၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင်ပါဝင်ကာ တာဝန်ထမ်းဆောင်ခဲ့ကြကုန်သော ဆရာ၊ ဆရာမများအပေါ် ပါတီ အချို့မှ တာဝန်ရှိလူကြီးများက ပြောဆိုရာတွင် နားပျော်ဘွယ် မကောင်းသောစကားရပ်များကို သုံးနှုန်းခြင်း၊ တရားစွဲဆိုခြင်းအထိဖြစ်လာသည်ကို ကျွန်ုပ်တို့တွေ့ရှိ လာရပါသည်။
ရွေးကောက်ပွဲကြီးတွင် အောင်မြင်သူနှင့် မအောင်မြင်သူတို့အကြား အငြင်းပွားမှုကို ရွေးကောက် ပွဲကော်မရှင်သို့သာ တင်ပြအဆုံးအဖြတ် ခံယူရမည်ထက်ကျော်လွန်၍ coVID-19 ရောဂါကူးစက် ခံရသည်အထိဖြစ်ခဲ့ရသော ဆရာ၊ဆရာမအပေါင်းကို တရားဥပဒေကြောင်းအရ ဆောင်ရွက်လာကြောင်း ကြားသိနေရသဖြင့် ကျွန်ုပ်တို့များစွာစိတ်မကောင်းဖြစ်ရသဖြင့် ရှေ့သို့ဆက်မသွားဘဲ ဖြစ်နိုင်လျှင် အမှု စွဲဆိုမှုများထပ်မံမပြုလုပ်ဘဲ စွဲဆိုပြီးသားအမှုများကို ပြန်လည်ရုပ်သိမ်းခြင်းဖြင့် မိမိတို့၏ သဘောထား ကြီးမှုဂုဏ်ပုဒ်မအလံတော်ကို လွှင့်ထူကြသင့်ပါသည်။
ထိုသို့မှမဟုတ်ဘဲ တရားတဘောင်လမ်းကိုဆက်၍ လျှောက်လှမ်းကြဦးမည်ဆိုပါကလည်း ကျွန်ုပ်တို့ထံ လာရောက်ဆက်သွယ်သော တရားစွဲဆိုခံ ဆရာ၊ ဆရာမများဖက်မှ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှရှေ့နေများက အခမဲ့လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်
အမှတ်-၁၂၆၊ တတိထပ်လမ်း-၄၀ (အောက်)၊ ၉-ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်
၀၉၅၁၇၈၃၃၂၊ ၀၉၄၂၁၁၁၃၁၆၇၊ ၀၉၅၁၁၉၁၁၀၊ ၀၉၄၂၂၂၀၃၅၄၄၊ ၀၉၄၄၈၅၄၂၆၁၀
မြန်မာနိုင်ငံရှေ့နေများကွန်ရက်