Sales Hotline : 09448001653       Download App



MBA မဟာတန်းအတွက် ပညာသင်ဆုပေးအပ်မည့် Nanyang Institute of Management

MBA မဟာတန်းအတွက် ပညာသင်ဆုပေးအပ်မည့် Nanyang Institute of Management


 


 


 


 


 


 


 


 

Source: Internet

 

**Unicode**

 

Nanyang Institute of Management ရဲ့ MBA မဟာတန်းအတွက် ပညာသင်ဆု စင်ကာပူဒေါ်လာ (၆၅၀၀) ကိုပေးအပ်သွားမယ်လို့ သိရပါတယ်။


အဆိုပါပညာသင်ဆုကို ဘွဲ့ရပြီးသူမည်သူမဆို လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။ စီးပွားရေးလောကထဲ ခြေလှမ်းစလိုသူများ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ရန်စီစဉ်နေသူများ၊ စီးပွားရေးနယ်ပယ်တွင် နည်းစနစ်မှန်ကန်စွာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လိုသူများအတွက် ကျွမ်းကျင်အဆင့်ရောက်သည်အထိ လေ့ကျင့်သင်ကြားပေးသည့် MBA Program မှာ သင်ကြားရေးသီးသန့်မဟုတ်ပဲ လက်တွေ့အသုံးချသူများအတွက် Professional ဘွဲ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။


University of The West Of Scotland (UK) မှ ပေးအပ်တဲ့ မဟာဘွဲ့ဒီဂရီကို ပေးအပ်သွားမှာဖြစ်ပြီး တက်ရောက်မည့် သူများအနေဖြင့် ပညာသင်ဆု SGD 650 (မြန်မာငွေ ပျမ်းမျှသိန်း (၇၀) ခန့်) ကို နိုဝင်ဘာလကျောင်းဖွင့်ချိန်အတွက် စင်ကာပူနိုင်ငံ၏ Private Education Institute တစ်ခုဖြစ်သော Nanyang Institute of Singapore (NIM) မှ ပေးအပ်သွားမည်ဖြစ်ပါတယ်။


Food Technology (13) အစားအသောက် နည်းပညာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


မြန်မာနိုင်ငံ၏ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်များမှ ဘွဲ့ရပြီးသူများ (မည်သည့်ဘွဲ့မဆို)၊ နိုင်ငံခြားကျောင်းများမှ ဘွဲ့ရပြီးသူများနဲ့ စီးပွားရေးနှင့်ဆက်နွယ်တဲ့လုပ်ငန်းအတွေ့အကြုံရှိသူတွေအနေနဲ့ အောက်တိုဘာ (၁၀)ရက်နောက်ဆုံးထားသော MSI (ရန်ကုန်)နဲ့ MSI (မန္တလေး) ရုံးခန်းနှစ်ခုစလုံးမှာ လာရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်ထားတဲ့ရက်အတွင်း လာရောက်ကျောင်းလျှောက်သူတွေကို MSI မှ ကျန်းမာရေးဆေးစစ်မှု အခမဲ့ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


Read More:>>> လာမည့်နှစ်တွင်အဝေးသင်တက္ကသိုလ် အနီးကပ်နှစ်ကြိမ်စတင်တက်ရောက်ရတော့မည်


MBA Program တွင် Integration of Business Functions, Leading Change, Business Creativity, New Venture Creation, Analytical Thinking and Decision Making, Managing Organizational Strategy, Creativity and Business Wealthy, Strategic Business Project ဘာသာရပ်တွေကို သင်ကြားပေးသွားမည်ဖြစ်ပါတယ်။


ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် MSI ပညာရေးဝန်ဆောင်မှုရန်ကုန်ရုံး၊ ဖုန်းနံပါတ် ၀၁-၃၈၁၄၀၈၊ ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၂၀၀၃၇၆၁၆ နှင့် မန္တလေးရုံးခန်း ဖုန်းနံပါတ် ၀၉-၄၀၅၁၇၅၄၉ ကိုဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါတယ်။

 

Source: Internet

 

Local Read 940 times