Sales Hotline : 09448001653       Download App



သူနာပြုပါရဂူဘွဲ့သင်တန်းအတွင် လျှောက်လွှာခေါ်ယူခြင်း

သူနာပြုပါရဂူဘွဲ့သင်တန်းအတွင် လျှောက်လွှာခေါ်ယူခြင်း

၁။ ၂၀၂၀ ပညာသင်နှစ်အတွက် သူနာပြုတက္ကသိုလ်၊ ရန်ကုန်တွင် ဖွင့်လှစ်မည့် သူနာပြုပါရဂူဘွဲ့သင်တန်းကို သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူ နိုင်ငံ့ဝန်ထမ်းသူနာပြုများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

**သူနာပြုပါရဂူဘွဲ့သင်တန်း**

- သူနာပြုပါရဂူဘွဲ့ (Ph.D(Nursing) () နှစ်သင်တန်းဖြစ်ပါသည်။

 

**လိုအပ်သောအရည်အချင်း**

၂။ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရပါမည်။

-သူနာပြုမဟာသိပ္ပံဘွဲ့ (သို့) မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ အသိအမှတ်ပြုထားသော အလားတူဘွဲ့ ရရှိထားသူဖြစ်ရပါမည်။

- လျှောက်လွှာပိတ်သည့်ရက်တွင် သူနာပြုမဟာဘွဲ့ရရှိပြီးနောက် အနည်းဆုံးလုပ်သက် () နှစ်ရှိသူဖြစ်ရပါမည်။

- ပြည်ပတွင် မိမိအစီအစဉ်ဖြင့် ဘွဲ့လွန်ရရှိပြီးမှ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ပြီး ပါရဂူဘွဲ့လွန် သင်တန်းဝင်ခွင့် လျှောက်ထားလာပါက လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ စုစုပေါင်းလုပ်သက် () နှစ်ရှိရမည်။

- လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၅၀) နှစ်ထက်မကျော်လွန်သူဖြစ်ရပါမည်။

- ပါရဂူဘွဲ့ရရှိပြီးနောက် အနည်းဆုံး () နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။

 

၃။ လျှောက်လွှာပိတ်ရက်မှ (၂၃--၂၀၁၉) ရက် သောကြာနေ့ဖြစ်ပါသည်။

 

၎။ လျှောက်လွှာကို သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်။ သတ်မှတ်ချက်အတိုင်း လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝထည့်သွင်းစဉ်းစားခြင်းမပြုပါ။

 

၅။ ကြိုတင်မိတ္တူကို ငွေသွင်းချလန်မူရင်းနှင့်တကွ ပါမောက္ခချုပ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်သို့ မပျက်မကွက် ပေးပို့လျှောက်ထားရမည်။

 

၆။ ဝင်ခွင့်ရေးဖြေစာမေးပွဲဖြေဆိုမည့်ရက်မှာ (၂၆--၂၀၁၉) ရက် ကြာသပတေးနေ့ ဖြစ်ပါသည်။

 

၇။ သူနာပြုပါရဂူသင်တန်း ဝင်ခွင့်လျှောက်ထားသူများသည် သင်တန်းဝင်ခွင့်စာမေးပွဲကြေး (ကျပ် ၁၀၀၀) ကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ် ()၊ လသာမြို့နယ်၊ ကမ်းနားလမ်း။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော ငွေစာရင်းအမှတ် MD-၀၁၁၈၉၀ သို့ ပေးသွင်းရပါမည်။

 

** မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ()၊ လသာမြို့နယ်၊ ရန်ကုန်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်၊ ရန်ကုန်ငွေစာရင်းအမှတ် MD-၀၀၁၈၉၀ သို့လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။**

 

၈။ သင်တန်းကိုတက်ရောက်ရန် ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်ရန် ပျက်ကွက်လျှင် နောင်ပညာသင်နှစ် () နှစ်ပြည်တွင်း/ ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့်မရှိပါ။

 

Read More: ဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်ခင် လျှောက်ထားပေးရန်

 

၉။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး တက်ရောက်ခွင့်ရစာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ၊ (မှတ်တင်ပုံခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်းနိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ၊ သတ်မှတ်ထားသော လျော်ကြေးကိုပေးလျော်ရမည်။

 

၁၀။ သင်တန်းအလိုက်တက်ရောက်ခွင့်ပြုမည့် လျာထားဦးရေ သတ်မှတ်ချက်ကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ Website မှတစ်ဆင့် ကြေညာပါမည်။ လျာထားဦးရေ မည်မျှရှိစေကာမူ သတ်မှတ်အရည်အချင်းရမှတ် မပြည့်မီပါက ရွေးချယ်ခြင်းမပြုပါ။

 

၁၁။ လျှောက်လွှာခေါ်ယူသည့် ကြေညာချက် အပြည့်အစုံနှင့်အသေးစိတ် အချက်အလက်များကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ စာမေးပွဲရေးရာဌာနစိတ်၊ ဖုန်းနံပါတ် ၀၁-၂၂၂၈၈၃၊ ၀၁-၂၂၂၈၈၄၊ ၀၁-၂၂၂၈၈၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (သို့) သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ Websit (www.uonygn.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

(သူနာပြုတက္ကသိုလ်၊ ရန်ကုန်)

Source: ကြေးမုံ

 

News Read 1826 times