Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ပေးအပ်မည့် ပညာသင်ဆု

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ပေးအပ်မည့် ပညာသင်ဆု

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်နေသည့် အရာရှိလောင်း ဒီပလိုမာ သင်တန်းအမှတ်စဉ်(13) (CD 47 & CE 45) မှ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသော အရာရှိ လောင်းများသည် (၃၀.၁.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာနတွင် လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာလိုက်သည်။

၁။ ပညာသင်ထောက်ပံ့ကြေးဆုကို ပထမနှစ် သင်တန်းမှ (၂) ဦး ရွေးချယ်ခံစားခွင့်ပြုမည် ဖြစ်ပါသည်။

၂။ တစ်လလျှင်(၅၀၀၀ဝိ/-) နှုန်းဖြင့် လစဉ် ခံစားခွင့်ပြုမည်။

၃။ ကျောင်းစည်းကမ်းအရ အရေးယူခံရခြင်း၊ စာမေးပွဲကျရှုံးခြင်း၊ ပညာသင်ကာလ ပြီး ဆုံးအောင် မတက်ခြင်းများ ဖြစ်ပေါ်ပါက ပညာသင်ထောက်ပံ့ကြေးဆုကို ရပ်စဲမည်ဖြစ်သည်။

၎။ အခြားမည်သည့် အဖွဲ့အစည်း၏ ပညာသင်ထောက်ပံ့ကြေးကို ခံစားသူမဖြစ်ရ။

၅။ ရွေးချယ်ခံရသူများသည် ပညာသင်ရွေးချယ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် စည်းကမ်း လိုက်နာပါမည်ဟု ကတိ ဝန်ခံချက် လက်မှတ်ရေးထိုးရမည်။

မှတ်ချက် - သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

လျှောက်ထားသူများကိုအောက်ပါအစီအစဉ်အတိုင်း လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

လူတွေ့စစ်ဆေးမည့်အစီအစဉ်

နေ့ရက် ။ ၃၁-၁-၂၀၁၉(ကြာသပတေးနေ့)

အချိန် ။ နံနက် (၁၀း၀၀)နာရီ

နေရာ ။ အစည်းအဝေးခန်းမ

ဆက်သွယ်ရမည့်ဖုန်း - 01-539464၊ 01-539465

Local Read 1219 times