Sales Hotline : 09448001653       Download App



မြန်မာကျောင်းသားများအတွက် ပေးအပ်မည့် ပညာသင်ဆု

မြန်မာကျောင်းသားများအတွက် ပေးအပ်မည့် ပညာသင်ဆု

Kaplan Myanmar University College – KMUC က မြန်မာကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲတန်ဖိုးရှိ ပညာသင်ဆုများပေးမည်။

KMUC က မြန်မာကျောင်းသားများအတွက် ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ တစ်သိန်းခွဲ တန်ဖိုးရှိ ပညာသင်ဆုများကို ၂၀၁၉ ပညာသင်နှစ်အတွက် ပေးမည်ဖြစ်ကြောင်း KMUC က ထုတ်ပြန်သည်။

KMUC တွင် တက်ရောက် ပညာသင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် ၁၀၀ ရာခိုင်နှုန်းမှစပြီး ၂၅ ရာခိုင်နှုန်းအထိ ပညာသင်ဆုများကို ဇန်နဝါရီလ ၁၉  ရက်မှ စတင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီပလိုမာတန်းများအတွက် ၁၀၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများအတွက် ပထမဆုံး စာမေးပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ပြီး မဟာတန်း ဝိဇ္ဇာဘွဲ့အတွက် ၂၅ ရာခိုင်နှုန်း ပညာ သင်ဆုနှင့် မဟာ တန်း သိပ္ပံဘွဲ့များအတွက် ၂၀ ရာခိုင်နှုန်းပညာသင်ဆုများအတွက်မူ ကိုယ်တိုင်းရေးလျှောက်လွှာနှင့် အွန်လိုင်းအင်တာဗျူး ဖြေဆိုရမည်ဖြစ်ကြောင်း KMUC မှ ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်လင်းက ပြောသည်။

ထို့ပြင် အဆင့်မြင့် ဒီပလိုမာများအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုများကိုမူ ဒီပလိုမာတန်းများမှ ထူးချွန် ကျောင်းသားများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

KMUC မှ ဒေါ်ခိုင်ခိုင်လင်း က “ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ ပညာရေးအဖွဲ့ အစည်းကြီး တစ်ခုဖြစ်တာ နဲ့အညီ ထူးချွန်တဲ့ မြန်မာကျောင်းသားတွေရဲ့ အနာဂတ်ကို အထူးတလည် ပံ့ပိုးပေးချင်ပါတယ်။

ဒီလိုပံ့ပိုးမှုကနေတဆင့် သူတို့ရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းအတွက် အကောင်း ဆုံး ဖြတ်သန်းခွင့်ကို ရရှိမှာဖြစ်ပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို အကောင်းဆုံး အကျိုးပြုနိုင်မယ်လို့လည်း ယုံကြည်ပါ တယ်”ဟု ပြောသည်။

KMUC တွင် အခြေခံဘာသာစကားသင်တန်းမှ စတင်ပြီး ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာ၊ ဘွဲ့ဒီဂရီ၊ ဂုဏ်ထူးတန်းနှင့် မဟာဘွဲ့စသည့် အဆင့်မြင့်ပညာရေး အစီအစဉ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာ၊ ကွန်ပျူတာနည်းပညာ၊ စသည့် ပညာရပ်များကို လေ့လာသင်ကြားနိုင်မည် ဖြစ်သည်။

KMUC သည် အကောင်းဆုံး သင်ကြား၊ သင်ယူမှုအတွေ့အကြုံများကို မျှဝေနိုင်ရန်အတွက် ရန်ကုန်မြို့တော်တွင် အဆင့်မြင့် ကိုးထပ်အဆောက်အဦးတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာအဆင့် တက္ကသိုလ် တစ်ခုဖြစ်သည်။

KMUC ၏ ကျောင်းဆောင်သည် ရန်ကုန်မြို့တော်တွင် လူစည်ကားပြီး အချက်အချာကျရာ မြို့နယ်တစ်ခု ဖြစ်သည့် ကမာရွတ် မြို့နယ် ပြည်လမ်း အနီးတွင် တည်ရှိပြီး  KMUC တည်ရှိရာ အနီးပတ်ဝန်းကျင်တွင်
ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ကျောင်းများရှိနေသည်။

Kaplan ပညာရေးအဖွဲ့အစည်းသည် နိုင်ငံတကာ ပညာရေးကို ပြည်တွင်းတွင်ပင် လက်လှမ်းမီသင်ယူနိုင်သည့် နည်းလမ်းကို အသုံးပြုကာ ကျောင်းသားတစ်ဦးချင်းဆီက ရွေးချယ်ထားသည့် ဘွဲ့ပညာရပ်များနှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိရှိ ယှဉ်ပြိုင်နိုင်စွမ်း၊ အလုပ်အကိုင်ရရှိမှုတို့ကို အာရုံစိုက်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်ပေါင်း များစွာ အောင်မြင်မှုရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

Kaplan Myanmar University College (KMUC) အကြောင်း

KMUC သည် ကမ္ဘာလုံးဆိုင်ရာ ပညာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Kaplan ကော်ပိုရေးရှင်း၏ ကျောင်းခွဲ တစ်ခုဖြစ်သည်။ Kaplan ကော်ပိုရေးရှင်းသည် The Washington Post ကုမ္ပဏီမှ ပြောင်းလဲ ထူထောင်ခဲ့သည့် Graham Holding ကုမ္ပဏီ၏ လက်အောက်ခံ ကော်ပိုရေးရှင်းကြီး တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာပညာရေးနယ်ပယ်တွင် ကနဦးတည်ထောင်ခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်သည့် KMUC တွင် တက္ကသိုလ်တက်ရောက်ရန် လိုအပ်သည့် အခြေခံ သင်တန်းနှင့် ဘာသာစကား သင်တန်းများမှ စတင်ပြီး အဆင့်မြင့်ဘွဲ့ဒီဂရီများ၊ မဟာဘွဲ့များအထိ သင်ယူနိုင်မည်ဖြစ်သည်။

KMUC ၏ ကျောင်းသားများအနေဖြင့် ၎င်းတို့၏ ပန်းတိုင်ရွေးချယ်မှုအလိုက် ဘာသာရပ်အသီးသီးနှင့် ပတ်သက်ပြီး အောင်မြင်စွာ အသက်မွေးဝမ်း ကျောင်း ပြုနိုင်ရုံမျှမက နိုင်ငံ တကာရှိ လုပ်ငန်းနယ်ပယ်အသီးသီးမှ လေးစားယုံကြည်မှုရှိနိုင်စေရန်အတွက် KMUC က ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိသည်။

Local Read 1417 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176