၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လျှောက်ထားသူများအနက် ပထမနှစ်တန်းသို့ ပဏာမဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် အမြင့်ဆုံးအမှတ် (၅၄၁) မှတ်မှ အနိမ့်ဆုံးအမှတ် (၄၈၉) မှတ်အတွင်း ရရှိသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၅၈) ဦးကို ပဏာမအဆင့် ရွေးချယ်ထားကြောင်း သိရသည်။
ယခင်နှစ်က အမြင့်ဆုံးအမှတ် (၅၃၁) မှတ်မှ အနိမ့်ဆုံးအမှတ် (၄၆၅) မှတ်အတွင်း ရရှိသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၅) ဦးကို ပဏာမအဆင့် ရွေးချယ်ခဲ့ပြီး ယခုနှစ် အနိမ့်ဆုံးဝင်ခွင့်ရမှတ်သည် ယခင်နှစ်ကထက် ပိုမြင့်လာသည်ကို တွေ့ရသည်။
အဆိုပါကျောင်းသားများသည် မျက်စိစမ်းသပ်ရန်၊ ဆေးစစ်ရန်နှင့် လူတွေ့ဖြေဆိုရန် သတ်မှတ်ရက်များအတိုင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင် မပျက်မကွက် သွားရောက်ရပါမည်။
ကျောင်းသူများသည် မျက်စိစမ်းသပ်ရန် မလိုသဖြင့် ကျန်းမာရေးစစ်ဆေးမည့်ရက်နှင့် လူတွေ့စစ်ဆေးမည့်ရက် (၂) ရက်သာ ကျောင်းသို့ သွားရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသို့ သွားသည့်အခါ ကျောင်းသားများသည် ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးဝတ်ဆင်လာရမည်ဖြစ်ပြီ ကျောင်းသူများသည် မြန်မာအင်္ကျီနှင့် လုံချည်ဝတ်ဆင်ရမည်။
ထို့နောက် အနောက်တိုင်းဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ (အနောက်ခံအဖြူရောင် ၊ Size အလျား 1¼" × အနံ 1½") ဓာတ်ပုံ (၁၀) ပုံ ၊ မိဘနှစ်ပါးနှင့် မိမိ သုံးဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူတို့ကို တစ်ပါတည်းယူဆောင်သွားရမည်။
ကျန်းမာရေးနှင့် လူတွေ့စစ်ဆေးပြီး ဝင်ခွင့်ရရှိသူများကို နိုဝင်ဘာလ (၁၃) ရက်နေ့တွင် မှာ ကြေညာပေးထားမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများသည် နိုဝင်ဘာလ (၁၆) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အတွင်း တက္ကသိုလ်မှတ်ပုံတင် လျှောက်လွှာတင်သွင်းကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ပဏာမဝင်ခွင့်ရရှိသူများစာရင်းကို အောက်ပါလင်ခ့်မှတဆင့် ကြည့်ရှုနိုင်သည်။
> https://www.mmu.edu.mm/News.aspx?NewsID=349
==================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။