MHR Management Institute မှ နှစ်သစ်ပညာဒါန Free Programme

MHR Management Institute မှ နှစ်သစ်ပညာဒါန Free Programme

တက္ကသိုလ်ဝင်တန်း ဖြေဆို၊ ​အောင်မြင်ထားသော ကလေးများနှင့် IGCSE "O" level ပြီးထားသော ကလေးများအတွက် အကျိုးရှိစေပြီး လုံးဝလက်မလွှတ်သင့်သော 100 % Free Programme လေးတစ်ခုကို MHR မိသားစုမှ နှစ်သစ်ပညာဒါနအဖြစ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်...။

ဘာကြောင့်တက်ရောက်သင့်သလဲ❓

➡ တက္ကသိုလ်တက်ရောက်သည့်အခါ မိမိဝါသနာနှင့် ကိုက်ညီသော မှန်ကန်သည့် ဘာသာရပ် ရွေးချယ်မှုများ ပြုလုပ်နိုင်စေရန်၊

➡ မိမိဘဝလမ်းကြောင်းကို မှန်မှန်ကန်ကန်တစ်ဆင့်ချင်း ပုံဖော်တတ်စေရန်၊

➡ ဝါသနာပါရာလမ်းကြောင်းကို ရွေးချယ်ပြီးနောက် အလုပ်လုပ်သည့်အခါတွင်လည်း စည်းစနစ်ကျကျ တွေးခေါ်တတ်စေရန်၊

➡ လူမှုဆက်ဆံရေးနှင့် ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်လာစေနိုင်မှာ ဖြစ်လို့ အမြန်ဆုံးလာရောက် စာရင်းပေးသွင်းတက်ရောက်သင့်တဲ့ Programme ​လေးတစ်ခြုဖစ်ပါတယ်။

ဘယ်လိုထူးခြားမှုတွေရှိသေးသလဲ❓

➡သင်တန်းသားများထံမှ သင်တန်း​ ကြေးလုံးဝ​ပေးသွင်းစရာမလိုပဲ ​ပညာရေး နှင့် ဘဝသက်မွေးမှုဆိုင်ရာ အကြံပေးဆွေးနွေးမှုများကိုပါ ပြုလုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

ဘယ်သူတွေနဲ့ဆွေးနွေးမှုလုပ်မှာလဲ❓

➡ ဆရာ၊ ဆရာမများ နှင့် ​ကျောင်းသူ၊ ​ကျောင်းသားများ အတူ ဆွေးနွေးမှုများပြုလုပ်​ပေးသွားမည့်အပြင် ဆရာ၊ ဆရာမများနှင့် မိဘများပါ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

သင်ကြားမည့်အကြောင်းအရာများ

➡စီးပွားရေးနယ်ပယ်ထဲသို့ ဝင်ရောက်သည့်အခါ လူအမျိုးမျိုးနှင့် ပြောဆိုဆက်ဆံရာတွင် သိထားရမည့် ဆောင်ရန်၊ ​ရှောင်ရန်အချက်များ၊

➡လုပ်ငန်းခွင်တွင်မဖြစ်မနေအသုံးပြုရမည့် Business Letters ​ရေးနည်းများ၊

➡ထိရောက်သော အစီရင်ခံစာ ရေးနည်းများ၊

➡လုပ်ငန်းခွင်အသုံးချ အခြေခံ Business English ရေးနည်းများ၊

➡အလုပ်လျှောက်ရာတွင် အလွန်အရေးပါသည့် CV ​ရေးနည်းများ၊

➡Interview တခုတွင် ဆောင်ရန်၊ ​ရှောင်ရန်အချက်များ၊

➡မိမိကုမ္ပဏီ၏ ဝင်ငွေ၊ ထွက်ငွေ စာရင်းများကို အပိုအလိုမရှိ စာရင်းပြုစုနည်းများ၊

➡မည်သည့်လုပ်ငန်းအတွက်မဆို Marketing ၏အရေးပါပုံများ၊

➡လုပ်ငန်းခွင်ဝင်ေ​ရာက်သည့်အခါတွင်လည် ဝန်ထမ်းအချင်းချင်းသာမက အထက်အောက်ဆက်ဆံရေးများ အဆင်ပြေစေရန် လိုက်နာရမည့် နည်းလမ်းများ၊

➡ဝန်ထမ်းများအား အလုပ်ကြိုးစားချင်စိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊

➡ဝန်ထမ်းများ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ပြုလုပ်ရမည့်အချက်များ၊

➡ခေါင်းဆောင်ကောင်းတစ်ယောက်တွင်ရှိရမည့် အရည်အသွေးများ
စသည့် အကြောင်းအရာများကို သင်ကြားသွားမှာဖြစ်ပါတယ်။

သင်ကြားမည့်ကာလနှင့် တက်ရောက်ရမည့်အချိန်

➡ စတင်တက်ရောက်ရမည့်နေ့ - ၂၄.၄.၂၀၁၉

➡ သင်ကြားမည့်ကာလ - ၃ရက်

➡ တက်ရောက်ရမည့်အချိန် - မနက် ၉နာရီမှ ညနေ ၅နာရီအထိ

❗သင်တန်းကြေး - လုံးဝအခမဲ့ ပါနော် 

သင်တန်းကာလ၃ရက်စလုံးပြီးမြောက်အောင်တက်ပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်...

လူဦးရေကန့်သတ်ထားတာမို့ လက်မလွှတ်ရအောင် အမြန်ဆုံးလာရောက် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်...

အသေးစိတ်ထပ်မံသိရှိလိုပါက

၃၈လမ်းပလာဇာ (ပထမထပ်)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ☎ ဖုန်းနံပါတ် ၀၁ ၇၀၇၈၂၂၊ ၀၁ ၂၅၂၇၅၁၊ ၀၉ ၂၅၀၀၀၇၀၇၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

source: MHR

News Read 4024 times