ ဟုဦးသန္းစိုးက ေျပာပါတယ္။

 

လာမည့္ ပညာသင္ႏွစ္အတြက္ ရန္ကုန္စီးပြားေရးတကၠသုိလ္ရြာသားႀကီးနယ္ေျမသို႔ အနိမ့္ဆံုးဝင္ခြင့္ရ အမွတ္(၃၈၀) မွတ္ၿပီး လႈိင္နယ္ေျမသို႔ အနိမ့္ဆံုးဝင္ခြင့္ရ အမွတ္ (၄၃၃) မွတ္ျဖစ္သည္ဟု ၾကားသိထားေၾကာင္း ရန္ကုန္စီးပြားေရးတကၠသိုလ္ေက်ာင္းသားသမဂၢက ေၾကညာထားပါတယ္။

ရန္ကုန္စီးပြားေရးတကၠသိုလ္နယ္ေျမ ႏွစ္ခုစလံုးတြင္ ေဘာဂေဗဒ၊ ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈ၊ ဖြံ႔ၿဖိဳးေရးပညာ၊ စာရင္းအင္း၊ လူဦးေရပညာ၊ ဝါဏိဇၨေဗဒ၊ စာရင္းကိုင္ပညာ၊ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ ပညာဘြဲ႔ႀကိဳသင္တန္းရွစ္ခု ဖြင့္လွစ္မည္ျဖစ္ပါတယ္။

 

Teaching Aid (5) သင္ေထာက္ကူ အေရာင္းကုမၸဏီမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

ၿပီးခဲ့သည့္ ႏွစ္အထိ ထိုဘြဲ႔ႀကိဳဘာသာရပ္ ရွစ္ခုအနက္ရန္ကုန္စီပြားေရး တကၠသိုလ္ရြာသာႀကီးနယ္ေျမတြင္ ဘာသာရပ္ေလးခု၊ လႈိင္နယ္ေျမတြင္ ဘာသာရပ္ေလးခုသာ ဖြင့္ခဲ့ေသာ္လည္း ယခုႏွစ္က စတင္ကာ နယ္ေျမႏွစ္ခုလံုးတြင္ ဘာသာရပ္ရွစ္ခုစလံုးဖြင့္မည္ျဖစ္ပါတယ္။

 

ယခင္ႏွစ္က ရန္ကုန္စီးပြားေရးတကၠသိုလ္ ရြာသားႀကီးနယ္ေျမသို႔ တကၠသုိလ္ဝင္စာေမးပြဲရမွတ္ စုစုေပါင္း (၄၀၀) ႏွင့္အထက္၊ လႈိင္နယ္ေျမသို႔ တကၠသုိလ္ဝင္စာေမးပြဲ ရမွတ္စုစုေပါင္း (၄၅၀) ႏွင့္အထက္ရရွိေသာ္လည္း ယခုႏွစ္တြင္ တကၠသုိလ္ဝင္စာေမးပြဲရမွတ္ (၄၂၀) ရထားပါက ေလ်ွာက္ထားခြင့္ျပဳပါတယ္။

 

Read More:>>> ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ဘြဲ႔လြန္ဒီပလိုမာ သင္တန္းသားမ်ားေခၚယူျခငး္

 

ယခင္ႏွစ္က ရန္ကုန္စီးပြားေရးတကၠသုိလ္ ရြာသာႀကီးနယ္ေျမအတြက္ ေက်ာင္းသား/သူ (၁၂၀၀) ဦး၊ လႈိင္နယ္ေျမအတြက္ (၂၀၀) ဦးသာ လက္ခံေသာ္လည္း ယခုႏွစ္တြင္ ရြာသာႀကီးနယ္ေျမအတြက္ ေက်ာင္းသား/သူ (၁၆၀၀) ဦး၊ လႈိင္နယ္ေျမအတြက္ (၆၄၀) ဦးအထိ တိုးျမွင့္လက္ခံမည္ဟု ရန္ကုန္စီးပြားေရးတကၠသုိလ္က ေၾကညာထားပါတယ္။

 

Source: 7 Day News

 

**Unicode**

 

လာမည့်ပညာသင်နှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်တက်ခွင့်ရသူစာရင်းကို အောက်တိုဘာ (၂၅) ရက်တွင်ကြေညာရန်လျာထားသည်ဟုယင်းတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးသန်းစိုးဦးက ပြောပါတယ်။


၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသားကြီးနယ်မြေနှင့် လှိုင်နယ်မြေသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများအနက် တက်ရောက်ခွင့်ရသူများကို အောက်တိုဘာ (၂၅) ရက်တွင် ကြေဘာရန်လျာထားသည်ဟုဆိုပါတယ်။

အောက်တိုဘာ (၂၅) ရက်တော့လျာထားပါတယ်။ ကြေညာမယ့်ရက်တွေရော၊ ကျောင်းဖွင့်မယ့်ရက်တွေရော ပြည်ထောင်စုဝန်ကြီးရုံကိုတင်ပြထားပါတယ် ဟုဦးသန်းစိုးက ပြောပါတယ်။


လာမည့် ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသားကြီးနယ်မြေသို့ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်(၃၈၀) မှတ်ပြီး လှိုင်နယ်မြေသို့ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ် (၄၃၃) မှတ်ဖြစ်သည်ဟု ကြားသိထားကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြေညာထားပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်နယ်မြေ နှစ်ခုစလုံးတွင် ဘောဂဗေဒ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးပညာ၊ စာရင်းအင်း၊ လူဦးရေပညာ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းကိုင်ပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့ကြိုသင်တန်းရှစ်ခု ဖွင့်လှစ်မည်ဖြစ်ပါတယ်။


Teaching Aid (5) သင်ထောက်ကူ အရောင်းကုမ္ပဏီများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


ပြီးခဲ့သည့် နှစ်အထိ ထိုဘွဲ့ကြိုဘာသာရပ် ရှစ်ခုအနက်ရန်ကုန်စီပွားရေး တက္ကသိုလ်ရွာသာကြီးနယ်မြေတွင် ဘာသာရပ်လေးခု၊ လှိုင်နယ်မြေတွင် ဘာသာရပ်လေးခုသာ ဖွင့်ခဲ့သော်လည်း ယခုနှစ်က စတင်ကာ နယ်မြေနှစ်ခုလုံးတွင် ဘာသာရပ်ရှစ်ခုစလုံးဖွင့်မည်ဖြစ်ပါတယ်။


ယခင်နှစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသားကြီးနယ်မြေသို့ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် စုစုပေါင်း (၄၀၀) နှင့်အထက်၊ လှိုင်နယ်မြေသို့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း (၄၅၀) နှင့်အထက်ရရှိသော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် (၄၂၀) ရထားပါက လျှောက်ထားခွင့်ပြုပါတယ်။


Read More:>>> မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဘွဲ့လွန်ဒီပလိုမာ သင်တန်းသားများခေါ်ယူခြင်း


ယခင်နှစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေအတွက် ကျောင်းသား/သူ (၁၂၀၀) ဦး၊ လှိုင်နယ်မြေအတွက် (၂၀၀) ဦးသာ လက်ခံသော်လည်း ယခုနှစ်တွင် ရွာသာကြီးနယ်မြေအတွက် ကျောင်းသား/သူ (၁၆၀၀) ဦး၊ လှိုင်နယ်မြေအတွက် (၆၄၀) ဦးအထိ တိုးမြှင့်လက်ခံမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကြေညာထားပါတယ်။


Source: 7 Day News

 

News Read 3119 times