Sales Hotline : 09448001653       Download App



မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (ပေါင်းကူး) (၂) နှစ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (ပေါင်းကူး) (၂) နှစ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန အောက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ၂၀၂၀ ခုနှစ်၊ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့(ပေါင်းကူး) () နှစ်သင်တန်းသို့ သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

 

၂။ အရည်အချင်းသတ်မှတ်ချက်

** တိုင်းရင်းဆေးပညာဒီပလိုမာအောင်မြင် ပြီးသူဖြစ်ရပါမည်။

** အနည်းဆုံးအခြေခံပညာ(က) အဆင့်(သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်သူဖြစ်ရပါမည်။

** မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတွင် မှတ်ပုံတင်ထားပြီး တိုင်းရင်းဆေးဆရာ မှတ်ပုံတင် လက်မှတ်ကိုင်ဆောင်သည့် လက်ရှိနိုင်ငံတာဝန်ထမ်းဆောင်နေသူဖြစ်ရပါမည်။

** လျှောက်လွှာပိတ်သည့် (၃၀--၂၀၁၉) ရက်တွင် လုပ်သက် (လစာမဲ့ခွင့်မပါ) အနည်းဆုံး () နှစ်ပြည့်ရပါမည်။

** သင်တန်းတက်ရောက်အောင်မြင်ပြီးပါက () နှစ်ဆက်တိုက် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။

 

၃။ လျှောက်လွှာများကို တိုင်းရင်းသားဆေးတက္ကသိုလ်(မန္တလေး)၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးရုံးခန်းများနှင့် ခုတင် (၃၀၀)ဆံ့သင်ကြားရေး၊ တိုင်းရင်းဆေးရုံကြီးတို့တွင် ရယူနိုင်ပါသည်။(သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့်သာ လျှေက်ထားရပါမည်။

 

၎။ လျှောက်လွှာပိတ်ရက်မှာ (၃၀--၂၀၁၉) ရက်ဖြစ်ပါသည်။

 

၅။ လျှောက်လွှာများကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေးမြို့)၊ ဘွဲ့လွန်စာမေးပွဲဌာနသို့ ပေးပို့လျှောက်ထားရပါမည်။

 

၆။ ဝင်ခွင့်ရေးဖြေစာမေးပွဲစစ်ဆေးမည့်ရက်မှာ (၂၁--၂၀၁၉) ရက် (စနေနေ့) ဖြစ်ပါသည်။

 

၇။ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး) ()နှစ်သင်တန်းဝင်ခွင့် လျှောက်ထားသူများသည် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး) () နှစ်သင်တန်းဝင်ခွင့် စာမေးပွဲကြေးကျပ် (၁၀၀၀) တိတိကို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ()၊ မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ် ငွေစာရင်းအမှတ် MD-013136 သို့ပေးသွင်းရပါမည်။

 

Read More>>>>> အခြေခံကျောက်မျက် ပညာသင်တန်း သင်တန်းသားခေါ်ယူခြင်း

 

**မှတ်ချက်**

မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှ တစ်ဆင့်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ()၊ မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်ငွေစာရင်းအမှတ် MD-013136 သို့လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။

 

၈။ လျှောက်လွှာခေါ်ယူသည့် ကြေညာချက် အပြည့်အစုံနှင့်အသေးစိတ်အချက်အလက်များကို တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့လွန်စာမေးပွဲဌာနနှင့် မော်ကွန်းထိန်းရုံးခန်းများတွင် ဖုန်းနံပါတ် ၀၂-၄၀၇၅၆၉၂ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

(တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး))

 

Source: မြန်မာ့အလင်း

 

News Read 1019 times